• English
Saturday, June 21, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

“နိုင်ငံတကာ သတင်း လွတ်လပ်ခွင့်” ဆု ဧရာဝတီ အယ်ဒီတာချုပ် ဦးအောင်ဇော် ချီးမြှင့်ခံရ

by လင်းသန့်
1 October 2014
in သတင်း
A A
CPJ, အောင်ဇော်, ဧရာဝတီ, သတင်းလွတ်လပ်ခွင့်

ဧရာဝတီ သတင်းဌာန တည်ထောင်သူ အယ်ဒီတာချုပ် ဦးအောင်ဇော် (ဓာတ်ပုံ - ဧရာဝတီ)

12.7k
VIEWS
Share on FacebookShare on Twitter

အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေစိုက် သတင်းသမားများ အကာအကွယ်ပေးရေး ကော်မတီ (CPJ)က ဧရာဝတီ သတင်းဌာန တည်ထောင်သူ အယ်ဒီတာချုပ်  ဦးအောင်ဇော်အား ယခုနှစ်အတွက် နိုင်ငံတကာ သတင်းလွတ် လပ်ခွင့်ဆုကို  ပေးအပ်ကြောင်း ယမန်နေ့က ကြေညာချက်ထုတ်ပြန်သည်။

ကြေညာချက်တွင် ကမ္ဘာတဝန်း သတင်းလွတ်လပ်မှုအတွက် အကာအကွယ်ပေး ရေးလုပ်ငန်းများကို လုပ်ကိုင်နေ သည့် လွတ်လပ်၍ ငွေကြေးအကျိုးအမြတ် အတွက် ဖွဲ့စည်းထားခြင်း မဟုတ်သော CPJ က နိုင်ငံတကာ သတင်းလွတ် လပ်ခွင့် ဆုကို နှစ်စဉ် ချီးမြင့်လာရာ ၂၄ ကြိမ်မြောက် ပြီဖြစ်ပြီး၊ ယခုနှစ် ၂၀၁၄ ခုနှစ်အတွက် သတင်း လွတ်လပ်ခွင့်ဆု များ“ 2014 International Press Freedom Award” ဆုများကို ဧရာဝတီ အယ်ဒီတာချုပ် ဦးအောင်ဇော် အပါအဝင် သတင်းသမား ၄ ဦးအား ချီးမြှင့်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

RelatedPosts

မဲဆောက်မှာ လျှပ်စစ်ဆိုင်ကယ်နဲ့ သုံးဘီးတွေကို ဆက်တိုက်ဖမ်းနေ (ရုပ်/သံ)

မဲဆောက်မှာ လျှပ်စစ်ဆိုင်ကယ်နဲ့ သုံးဘီးတွေကို ဆက်တိုက်ဖမ်းနေ (ရုပ်/သံ)

21 June 2025
0
Jurassic World Rebirth ရုပ်ရှင် ရိုက်ကူးရေးက ထိုင်းစီးပွားရေးကို အကျိုးဖြစ်စေမယ်လို့ ဆို

Jurassic World Rebirth ရုပ်ရှင် ရိုက်ကူးရေးက ထိုင်းစီးပွားရေးကို အကျိုးဖြစ်စေမယ်လို့ ဆို

21 June 2025
189
အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

21 June 2025
617

ဆုရရှိသူများမှာ ဧရာဝတီ အယ်ဒီတာချုပ် ဦးအောင်ဇော်၊ အီရန်နိုင်ငံမှ  အလွတ် သတင်းထောက် ( ယခင် အီရန် အစ္စလမ်မစ် သတင်း အေဂျင်စီ IRNA အယ်ဒီတာဟောင်း) ဆီယမ်မတ်ခ် ဂါဒီရီ ( Siamak Ghaderi)၊  တောင်အာဖရိကနိုင်ငံက စီးတီး ပရက်စ် အယ်ဒီတာချုပ် မစ္စတာ ဖာရီယယ် ဟာဖာဂျီး(Ferial Haffajee) နှင့် ရုရှား နိုင်ငံက Russian independent TV channel Dozhd အယ်ဒီတာချုပ် မီခေးလ် ဇိုင်ဂါ ( Mikhail Zygar ) တို့ဖြစ်သည်။

