• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

ကျနော်တို့ကို ဥပဒေ အရ ကာကွယ်ပေးပါ

by ဧရာဝတီ
6 October 2014
in Crime
A A
လိပ်ကျွန်း, ကော့စမွေ, DNA,

လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ အဖမ်းအဆီး ခံထားရသည့် မြန်မာနှစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ - BBC / Thai)

27k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံ စူရက်ဌာနီ ခရိုင်အတွင်းရှိ လိပ်ကျွန်းခေါ် ( Koh Tao ကျွန်းမှာ ) ဗြိတိန်နိုင်ငံသား စုံတွဲ အသတ်ခံ ရမှုနဲ့ ပတ်သက် တဲ့ သတင်းဟာ ကမ္ဘာကျော် သတင်းတပုဒ်ဖြစ်နေပါတယ်။ ဒီဖြစ်စဉ်မှာ ထိုင်းရဲတွေက မြန်မာ နိုင်ငံသား ရခိုင်တိုင်းရင်းသား လူငယ်လေးနှစ်ဦးကို လူသတ်တရားခံအဖြစ် ထုတ်ပြန် လိုက်တဲ့ အပေါ် ဗြိတိန်နိုင်ငံသားတွေ၊ မြန်မာနိုင်ငံသားတွေ သာမကဘဲ ထိုင်းနိုင်ငံသား အများစု ကပါ ထိုင်းရဲတွေရဲ့ လုပ်ဆောင်ချက်ဟာ အပြစ်မရှိတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေကို လူစားထိုး လိုက်တယ်ဆိုပြီး အယုံအကြည် ကင်းမဲ့တဲ့ ဝေဖန်မှုတွေကလည်း ပိုမိုကျယ်ပြန့်လာနေပါတယ်။ ဒါကြောင့် မြန်မာအစိုးရ ဘက်ကလည်း လှုပ်ရှားမှုတွေရှိလာပြီး ဒီအမှုကို လိုက်ပါ စုံစမ်းဖို့ မြန်မာသံရုံး ကောင် စစ် အရာရှိ ဦးထွန်းအေး ခေါင်းဆောင်တဲ့ အဖွဲ့နဲ့ အတူ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သား များ စောင့်ရှောက် ရေး ကော်မတီ က တာဝန်ရှိသူတွေ၊ ရှေ့နေတွေ အပါအဝင် စုစုပေါင်း ၉ ဦး က အဖမ်းခံ ထားရတဲ့ မြန်မာနိုင် ငံသားတွေနဲ့ သွားရောက် တွေ့ဆုံနေကြပါတယ်။ အဲဒီအဖွဲ့ဟာ ဒီကနေ့ အောက်တိုဘာ ၆ ရက်၊ ပထမနေ့မှာ ထိုင်းရဲတပ်ဖွဲ့တွေက သံသယ တရားခံ အဖြစ် ထုတ်ဖော် ပြ သထားတဲ့ လူငယ်နှစ်ဦးနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံ မေးမြန်းခွင့် ရရှိခဲ့ပါတယ်။ ဒါကြောင့် ဒီအဖွဲ့မှာ ကိုယ်တိုင်တွေ့ဆုံ မေးမြန်းခွင့် ရရှိခဲ့တဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ စောင့်ရှောက်ရေး ကော်မတီ အဖွဲ့က ရှေ့နေ ဦးအောင်မျိုး သန့် ကို ဧရာဝတီ သတင်းထောက် ကျော်ခ က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။     ။ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး တရားခံလို့ စွပ်စွဲခံထားရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားလေးတွေနဲ့ တိုက်ရိုက် တွေ့ဆုံမေးမြန်ခွင့် ရရှိခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘာတွေသိခဲ့ရလည်း ဆိုတာ ရှင်းပြပေးပါဦး။

RelatedPosts

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
550
နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
293
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
4.7k

ဖြေ။     ။ ဟုတ်ကဲ့ ဒီနေ့တော့ ကော့စမွေမှာ ရှိတဲ့ အကျဉ်းဦးစီးဌာနကိုရောက်ခဲ့ပါတယ်။ သွားပြီးတော့ သက်ဆိုင်ရာတွေကို တင်ပြပြီးတော့ ကျနော်တို့ ၁၀ နာရီ ၅ မိနစ်မှာရောက်ခဲ့ပြီးတော့ ၁၀ နာရီ ၃၅ မိနစ်မှာ ကလေးနှစ်ယောက်နဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ တွေ့ခွင့်ရခဲ့တဲ့အခါ ကလေးတွေရဲ့ ပြောဆိုချက်တွေဟာ ကွဲလွဲချက် တွေရှိနေတယ်ဆိုတာကို ကျနော်တို့ တွေ့ခဲ့ရပါတယ်။

