မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်နိုင်ငံမှ တဆင့် တောင်ကိုရီးယားနိုင်သို့ ချစ်ကြည်ရေး ခရီးဆက်လက်သွားရောက်ကြောင်းသိရသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဂျပန်နိုင်ငံ ခရီးစဉ်၌ ဗမာ့တပ်မတော်ထူထောင်ရာတွင် အကူအညီပေးခဲ့သူ ဗိုလ်မှူးကြီး ဆူဇူကီး(ဗိုလ်မိုးကြိုး)၏ နေအိမ်သို့ သွားရောက်ခဲ့သည့်အပြင်၊ ဗိုလ်မှူးကြီး ဆူဇူကီး၏ အုတ်ဂူကို သွားရောက် ဂါရ၀ ပြုခဲ့သည်။ ဗိုလ်မှူးကြီး ဆူဇူကီး၏ နေအိမ်၌ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ရန်အောင်(သခင်လှမြိုင်)တို့ တည်းခိုခဲ့သည့်အတွက် မြန်မာသမိုင်းတွင် အရေးပါသောနေရာတခုဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။