နိုင်ငံတကာသတင်းလွတ်လပ်ခွင့် ဆုရရှိခြင်းနှင့်ပတ်သက်၍ ဧရာဝတီ အယ်ဒီတာချုပ် ဦးအောင်ဇော်က “ဒီဆုက  ကျနော့်အတွက် မဟုတ်ပါဘူး။ တကယ်တော့ ဒီဆုဟာ သတင်းလွတ်လပ်ခွင့်ကို ကာကွယ်ဖို့ ယုံကြည်ကြတဲ့ သတင်းသမားတွေနဲ့ သတင်းလွတ်လပ်ခွင့်ကို ကာကွယ်နေသူတွေအတွက် ဖြစ်တယ်လို့ ခံယူတယ်” ဟု ဆိုသည်။

ဦးအောင်ဇော်သည် ၂၀၁၀ ပြည့်နှစ်တွင် သတင်းလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီရေးအတွက် တက်ကြွစွာ ဆောင်ရွက် လှုပ်ရှားသူအဖြစ် နယ်သာလန်အခြေစိုက် Prince Claus Fund ၏ Prince Claus Award ကို ချီးမြှင့်ခံရပြီး၊
၂၀၁၃ ခုနှစ်ကလည်း Stanford University ၏ Walter H. Shorenstein Asia-Pacific Research Center (Shorenstein APARC) မှ ချီးမြှင့်သည့် Shorenstein Journalism Award ဆုကို ရရှိခဲ့သေးသည်။

စစ်အစိုးရလက်ထက်က နိုင်ငံတော်ရန်သူအဖြစ်သတ်မှတ်ခံခဲ့ရသည့် ဧရာဝတီသတင်းဌာနသည် အစိုးရသစ် လက်ထက်မှာလည်း ဖိအား ပေးမှုများ ခံနေရဆဲဖြစ်ပြီး၊ သတင်းလွတ်လပ်ခွင့် ကိစ္စတွင် အရေးပါသည့် သတင်းဌာန တခု အဖြစ် CPJ ကြေညာချက်က ပြောဆိုထားသည်။

ဧရာဝတီသတင်းဌာန၏ ဝေဖန်ရေးသား တင်ပြမှုများကြောင့် ဧရာဝတီ အင်တာနက် ဝက်ဆိုက်စာမျက်နှာများသည် ပစ် မှတ် တခု အဖြစ်လည်း ဆိုက်ဘာ တိုက်ခိုက်မှုများ မကြာ ခဏခံခဲ့ရသည်။

ဦးအောင်ဇော်အား ယခုကဲ့သို့  CPJ ရဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် ဆုရှင်အဖြစ် ရွေးချယ်ရခြင်းသည် စစ် အစိုးရ လက်ထက်ကတည်းက ဧရာဝတီသတင်းဌာနက နှစ်ပေါင်းများစွာ သတင်းမီဒီယာတာဝန်ကျေပွန်စွာ ဝေဖန် ပြောဆို ရေး သားနေခဲ့၍ ဖြစ်ကြောင်း CPJ တာဝန်ရှိသူ တဦးက ပြောထားသည်။

CPJ အမှုဆောင် ဒါရိုင်တာ Joel Simon က စိုးရိမ်ဖွယ် မှတ်တမ်းများရှိသည့် အကြမ်းဖက်မှုများနှင့် ဖိနှိပ်မှုများအပေါ် သတင်းသမားများသည့် ကြံ့ကြံ့ခံရင်ဆိုင်နေရကြရကြောင်း ဆိုသည်။