ကလေးတွေရဲ့ အနေအထားကို ကြည့်ရတာလည်း တခါကြည့်တိုင်း အားငယ်သလိုလို တခါကြတော့လည်း မထူးတော့တဲ့ ပုံစံမျိုးကို ကျနော်တို့တွေ့ရပါတယ်။ တွေ့တော့ သူတို့ရဲ့ အချက်အလက်တွေကို ကျနော်တို့ မေးတဲ့ အခါမှာ ကျနော် အချက် ၄ ချက်တွေ့ပါတယ်။

တစ် အချက်က ကျနော်ကိုယ်တိုင် အရင်သတင်းတွေထွက်ကတည်းက ကန့်ကွက်ခဲ့ဖူးပါတယ်။ ဆူရတ်ဌာနီ ရဲစခန်းမှာ ဇော်ဝင်းထွန်း ကနေပြီးတော့ မှန်တယ်ဆိုပြီး ဝန်ခံလိုက်တဲ့ သတင်းပါ။ ဒီသတင်းကို ကျနော်က ကန့်ကွက်တယ်ဆိုတာဟာလည်း အခုအချိန်မှာ ကလေးကိုယ်တိုင်က ပြောပါတယ်။ စခန်းထဲမှာ ဖြေတုန်းက အရင်က ဝန်မခံပါဘူး။ ပထမရဲက သူ့ကို နားရင်း တချက်ရိုက်ပါတယ်။ နောက်တခါ ဘာသာပြန်က ၄ ချက်ဆက်ရိုက်ပါတယ်။ ပြီးတော့ လျပ်စစ်ဓာတ်နဲ့ တို့မယ်လို့ ပြောပါတယ်။ ဝန်ခံလို့ရှိရင်သက်သာ မယ်လို့ပြောလို့ မထူးတော့ဘူးဆိုပြီးတော့ ဝန်ခံပါတယ်လို့ ဒီနေ့ ပြောလာပါတယ်။

နောက်တခါ ဒုတိယ တချက်က ဒီကလေးက ဆေးလိပ်သောက်လားမေးတော့ ဆေးလိပ်သောက်တယ်လို့ ပြောပါတယ်။ သို့သော် သူတို့ အခင်းဖြစ်တဲ့ နေရာနဲ့ ကိုက် ၂၀ – ၂၅ ကိုက်လောက်မှာ ဂစ်တာတီးနေတာပါ။ ဆေးလိပ်သောက်တာလည်း အဲဒီနေရာမှာပဲ သောက်တာပါ။ သို့သော် သူတို့သောက်တဲ့ ဆေးလိပ်က လူသေ မိန်းကလေးရဲ့ အနားမှာတွေ့တဲ့ ဆေးလိပ်နဲ့ DNA တူတယ်လို့ ပြောထားပါတယ်။

နောက်တခါ ဒီကလေးတွေဟာ သူတို့ကို စစ်တဲ့ အချိန်တုန်းက နှစ်ယောက်လုံးကို သွားရည်စစ်တယ်။ တယောက်ဆိုရင် ဆီးပဲစစ်တယ်။ ဒါပေမယ့် အဲလိုစစ်ထားပါရဲ့သားနဲ့ သေတဲ့ကောင်မလေးရဲ့ ဗိုက်မှာရှိတဲ့ သုတ်ရေ၊ သုတ်ပိုးနဲ့ တူတယ်ဆိုပြီးတော့ DNA စစ်ထားတယ်လို့ ပြောထားတာဟာလည်း ကွဲလွဲချက်ဖြစ် နေပါတယ်။

နောက်တခါ ကလေးတွေက ဒီမှာရှိနေတယ်ဆိုတာကိုတော့ ဝန်ခံပါတယ်။ ဒါပေမယ့် ဘီယာသောက်နေတယ်။ ဝိုင်လည်း နည်းနည်း ပါတယ်။ ဂစ်တာ တီးကြတယ်လို့ ပြောပါတယ်။ ဆိုတော့ ဒီအချက်တွေကြည့်ချင်းအားဖြင့် သူတို့ ဖြစ်နိုင်စရာ အကြောင်း မရှိဘူးလို့ ပြောလို့ရပါတယ်။

