• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရားဥပဒေ စိုးမိုးရေး စင်တာများ မန္တလေးနှင့် လားရှိုးတွင် ရှေ့ပြေး ဖွင့်လှစ်မည်

by ထက်နိုင်ဇော်
30 September 2014
in သတင်း
A A
တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ, တရားဥပဒေ စိုးမိုးမှု စင်တာများ

ယခုနှစ်အတွင်း ကျင်းပခဲ့သည့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ ပုံမှန်အစည်းအဝေး တခု ( ဓာတ်ပုံ - တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ)

2.1k
VIEWS
Share on FacebookShare on Twitter

ဒေါ်အောင်ဆန်း စုကြည် ဥက္ကဌ တာဝန် ယူထားသည့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီက နိုင်ငံအတွင်း တရားဥပဒေ စိုးမိုးမှု စင်တာများကို လာမည့် နိုဝင်ဘာလမှ စတင်ပြီး ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သိရသည်။

တရား ဥပဒေ စိုးမိုးရေး စင်တာများကို ပိုင်းလော့ ပရောဂျက် (ရှေ့ပြေး ဆောင်ရွက်မှု) အနေဖြင့် မန္တလေးမြို့နှင့် လားရှိုးမြို့တို့တွင် ပထမဆုံး ဖွင့်လှစ်မည် ဖြစ်သည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
19
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
50
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
249

မူလက တရားဥပဒေ စိုးမိုးရေး စင်တာများ ဖွင့်လှစ်ရာတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ် အဖွဲ့ဝင်များကို စေလွှတ်ပေးမည်ဟု ပြည်ထောင်စု အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ပြောဆိုထားသော်လည်း နောက်ပိုင်းတွင် မူလသဘောထားနှင့် ကွဲလွဲပြီး ပြန်လည် အကြောင်းကြားလာသည်ဟု သိရသည်။

အစိုးရထံတွင် တရားသူကြီး ၁၂၀၀ သာ ရှိသဖြင့် သင်တန်းသို့ လွှတ်ရန် အခက်အခဲများရှိခြင်း၊ အထက်က တရားဝင် ခွင့်ပြုချက် မရခြင်း၊ အမှုများက များပြားနေသဖြင့် အမှုများ စီရင်ရာတွင် ပြဿနာများ ရှိလာနိုင်ခြင်း၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တို့အား သင်တန်းသို့ စေလွှတ်ရန် တရားဝင် ခွင့်ပြုချက် လိုအပ်ခြင်းတို့ကြောင့် တရားဥပဒေ စိုးမိုးရေးစင်တာများသို့ မစေလွှတ်နိုင်ခြင်း ဖြစ်ကြောင်း အစိုးရက အကြောင်းပြန်သည်ဟု ဆိုသည်။

ထိုစင်တာများကို မူလက စက်တင်ဘာလ အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်ထားသော်လည်း အစိုးရ၏ ပူးပေါင်း ဆောင်ရွက်မှု မရှိခြင်းကြောင့် ယခုအခါ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) နှင့် အလှူရှင် နိုင်ငံများ ညှိနှိုင်းဆောင်ရွက်ပြီး နိုဝင်ဘာလ အတွင်း ဖွင့်လှစ် ရန် စီစဉ်ရခြင်း ဖြစ်သည်ဟု တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ယင်း ကော် မတီ ၏ နှစ်ပတ်လည် အစီရင်ခံစာအား စက်တင်ဘာ ၂၉ ရက်က လွှတ်တော်သို့ တင်သွင်းစဉ် ထည့်သွင်း ပြောဆိုခဲ့သည်။

ဦးဝင်းမြင့်က“တရားဥပဒေ စိုးမိုးရေး စင်တာ၏ အုပ်ချုပ်ရေး အပိုင်းအား မည်သည့် အဖွဲ့အစည်း လက်အောက်တွင်မျှ မထားရန်တို့ကို ဆွေးနွေးခဲ့ကြပါသည်”ဟုလည်း လွှတ်တော်တွင် ထည့်သွင်း ဖတ်ကြားခဲ့သည်။