“အခက်အခဲ၊ အန္တရာယ်တွေကို မမှုပဲ ကြံ့ကြံ့ခံပြီး မလျှော့သော ဇွဲလုံ့လဖြင့် ကျနော်တို့ဆီ သတင်းတွေသယ်ဆောင်ပေး ဖို့ စွန့်လွှတ်စွန့်စားကြတဲ့ သတင်းသမားတွေကို CPJ  နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် ဆုဖြင့် ဂုဏ်ပြုသွား မှာ ဖြစ်တယ်” ဟု CPJ အမှုဆောင် ဒါရိုက်တာ ဂျိုးဆိုင်မွန် က ကြေညာချက်တွင် ပြောဆိုထားသည်။

ယခုနှစ်အတွက် 2014 CPJ International Press Freedom Award ဆုရကြသူများအား ဂုဏ်ပြုမည့် အခမ်းအနားကို လာမည့် နိုဝင်ဘာလ ၂၅ ရက် နေ့တွင် နယူးယောက်မြို့ The Grand Ballroom ခန်းမ၌ ညစာစားပွဲနှင့် အတူ ကျင်းပ မည် ဖြစ်ကြောင်း သိရသည်။

CPJ သတင်းသမားများ ကာကွယ်ရေးအဖွဲ့ကို ၁၉၈၁ ခုနှစ်က အမေရိကန်အခြေစိုက် သတင်းထောက်များ  အဖွဲ့တခု စတင်တည်ထောင်ခဲ့သည်။ ထို့နောက် ဖိနှိပ်ခံ၊ အန္တရာယ်များအောက်တွင် အလုပ်လုပ်ကိုင်နေကြသော ကမ္ဘာတလွှားမှ သတင်းထောက်များအား အကာအကွယ်ပေးရေးအတွက် ၁၉၈၂ ခုနှစ်တွင် ပထမဆုံး မစ်ရှင်တခုကို စတင်ခဲ့သည်။

လွတ်လပ်သည့် လူ့အဖွဲ့အစည်းဖြစ်ပေါ်စေရေး ရည်ရွယ်ချက်ဖြင့် နောက်ပိုင်းတွင် သတင်းလွတ်လပ်ခွင့်အတွက် ကြိုး စားလုပ်ဆောင်ကြသည့် သတင်းသမားများအား နှစ်စဉ် သတင်းလွတ်လပ်ခွင့်ဆုကို ချီးမြှင့်လျှက် ရှိသည်။

Your Thoughts …
Tags: MediaPress Freedom
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

ငရဲခွေးကြီး လွတ်နေပြီ၊ ဗော်လ်တဲယား နှင့် သတင်းစာဆရာ ကိုအောင်ဆန်း

ငရဲခွေးကြီး လွတ်နေပြီ၊ ဗော်လ်တဲယား နှင့် သတင်းစာဆရာ ကိုအောင်ဆန်း

by နိုင်မောင်
20 January 2015
14.2k

ကိုအောင်ဆန်းသည် ကျောင်းထုတ်ခံ၍ အယ်ဒီတာ တယောက်၊ သတင်းစာ ဆရာ တယောက် လိုက်နာအပ်သော ကျင့်ဝတ် စည်းကမ်း(The Code of Press Ethics)ကို ကျင့်သုံးသွားခြင်းပင် ဖြစ်သည်။

အမေရိကန် အကူအညီရပ်ဆိုင်းမှု လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ထိခိုက် (ရုပ်/သံ)

အမေရိကန် အကူအညီရပ်ဆိုင်းမှု လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ထိခိုက် (ရုပ်/သံ)

by ဧရာဝတီ
31 January 2025
124

အမေရိကန်အစိုးရက နိုင်ငံတကာကို အကူအညီပေးနေတဲ့ အစီအစဉ်တွေ ဆိုင်းငံ့လိုက်တဲ့အတွက် လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေအပေါ် သက်ရောက်မှုရှိခဲ့ပါတယ်။ သတင်းမီဒီယာ တချို့ဟာ သတင်းထုတ်လုပ်ရေးနဲ့ သတင်းဌာန ရပ်တည်ရေးတွေအတွက်ပါ စိန်ခေါ်မှုတွေကြုံနေကြရပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး မီဒီယာတွေကို ထိုင်း သတိပေး