မေး။     ။ ဖြစ်နိုင်စရာအကြောင်းမရှိဘူးဆိုတာ ဆရာက ဘာကြောင့် ပြောနိုင်တာလဲ

ဖြေ။     ။ ကလေးတွေရဲ့ ပြောဆိုချက်ကို နားထောင်ပြီးတော့ ဒီအချက် ၄ ချက်ကို ကောက်ကြည့်တဲ့ အခါမှာ ပြစ်မှုကို ကျူးလွန်ခြင်း မရှိနိုင်ဘူးဆိုတဲ့ အနေအထားပါ။ ဒါပေမယ့် ပိုပြီးတော့ သေချာအောင်ဆိုပြီး၊ ကျနော်တို့က နံပတ်သုံး ဖြစ်တဲ့ မောင်မောင် ရှိတဲ့ နေရာက ရဲစခန်းကို သွားပါတယ်။ ဒါပေမယ့် ရဲစခန်းက မောင်မောင် ဟာ တရားခံမဟုတ်တော့ပါဘူး။ တရားလိုပြ သက်သေအဖြစ်နဲ့ ထားလို့မို့ ပေးတွေ့လို့ မရပါဘူး ဆိုပြီးတော့ ပြောပါတယ်။ ဒါပေမယ့် ရဲစခန်းထဲမှာ မရှိပါဘူး။ တည်းခိုခန်း တခုမှာ ထားပါတယ်လို့ပြော ပါတယ်။

နောက်တခါ ထို့အတူပဲ အမှုနဲ့ ပတ်သက်လို့ ကလေးတွေ ထွက်ဆိုချက်ကို စစ်ဆေးလို့ရအောင် အမှုတွဲကူးဖို့ ပြောတဲ့ အခါမှာလည်း ယမန်ရက်အတွင်းမှာဖြစ်နေတဲ့ အတွက်ကြောင့်မို့ တရားရုံးမတင်ရသေးလို့ အမှုတွဲကူးလို့ မရပါဘူးလို့လည်း ရဲစခန်းက ပြောလိုက်ပါတယ်။ အဲတော့ ကျနော်တို့ နိုင်ငံသားတွေကို ခုနပြောသလို ကျောသားရင်သား မခွဲခြားပဲ စောင့်လျှောက်ပေးဖို့ကို လည်း ပြောခဲ့ပါတယ်။

မနက်ဖြန်ဆိုရင် ကျနော်တို့ဒီကနေပြီးတော့ စပိဘုတ် နဲ့ သုံးနာရီလောက်သွားရတဲ့ အခင်းဖြစ်တဲ့ ကော့တောင်ကျွန်းကို ကျနော်တို့ အဖွဲ့သွားကြမှာပါ။ ဒါကြောင့် ရဲစခန်းကို ကျနော်တို့နဲ့ ပတ်သက်လို့ လုံခြုံရေး ပေးဖို့ ထပ်ပြီးတော့ တောင်းဆိုခဲ့ပါတယ်။ သူတို့ကလည်း ပေးပါမယ်လို့ ပြောပါတယ်။

ထို့အတူပဲ ကလေးတွေရဲ့ အနေအထားကိုကြည့်ရတော့ စိတ်မကောင်းလို့၊ ပုံမှန်အနေအထားမဟုတ်တဲ့ အတွက်  ထောင်မှာကတည်းက ထောင်အာဏာပိုင်တွေနဲ့ တွေ့ဆုံပြီးတော့ ကျနော်တို့ နိုင်ငံက လာတဲ့လူ တွေကို ကြိုဆိုပြီးတော့ ကလေးတွေနဲ့ ပေးတွေ့ခွင့် ပေးတာကို ကျေးဇူးတင်စကားပြောပါတယ်။ နောက်ပြီးတော့ ကျနော်တို့ ကလေးတွေနဲ့ ပတ်သက်လို့လည်း ကျန်းမာရေးနဲ့ အန္တရာယ်ကင်းရှင်းရေး အတွက်ကိုလည်း စောင့်လျှောက်ပေးဖို့၊ နောက်ပြီးတော့ ကလေးတွေရဲ့ စားရေးသောက်ရေးတွေကို ကျနော်တို့ သင့်တော်သလို ကူညီထောက်ပံ့ပေးခဲ့ပါတယ်။

မေး။     ။ စောစောက ဆရာပြောတဲ့ အထဲမှာ ကလေး နှစ်ယောက်နဲ့ တွေ့ဆုံမေးမြန်းခွင့်ရတုန်းက သူတို့ရဲ့ မျက်နှာတွေဟာ ပုံမှန် အနေအထားမဟုတ်ဘူးလို့ ပြောတယ်။ ဘယ်လိုပုံစံမျိုးဖြစ်နေတာလဲ ဆိုလိုတာရှင်းပြပေးပါလား

