ဧရာဝတီ သတင်းဌာနကို တည်ထောင်သူ အယ်ဒီတာချုပ် ဦးအောင်ဇော်ကို အမေရိကန်နိုင်ငံ နယူးယောက် အခြေစိုက် သတင်း သမားများ အကာ အကွယ် ပေးရေး ကော်မတီ (CPJ) က ယခုနှစ် အတွက် “ နိုင်ငံတကာ သတင်း လွတ်လပ်ခွင့်ဆု” ပေးအပ် လိုက်ပါတယ်။ ယမန်နေ့က ထုတ်ပြန်ခဲ့တဲ့ CPJ ရဲ့ ကြေညာချက်မှာ နှစ်စဉ် ချီးမြှင့်တဲ့ “ နိုင်ငံတကာ သတင်း လွတ်လပ်ခွင့်ဆု” ကို ဦးအောင်ဇော် နှင့် အတူ အီရန်က သတင်းထောက် ဆီယာမတ် ဂါဒီရီ၊ တောင်အာဖရိကနိုင်ငံက စီးတီးပရက်စ် အယ်ဒီတာချုပ် ဖီရီရယ် ဟက်ဖ်ဖာဂျီ၊ ရုရှားနိုင်ငံ Dozhd TV ရုပ်မြင်သံကြား သတင်းဌာန အယ်ဒီတာ မီခေးလ်ဇိုင်ဂါ တို့လည်း ဆုရရှိကြောင်း ဖော်ပြထားပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။