၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် တက်ကြွစွာပါဝင်ခဲ့သော သံဃာတော်တချို့သီတင်းသုံးရာ တောင်ဥက္ကလာပ မြို့နယ်ရှိ ငွေကြာယံ ပရိယတ္တိ စာသင်တိုက်ကို ၂၀၀၇ စက်တင်ဘာ ၂၆ ရက်နေ့ ညသန်းခေါင် ၁၂ နာရီအချိန်တွင် စစ်သားများက ဝင်ရောက်စီးနင်းပြီး သံဃာတော်များနှင့် ပြည်သူ တချို့ကို ရိုက်နှက်ဖမ်းဆီးခဲ့သည်။ စစ်သားများ၏ အကြမ်းဖက်မှုများကြောင့် သံဃာတော်တချို့ ဒဏ်ရာရရှိခဲ့ ပြီး ကျောင်းတိုက်ပိုင်ပစ္စည်းများလည်း အဖျက်အဆီးခံခဲ့ သည်။ ငွေကြာယံကျောင်းတိုက်သည် ရွှေဝါရောင်တော်လှန်ရေးတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်မှာ ထင်ရှားသည်။ လက်ရှိတွင် ငွေကြာယံကျောင်းတိုက်တွင် သံဃာတော်အပါး ၁၀၀ နှင့် ဘုန်းကြီးကျောင်းသား ၃၀ ကျော် နေထိုင်လျက် ရှိသည်။ ပရိယတ္တိစာသင်တိုက်ဖြစ်သည့်အတွက် သံဃာတော်များ၏ စာအံ၊ စာချ၊ အပါအဝင် နေ့စဉ်လုပ်ဆောင်နေကျ သာသနာရေး လုပ်ငန်းများကို မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးထားသည်။
မှော်ဘီမှ ဂျပန်ဘုရား
အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာ ကျောင်းတိုက်မှာ ဂျပန်လူမျိုးတဦး လာရောက်ပြီး ရှေးဟောင်း ရုပ်ပွားတော်၊ ဆင်းတုတော် အများအပြားကို လှူဒါန်း သွားတာကြောင့် တနိုင်ငံလုံးက ဘုရားဖူး ပြည်သူတွေ စိတ်ဝင်တစားနဲ့ သွားရောက် ဖူးမြော် နေကြပါတယ်