ဖြေ။     ။ သူတို့ထုတ်ပြထားတဲ့ အထဲက အကျၤီအနီဝတ်တဲ့ ကလေးရဲ့ အနေအထားကတော့ သူ့ရဲ့မျက်နှာက မထူးတော့ဘူးဆိုတဲ့ ပုံစံမျိုး ဘာမှလည်း မဖြေချင်တော့ဘူး။ ဖြေတဲ့ဟာလောက်ပဲ ဖြေပြီးတော့ မဖြေချင်တဲ့ဟာလည်း မဖြေဘူး။ အဲလိုပုံစံမျိုးဖြစ်နေပါတယ်။

နောက်တခါ ဒီဘက်က သေးသေး အကောင်ငယ်လေးဖြစ်တဲ့ အကျၤီအဖြူနဲ့ ကောင်လေးကတော့  ဖြေပါတယ်။ ဖြေပေမယ့် ကွဲလွဲချက်ကလေးတွေ ကျနော်တို့ သိထားတဲ့ ဟာနဲ့ ထောက်ပြတဲ့ အခါကြတော့  “ဟာ … ဒါတော့ ကျနော်တို့နဲ့ မဆိုင်ဘူး။ ဒါကို ကျနော်တို့ကို ဥပဒေ အရ ကာကွယ်ပေးပါ” လို့ ပြောလာပါတယ်။ ဒါကြောင့်မို့လည်း ကျနော်တို့က လူကြီးတွေ ရှေ့မှာဘဲ ဒီကလေးတွေရဲ့ ဥပဒေအရ ကာကွယ်ပေးဖို့အတွက် သူတို့ကိုယ်တိုင်လက်မှတ်ထိုးထားတဲ့ လက်မှတ်မျိုးကို ကျနော်တို့ ကိုယ်စားလှယ်ပါဝါ လက်မှတ်ထိုးပြီး ယူလာခဲ့ပါတယ်။

မေး။     ။ ခုနပြောတဲ့ အထဲမှာ အငယ်ကောင်လေးေ ပြာလိုက်တဲ့ စကားထဲမှာ မဆိုင်ဘူးလို့ ပြောလိုက်တဲ့ ဟာက ဆရာတို့က ဘာကို ပြောပြလိုက်လို့ သူက ဘာကို မဆိုင်ဘူးလို့ ပြောတာလဲ။

ဖြေ။     ။ ပြောချင်တာက ကျနော်တို့က သေတဲ့ ယောကျာ်ရဲ့ မျက်နှာနဲ့ ခေါင်းမှာ ဓားလို ချွန်ထက် တဲ့ လက်နက်နဲ့ ထိထားတဲ့ ဆိုတဲ့ ဓါတ်ပုံတွေ ရထားတာရှိပါတယ်။ အဲဒီဓါတ်ပုံတွေပြပြီးတော့ မေးတာပါ။ အဲဒါကို သူတို့လုပ်တာ မဟုတ်ဘူးလို့ ပြောပါတယ်။

မေး။     ။ အခုဖြစ်တဲ့ ဖြစ်စဉ်မှာ ရဲစခန်းမှာ ဝန်ခံထားတယ်ဆိုပြီး ထိုင်းဘက်ကပြောထားပါတယ်။ ဒါကြောင့် လူသတ်မှု၊ အဓမ္မပြုကျင့်မှု စတဲ့ ဒီပြဿနာမှာ သူတို့ ပါဝင်ပတ်သက်တယ်ဆိုတဲ့ ကိစ္စကိုရော သေချာဆွေးနွေးဖြစ်ခဲ့ပါလား၊ ဒါနဲ့ ပတ်သက်ပြီး သူတို့က ဘာပြောလဲ။

ဖြေ။     ။ အဲဒါကိုတော့ သူတို့ကို ကျနော်မေးဖို့ထက်စာရင် အမှုတွဲကြီးတခုလုံးကို သိဖို့လိုပါတယ်။ ဘာဖြစ်လို့လည်း ဆိုရင် အမှုတွဲကြီးတခုလုံးမှာ အဓမ္မကျင့်တာပါတယ်။ သတ်တာပါတယ်ဆိုရင် ကျနော်တို့က ဒီဟာတွေမှာ ပါလားဆိုတာ မေးဖို့ လိုပါတယ်။ အခုဟာက အမှုတွဲ ကူးခွင့်မရသေးပါဘူး။ သူတို့ကို မေးကြည့်တဲ့ အခါမှာ သူတို့က မူးနေတယ်လို့ပြောပါတယ်။ ဘီယာလေးပုလင်းနဲ့ ဝိုင်သောက်ထားတယ်။ တော်တော်မူးကြတယ်လို့ပြောပါတယ်။