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး မီဒီယာတွေကို ထိုင်း သတိပေး

by ရန်ပိုင်
15 July 2013
11.2k

ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ထိုင်း ဒု ကာကွယ်ရေး ၀န်ကြီး Yutthasak Sasiprapa တို့ ဟောင်ကောင်မှာ တိတ်တဆိတ် တွေ့ဆုံစဉ် ပြောဆိုခဲ့တဲ့ အသံဖိုင်ဟာ လူမှုကွန်ရက် Facebook ကနေတဆင့် ပျံ့နှံ့ခဲ့တာပါ။

အစိုးရ သတင်းစာ, ကြော်ငြာခ, ပုဂ္ဂလိက စာနယ်ဇင်း

အစိုးရ သတင်းစာများ ကြော်ငြာနှုန်း လျှော့ချမှု ပုဂ္ဂလိကဈေးကွက် ထိခိုက်နိုင်ဟု ဆို

by ဇူးဇူး
23 January 2015
2k

လက်ရှိ ပုဂ္ဂလိက သတင်းစာတွေရဲ့ လည်ပတ်မှုနှုန်းက ဘာကိုမှီခိုပြီး သွားရမလဲ ဆိုတော့ ကြော်ငြာကိုပဲ မှီခိုပြီး သွားရမယ်။ ကြော်ငြာရရင် အရှုံး သက်သာမယ်၊ မရှုံးဘူး။ ကြော်ငြာ မရဘူး ဆိုရင်တော့ ရှုံးမယ်၊ ရေရှည်မှာ ရပ်တည်ဖို့...

ဘရူနိုင်းဘုရင်ရဲ့ အတွင်းရေး ဩစတြေးလျ မီဒီယာ ဖွင့်ချ

ဘရူနိုင်းဘုရင်ရဲ့ အတွင်းရေး ဩစတြေးလျ မီဒီယာ ဖွင့်ချ

by ဧရာဝတီ
27 April 2015
28.2k

သြစတြေးလျရုပ်သံလိုင်းတခု ဖြစ်သည့် Nine Network ၏ “မိနစ် ၆၀ (60 Minuites)” အစီအစဉ်က သူ၏ အသုံးအဖြုံး ကြီးမားမှုကို ဖွင့်ချခဲ့သည်။

စာရေးဆရာ မင်းလူ ကွယ်လွန်

စာရေးဆရာ မင်းလူ ကွယ်လွန်

by စနေလင်း
15 August 2013
5.5k

ကဗျာကြောင့် လူ ၁ ထောင်ကျော် အဖမ်းခံ လိုက်ရသော လူဖမ်းပွဲကြီးတွင် မိမိနှင့်အတူ ဆရာ မင်းလူ၊ ကိုစိုးနိုင်တို့က ထောင် ၇ နှစ် ချခံလိုက်ကြ ရကြောင်း၊ စစ်ကြောရေး တွင်လည်း မိမိတို့က သူမရေးကြောင်း...

Next Post
ထိုင်းခရီးသွား လုပ်ငန်းနှင့် ဖူးခက် ကမ်းခြေမှ ပြည့်တန်ဆာများ

ထိုင်းခရီးသွား လုပ်ငန်းနှင့် ဖူးခက် ကမ်းခြေမှ ပြည့်တန်ဆာများ

ပညာရေး, စာကြည့်တိုက်, ဒေါ်ခင်ကြည် နယ်လှည့်စာကြည့်တိုက်, အင်တာဗျူး

မြန်မာ နိုင်ငံမှာက ပညာရေးရဲ့ တန်ဖိုးကို သိပ်အလေး ထားတတ် ကြပါတယ်

No Result
View All Result

Recommended

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

1 week ago
26.9k
တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

5 days ago
4.6k

Most Read

  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate