သတင်းတို

သမ္မတ အမိန့်ဖြင့် အကျဉ်းသား ၃၀၇၃ ဦး လွတ်ငြိမ်းခွင့်ပေး

This article has been converted from Zawgyi One to Unicode

သမ္မတဦးသိန်းစိန်က အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၃၀၇၃ ဦး ကို နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့်တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အတွက် လည်းကောင်း၊ လူသားချင်းစာနာ ထောက်ထားမှူကို အလေးပေး သောအားဖြင့်လည်းကောင်း ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၇ရက်နေ့မှာ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်များပေးအပ်ခဲ့ကြောင်း၊ အကျဉ်းသားများထဲမှာ မြန်မာနိုင်ငံသား ၃၀၁၅ ဦး နဲ့ နိုင်ငံခြားသား ၅၈ ဦး ပါဝင်ကြောင်း ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် သတင်းထုတ်ပြန်သည်။ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသော အကျဉ်းသားများတွင် ထောက်လှမ်းရေး အရာရှိဟောင်းတချို့လည်း ပါဝင်ကြောင်း သိရှိရသည်။

Loading