မေး။     ။ သူတို့ဖမ်းဆီးထားတဲ့ အထဲမှာ အခုဆရာပြောတဲ့ တရားလိုပြ သက်သေဖြစ် သွားပြီဆိုတဲ့ မောင်မောင်ဟာလည်း တွေ့ဆုံဖို့လိုအပ်တဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်နေတယ်ဆိုတော့ သူနဲ့တွေ့ဖို့ကိုရော ဆရာတို့ ကျိုးစားခဲ့ကြသေးလား။ အဲဒီ ကျွန်းပေါ်မှာ ရှိနေသူတွေကတော့ မောင်မောင်ဟာ တော်တော်လေး ရိုက်နှက်စစ်ဆေးခံထားရတဲ့ ဒဏ်ရာတွေကြောင့် ရဲက ထုတ်မပြရဲဘူးလို့ ပြောဆိုနေကြတာလည်းရှိ နေတယ်။

ဖြေ။     ။ ကျနော်တို့လည်း ပထမ အဲဒီသတင်းကို ကြားထားပါတယ်။ ဒါကြောင့်မို့လည်း ကျနော်တို့ ဒီနေ့ မောင်မောင့်ကို တွေ့ဖို့ တောင်းဆိုတာပါ။ တောင်းဆိုတယ်ဆိုတာက အစိုးရ သက်သေဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ တွေ့ချင်ပါတယ်ဆိုတာ ပြောခဲ့တာပါ။ ဒါပေမယ့် သူတို့က ဒီအမှုမပြီးသေးတဲ့ အတွက်ကြောင့် အမှုနဲ့ ပတ်သက်တဲ့ သက်သေဟာ ပျက်ပြယ်သွားမှာ စိုးလို့ ဆိုပြီးတော့ ပေးမတွေ့တာပါ။

မေး။     ။ ဒီကိစ္စဟာ သာမန်သွေးရိုးသားရိုး ဖြစ်စဉ်မျိုး မဟုတ်ဘူးဆိုပြီး တော်တော်များများ ကပြောဆိုနေကြတာပါ။ ဒါကို မေးမြန်းဖို့ သွားတဲ့ ဆရာတို့ မြန်မာအဖွဲ့အပေါ်  မြန်မာ အသိုင်းအဝိုင်းက စိုးရိမ်မှုတွေရှိနေခဲ့ကြတယ်။ ဆရာတို့ကရော ဒီဆောင်ရွက်မှုမှာ ကိုယ့်အတွက် လုံခြုံမှု ရှိတယ်လို့ ခံစားမိပါရဲ့လား။

ဖြေ။     ။ ကျနော်တို့ မြန်မာနိုင်ငံဘက်က နိုင်ငံတော် လူကြီးတွေကနေပြီးတော့ ကြိုတင်စာတွေ ပို့ထားတာပါ။ ပို့ထားတဲ့ အတွက်ကြောင့်မို့ ကျနော်တို့လည်း ရောက်တဲ့ အခါမှာ အဲဒီစာ မိတ္တူတွေနဲ့ အတူ ရောက်ရောက်ချင်း သတင်းပို့ပါတယ်။ နှစ်နိုင်ငံ ဆက်ဆံတဲ့ အခါမှာ အညှင်သာဆုံးနဲ့ အချောမွေ့ဆုံးဖြစ်အောင် ကျနော်တို့ ဆက်ဆံပြီးတော့ပြောဆိုပါတယ်။ ပြီးတော့ တွေ့ရတဲ့ အခါမှာလည်း ကျေးဇူးတင်စကား ပြောပါတယ်။

ကျနော်တို့သည် နှစ်နိုင်ငံ ချစ်ကြည်ရေးလည်း ပါတယ်။ ကိုယ့်နိုင်ငံသား ဥပဒေအောက်မှာ အမှန်အတိုင်းဖြစ် ဖို့ ၊၊ တကယ်လို့ ပြစ်မှု ကျူးလွန်ရင်လည်း ခံဖို့ ပြစ်မှု မကျူးလွန်လို့ရှိရင်လည်း ဥပဒေအရ လွတ်ကင်းဖို့ ဆိုတဲ့ ဟာနဲ့ လာတာပါဆိုပြီးတော့ ပြောပြပါတယ်။