သို့သော် တရားဥပဒေ စိုးမိုးရေး စင်တာ ဖွင့်လှစ်နိုင်ရေးအတွက် ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးက တရားဥပဒေ စိုးမိုးရေး ဌာနများ တည်ထောင်မည့် ညှိနှိုင်းရေး ကော်မတီ ဖွဲ့စည်းရေးတွင် နိုင်ငံ့ဝန်ထမ်းများ မပါဝင်စေဘဲ လွှတ်တော် အစီအစဉ်ဖြင့်သာ ဆောင်ရွက် သင့်ကြောင်း၊ တရားဥပဒေ စိုးမိုးရေး ကိစ္စများနှင့် ပတ်သက်၍ ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်ပါက ပြည်ထဲရေး ဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးမည်ဟု အကြောင်းပြန်ခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ဦးဝင်းမြင့်က “တရားဥပဒေ စိုးမိုးရေး ကိစ္စသည် ဥပဒေပြုရေး ၊ အုပ်ချုပ်ရေး ၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး ၃ ရပ် စလုံးနှင့် သက်ဆိုင်သည့် အတွက် အားလုံး ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရသည့် ကိစ္စ ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံတွင်လည်း အပြန်အလှန် ထိန်းကျောင်းရန်သာ ပြောဆိုထားပြီး ပူးပေါင်း ဆောင်ရွက်ခြင်း မပြုရဟု ကန့်သတ် မထားကြောင်း၊ တရားရုံးများနှင့် ပတ်သက်၍ စောင့်ကြည့်နိုင်သော သီးခြား လွတ်လပ်သည့် အဖွဲ့အစည်းများ ရှိသင့်ကြောင်း အကြံပြုပါသည်”ဟု လွှတ်တော်သို့ တင်ပြ ခဲ့သည်။

တရား ဥပဒေ စိုးမိုးရေးစင်တာ တည်ထောင်ရေး ကော်မတီ ဖွဲ့စည်းနိုင်ရေး အတွက် ပြည်ထောင်စု လွှတ်တော် နာယက ဦးစီးပြီး ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များ ၊ လွှတ်တော် ကော်မတီ/ ကော်မရှင်များနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်တို့ ပါဝင်သည့် အစည်းအဝေးကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်းက ပြုလုပ်ခဲ့သည်။

တရားဥပဒေ စိုးမိုးရေး စင်တာများ အတွက် ပိုင်းလော့ ပရောဂျက် ဖွင့်လှစ်ရန် သင်တန်းများ ဖွင့်လှစ်ခြင်း ၊ ထိုသင်တန်းများသို့ တရားသူကြီး၊ ရှေ့နေနှင့် အုပ်ချုပ်ရေး ပိုင်းတာဝန်ရှိသူများ တက်ရောက်ရန် မူလက စီစဉ်ထားသော်လည်း အစိုးရက မတက်ရောက်နိုင်ဟု အကြောင်းပြန်ခဲ့ကြောင်း ဦးဝင်းမြင့်က ပြောဆိုသည်။

တရားဥပဒေ စိုးမိုးရေး စင်တာများတွင် ပူးပေါင်းပါဝင်မှုနှင့် ပတ်သက်ပြီး အစိုးရက အားနည်းနေသည့် အပေါ် နိုင်ငံတော် သမ္မတရုံးသို့ မေးမြန်းရန် ဧရာဝတီက ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

Your Thoughts …
Tags: Rule of Law
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.2k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

by ဧရာဝတီ
28 August 2014
18.1k

မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

by မေစစ်ပိုင်
1 February 2016
16.1k

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

by မေစစ်ပိုင်
21 January 2016
42.4k

ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

ခွန်ဆာ

ကျားထောင်ချောက်နဲ့ ခွန်ဆာ

by အောင်မြို့
4 June 2016
19.1k

၁၉၉၆ မှာတော့ အမေရိကန်တွေကို အံ့အားသင့်စေတဲ့ အကွက်ရွှေ့မှုအဖြစ် မြန်မာ န၀တ အစိုးရဆီမှာ လက်နက်အပ်ပြီး ခွန်ဆာနဲ့ သူ့ဇနီးတွေ၊ သားသမီးတွေက ရန်ကုန်မှာ အစိုးရရဲ့ အစောင့်အရှောက်နဲ့ နေလိုက်ကြပါတော့တယ်။

Next Post
သီလဝါ, နိုင်ငံတကာ ကုမ္ပဏီ, MTSH

သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် ကုမ္ပဏီ ၂၁ ခု လက်မှတ်ထိုး

ADB, ကြွေးမြီ, ချေးငွေ

ADB က မြန်မာကို ချေးငွေ ဒေါ်လာသန်း ၅၆၀ ပေးထား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate