သတင်းတို

ထောက်လှမ်းရေး အရာရှိဟောင်း ၇ ဦး လွှတ်ပေး

This article has been converted from Zawgyi One to Unicode

စစ်အစိုးရလက်ထက်က ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေသည့် ထောက်လှမ်းရေး အရာရှိကြီး ၇ ဦးကို ယနေ့နံနက်ပိုင်းက လွှတ်ပေးလိုက်ကြောင်း သတင်းရသည်၊ အဆိုပါ လွှတ်ပေးလိုက် သူများတွင် မန္တလေး ထောက်လှမ်းရေးကွပ်မှု အဖွဲ့မှူး ဗိုလ်မှူးကြီးမင်းသူ၊ ဗိုလ်မှူးနိုင်ဌေး၊ ဗိုလ်မှူးကြီး အောင်ဇော် စသည့် သူများပါဝင်ပြီး၊ ဗိုလ်ချုပ်သန်းထွန်းအပါအဝင် ထိပ်ပိုင်း ထောက်လှမ်း အရာရှိကြီး များ ပါဝင်မှု ရှိမရှိကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထောက်လှမ်းရေးဟောင်းများ လွှတ်ပေးခြင်းမှာ ယခုတကြိမ်သည် အများဆုံးဖြစ်ကြောင်း ထောက်လှမ်းရေးအရာရှိဟောင်းတဦးကဆိုသည်။

Loading