ကျနော်တို့ လုံခြုံရေးနဲ့ ပတ်သက်ရင် ကျနော်တို့ကတော့ အမြဲတမ်းသတိရှိနေပါတယ်။ မနက်ဖြန်ကို ကျနော်တို့ တကယ့် အခင်းဖြစ်တဲ့ နေရာကိုသွားကြည့်ဖို့လည်း ရဲစခန်းကို လုံခြုံရေး တောင်းထားပါတယ်။
ဘာဖြစ်လို့လည်း ဆိုတော့ ဒီကျွန်းဟာ မာဖီးယား ဂိုဏ်းကြီးရှိတဲ့ ကျွန်းဆိုတာ ကျနော်တို့ ကြားသိထား ရပါတယ်။

မေး။     ။ မာဖီးယား ဂိုဏ်းရှိတယ်လို့ ဆရာတို့က ဘယ်လိုလုပ်သိလဲ။

ဖြေ။     ။ ကျနော်တို့ သိတယ်လို့တော့ ပြောမရဘူး။ ဒါပေမယ့် အဲဒီကျွန်းက ကလေးတွေ ပြောပြတဲ့ အနေအထားအရကတော့ အဲဒီ ကျွန်းမှာ အမြဲတမ်း သေနတ်ခါးထိုးပြီး ကြီးစိုးနေတဲ့လူတွေက နေ့ရော၊ ညရော ရှိနေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူတို့ လည်း နောက်ထပ် မပြောရဲတော့ပါဘူး။ ကျနော်တို့ အဖွဲ့ ဒီကော့စမွှေကျွန်းကို ရောက်တယ် ဆို ကတည်းက သူတို့ရဲ့ တချို့ဖုန်း တွေက ပိတ်ပစ်လိုက်ပါတယ်။ သူတို့လည်း တော်တော်ကြောက် နေကြပုံရပါတယ်။

မေး။     ။ အခင်းဖြစ်တဲ့ လိပ်ကျွန်းကို မနက်ဖြန်သွားမယ်ဆိုတော့ ဒီအမှုနဲ့ပတ်သက်ပြီး ထပ်မံသိရှိဖို့ ဘယ်သူတွေနဲ့ ထပ်ပြီး တွေ့ဖြစ်မယ်လို့ ထင်ပါသလဲ။

ဖြေ။     ။ အမှုနဲ့ပတ်သက်ပြီး ကွင်းဆက်တွေ အထောက်အထားတွေ ပေးနိုင်မယ့်လူတွေနဲ့တွေ့ပါမယ်၊ ဘယ်သူတွေနဲ့ တွေ့မယ်ဆိုတာ ထုတ်ပြောလို့မရသေးပါဘူး။

မေး။     ။ ဒီအမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထိုင်းရဲ့တွေရဲ့လုပ်ဆောင်ချက်တွေဟာ အစောပိုင်း ထုတ်ပြန်တာတွေနဲ့ လက်ရှိထုတ်ပြန်တာတွေက ကွဲလွဲချက်ရှိနေတယ်၊ အဲဒီအပေါ်မှာ အနောက်တိုင်းသား တွေ၊ မြန်မာတွေ၊ ထိုင်းတွေ အများစုကိုယ်တိုင်က အယုံအကြည်မရှိကြဘူးဖြစ်နေတယ်။ အဲဒီတော့ ကိုယ်တိုင်သွား စုံစမ်းခဲ့တဲ့ ဆရာတို့ရဲ့ အမြင်ကရော ဘယ်လိုရှိတယ်ဆိုတာ ပြောပြလို့ရမလားခင်ဗျ။

ဖြေ။     ။ ဟုတ်ကဲ့၊ အဲဒါကတော့ ကျနော်အစောက ပြောခဲ့တဲ့ သံသယဖြစ်စရာ အချက်လေးချက် ပေါ့၊ အမှုတွဲကြီးကို ကြည့်ခွင့်ရရင်တော့ တစုံတရာ ဆုံးဖြတ်ချက်ရလို့ရမှာပါ။ အခုအချိန်မှာ အမှုတွဲ လည်းမရသေးဘူး။ မောင်မောင်နဲ့ မတွေ့ရသေးတဲ့ ကိစ္စ အပေါ်မှာ ကျနော်တို့ ကလေးတွေဟာ ပါဝင်ပတ်သက်မှုရှိမရှိ ပြောဖို့ စောနေပါသေးတယ်။

