၂၀၁၀ ရွေးကောက်ပွဲမှ အားနည်းချက်များကို ပြုပြင်ပြီး၊ လာမည့် ၂၀၁၅ ခုနှစ် နှောင်းပိုင်းတွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို တတ်နိုင်သမျှ လွတ်လပ်တရားမျှတစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး၊ အထူးသဖြင့် မဲစာရင်းနှင့် ကြိုတင်မဲပေ ရာတွင် အားနည်းချက်မရှိအောင် နည်းဥပဒေများ ပြန်လည်ရေးဆွဲပြီး ဟာကွက်မရှိအောင် ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် ပါတီများ၊ လူမှုအဖွဲ့အစည်းများ နှင့် မီဒီယာများကပါ ဝိုင်းဝန်းပူးပေါင်းရန် ဖိတ်ခေါ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး၏ မြို့တော် ထားဝယ်သို့ ရောက်ရှိနေသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းလွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများနှင့် ယမန်နေ့က တွေ့ဆုံစဉ် ပြောကြားကြောင်း အစိုးရသတင်းစာတွင်ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။