မေး။     ။ ဆရာတို့ အခုသွားတာက ဘယ်နှစ်ယောက်လဲ၊  မြန်မာသံရုံးနဲ့ ဆက်စပ်ပြီးသွားကြတာလို့ ကြားသိရပါတယ်။ သံရုံးနဲ့ တွဲလုပ်ရတာရော အဆင်ပြေပါရဲ့လားခင်ဗျ။

ဖြေ။     ။ အခု သံရုံးက မြန်မာအလုပ်သမားတွေအတွက် တော်တော် ဂရုတစိုက်ရှိလာပါတယ်။ ကျနော်တို့လည်း ဒီက အခြေအနေတွေကို ချက်ချင်းသတင်းပို့ပါတယ်။ သံအမတ်ကြီး ဦးဝင်းမောင် ကိုယ်တိုင်ကလည်း ဒီအဖွဲ့ကို ကြီးကြပ်ပြီးတော့ လိုအပ်တာကို ချက်ချင်း သတင်းပို့ပါလို့ပြောတယ်။ ကိုမောင်မောင်နဲ့ တွေ့ခွင့်မရတဲ့ ကိစ္စကို ကျနော်တို့လည်း ချက်ချင်း သတင်းပို့တယ်။ သူလည်း နိုင်ငံခြားရေး ဝန်ကြီးဌာနကို ပြောပြီးတော့ ခင်ဗျားတို့ ရှိတုန်း တွေ့ဖြစ်အောင် လုပ်ပေးမယ်လို့ ပြောလာပါတယ်။ ကျနော်တို့ကတော့ အခုထက်ထိ ဒီကျွန်းမှာဘဲ ရှိနေပါသေးတယ်။ နိုင်ငံတော်ဘက်က ဆောင်ရွက်ပေးရင် ကျနော်တို့ ဆက်တွေ့ဖို့ရှိပါတယ်။

မေး။     ။ ကိုမောင်မောင်နဲ့ တွေ့ခွင့်မရတဲ့ အပေါ် ဆရာတို့စိတ်ထဲမှာ သံသယဝင်တာတွေများ ဖြစ်မိလား။

ဖြေ။     ။ ဒါကတော့ အမှန်ပါပဲ။ ကျနော်တို့ သံသယဖြစ်မိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ မြန်မာလူမျိုး အချင်းချင်းထဲက သက်သေ တစ်ယောက်ဖြစ်နေတာဆိုတော့၊ သူ့ကိုလည်း ကျနော်တို့ အဖြစ်မှန်ကို မေးဖို့လိုနေပါတယ်။ ခုနက ပြောသလို ကျနော်တို့ ကြားထားတဲ့ သတင်းအရ လူမြင်ကွင်းကို မထွက်ဘဲနဲ့ နေတာဟာ သူ့ကို လူမြင်နိုင်တဲ့ နေရာမျိုးတွေမှာ ရိုက်နှက်ထားသလားဆိုတာကို ကျနော်တို့ သံသယရှိပါတယ်။

 မေး။     ။ ဆရာတို့ကရော စိန်ခေါ်မှုတွေ၊ သံသယတွေ ကြီးမားတဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ လုပ်သွားမယ်လို့ ဆုံးဖြတ်ထားလဲ။

ဖြေ။     ။ ကျနော်တို့ကတော့ မြန်မာအလုပ်သမားတွေနဲ့ ပတ်သက်လို့ အစဉ်အလာအရ အနှိမ်ခံနေကြရတာဆိုတော့ တတ်နိုင်သမျှ ဒီအမှုတွေ နဲ့ပတ်သက်ပြီး ကြိုးစားသွားမယ်။ ပြီးလို့ရှိရင်လည်း ကျနော်တို့ ရဲစခန်းရောက်တုန်းကလည်း ရဲတွေကို ပြောခဲ့ပါတယ်။ ကျနော်တို့ မြန်မာအလုပ်သမားတွေကို ဥပဒေအရ အကာအကွယ်ပေးဖို့ အပြင်းအထန် တောင်းဆိုခဲ့ပါတယ်။

Your Thoughts …
Tags: InterviewsThai
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

by ဧရာဝတီ
28 September 2024
1.1k

ထိုင်းနိုင်ငံသားတွေ လက်ထဲ ငွေသားတွေ ထည့်ပေးပြီး သုံးစွဲမှုကို အရှိန်အဟုန်နဲ့ အားကောင်းစေမယ်လို့ အဆိုပါ အစီအစဉ် စတင်ခြင်း အထိမ်းအမှတ်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် ဖေထုန်ထန် ရှင်နာဝပ်ထရာ ကလည်း…

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

by ဧရာဝတီ
19 August 2013
34k

အဲဒီမှာ ဆရာဇော်ဂျီ (ဆရာ သိန်းဟန်)က အထူးအရာရှိ၊ သူ့အခန်း မှာ ဦးချန်ထွန်း ဆိုတာ ဖျာပုံကပဲ၊ သူက ခေါင်းစိုက်နေတယ်၊ ဒါနဲ့ ဆရာ သိန်းဟန်က ကျနော့်ကို မင်းမသိဘူးလားကွ၊ ဆိုတော့ ကျနော်က မသိသေးဘူးလို့၊...

“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”

“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”

by ဧရာဝတီ
21 August 2013
6k

တဲ့တိုးပြောရရင် ပညာရေးမှာ ဆရာသာ အခရာ အဓိကပဲ၊ ကျောင်းသား တတ်အောင်သင်ဖို့ ဆိုရင် ဆရာ ကိုယ်တိုင်က ကျွမ်းကျွမ်း ကျင်ကျင်နဲ့ ပြောင်ပြောင် မြောက်မြောက် တတ်ဖို့ လိုအပ်တယ်၊ တက္ကသိုလ် ဆရာလည်း ပြုစုပျိုးထောင်ရလိမ့်မယ်၊ “ပညာ...

ED visa နဲ့  ကျောင်းတက်နေသူတွေကို passport သက်တမ်းတိုးမှု ရပ်ဆိုင်း (ရုပ်/သံ)

ED visa နဲ့ ကျောင်းတက်နေသူတွေကို passport သက်တမ်းတိုးမှု ရပ်ဆိုင်း (ရုပ်/သံ)

by ဘုန်းအောင်
18 September 2024
490

Non-ED Visa နဲ့ ထိုင်းဘာသာစကားသင်တန်း၊ အင်္ဂလိပ်စာနဲ့ တရုတ်စာ သင်တန်း စတဲ့ ကာလတို သင်တန်း တတ်ရောက်နေတဲ့ ကျောင်းသားတွေ များလာတာကြောင့် ဒီသင်တန်းတက်ရောက် နေသူတွေရဲ့ နိုင်ငံကူး လက်မှတ်သက်တမ်းတိုးတာကို မြန်မာသံရုံး ဘန်ကောက်မြို့ နဲ့...

စစ်ခေါင်းဆောင်ကို ဝင်ခွင့်ပြုလို့ ထိုင်းအစိုးရ ဆန္ဒပြခံနေရ (ရုပ်/သံ)

စစ်ခေါင်းဆောင်ကို ဝင်ခွင့်ပြုလို့ ထိုင်းအစိုးရ ဆန္ဒပြခံနေရ (ရုပ်/သံ)

by ဧရာဝတီ
5 April 2025
341

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ BIMSTEC ထိပ်သီး အစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်ပေးခဲ့တဲ့အပေါ် ထိုင်းနိုင်ငံသားတွေရဲ့ ကန့်ကွက် ဆန္ဒပြမှုတွေ ဆက်တိုက် ရှိလာနေပါတယ်။

ဗကပဟောင်း စာရေးဆရာ တဦးနှင့် တွေ့ဆုံခြင်း

ဗကပဟောင်း စာရေးဆရာ တဦးနှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
5 June 2015
19.9k

ဗမာပြည် ကွန်မြူနစ် ပါတီတွင် ၄၀၄၆ တပ်ရင်း နိုင်ငံရေးမှူး နှင့် တပ်ပေါင်းစု လုပ်ငန်း တာဝန်ခံအဖြစ် အလယ်ပိုင်း ဗျူရို၌ တာဝန် ထမ်းဆောင်ခဲ့သူ စာရေးဆရာ သန်းစိုးနိုင်အား တွေ့ဆုံ မေးမြန်း ထားပါသည်။

Next Post

ထောက်လှမ်းရေး အရာရှိဟောင်း ၇ ဦး လွှတ်ပေး

DKBA နှင့် အစိုးရတပ် တိုက်ပွဲ ဖြစ်ပြီးနောက် မြင်ကွင်းများ

DKBA နှင့် အစိုးရတပ် တိုက်ပွဲ ဖြစ်ပြီးနောက် မြင်ကွင်းများ

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate