ခရစ္စတီးနား။ ။ အခုခေတ်မှာ အလှအပအတွက် ပလတ်စတစ် ဆာဂျရီ လုပ်လာကြတာတော့ ခေတ်စားလာပါတယ်။ လုပ်ထားတဲ့ သူတွေက ခွဲစိတ်မှု မလုပ်ခင်ကထက် ခွဲစိတ်ပြုပြင်မှု လုပ်လိုက်တဲ့အခါ ပိုပြီး ကြည့်ကောင်းလာ ကြတယ် လို့ ကျမ မြင်မိပါတယ်။ ခွဲစိတ် ပြုပြင်ချင်သူတွေရဲ့ အရေးကြီးတဲ့ အဓိက အချက်ကတော့ ကိုယ့်ကို ခွဲစိတ်ပေးမယ့်သူ အပေါ်မှာ ယုံကြည်မှုရှိမှ ခွဲစိတ်မှုလုပ်တာ ပိုကောင်းပါတယ်။ ကျမကတော့ သဘာဝအလှကိုပဲ ပိုကြိုက်ပါတယ်။ ကျမတော့ ခွဲစိတ်မှုလုပ်ဖို့ အစီအစဉ် မရှိပါဘူး။
ခွဲစိတ်ပြုပြင်လိုက်လို့ ကိုယ့်ရုပ်ကိုယ် စိတ်တိုင်းကျသွားရင်တော့ ခွဲစိတ်တာ အဆင်ပြေမှာပါ။
အဲဒီလိုမှမဟုတ်ဘဲ လွဲချော်သွားရင်တော့၊ ဒါမှမဟုတ် စိတ်တိုင်းမကျရင်တော့ ခွဲစိတ်တာ က ကိုယ့် အတွက် ဆုံးရှုံးမှုဖြစ်တယ် လို့၊ ခွဲစိတ်တဲ့သူတွေက ခံစားရမယ် ထင်ပါတယ်။ ဒါကြောင့် ခွဲစိတ်မှုလုပ်ချင်တယ် ဆိုရင် တကယ်ကျွမ်းကျင်တဲ့ သူနဲ့ပဲ လုပ်သင့်တယ်လို့ ထင်ပါတယ်။
ခင်ဇာခြည်ကျော်။ ။ အခုလို ခေတ်မီလာတဲ့ အချိန်မှာ ဒီလိုအလှအပ အတွက် ခွဲစိတ်ပြုပြင်တာတွေ လုပ်လာတာက တကယ်တမ်း လှသွားတယ် ဆိုရင်တော့ ကျမက အားပေးပါတယ်။ ကိုးရီးယားနိုင်ငံမှာ ဆိုရင်လည်း ခွဲစိတ်ပြုပြင်မှုတွေ လုပ်နေကြတာပဲ လေ။ အခုခေတ်မှာ အလှအပ အတွက် ခွဲစိတ်ပြုပြင်တာ သိပ်တော့ မထူးဆန်းတော့ပါဘူး။ ကျမက အခု အနုပညာ အလုပ်တွေ ပြန်လုပ်နေတော့ မိတ်ကပ်ပြင်တဲ့ အခါ နှာတံလေး လှသွားအောင် မိတ်ကပ်နဲ့ နှာတံဖော် တာတောင် ခွဲစိတ်ပြုပြင်ထားတယ်လို့ ထင်ကြသေးတယ်။ ကျမက ဘာမှ ခွဲစိတ်ပြုပြင်တာတွေ မလုပ်ထားဘူး၊ ကိုယ့်ရဲ့ သဘာဝ အလှအပကိုပဲ သဘောကျတယ်။
ချောရတနာ။ ။ ချောကတော့ အခုခေတ်မှာ ခွဲစိတ်ပြုပြင်လာတာနဲ့ ပတ်သက်ပြီး ဟြေရရင် ချောအမြင်က မျက်နှာ တခုလုံးကို ပြုပြင်တာထက် မျက်နှာရဲ့ အစိတ်အပိုင်း တခုလောက်ကိုပဲ ပြုပြင်လိုက်တာမျိုးကိုပဲ သဘောကျတယ်။ မျက်နှာကြီး တခုလုံးကို ပြုပြင်ဟြေင်းလဲ လိုက်တာမျိုးကို သဘောမကျဘူး။ မျက်ရစ်ဖော်လိုက်တာမျိုး၊ နှာခေါင်း လေးလှသွားအောင် ပြင်လိုက်တာမျိုး တခုခုကို လှသွားအောင် ပြုပြင်လိုက်တာမျိုးတွေပေါ့။
ကိုးရီးယားကားတွေထဲမှာ ဆိုရင်လည်း ခွဲစိတ်ပြုပြင်ထားတယ် ဆိုတာတွေ ပြနေတာပဲ။ သူတို့ ကိုးရီးယား နိုင်ငံက အနုပညာရှင်တွေက ခွဲစိတ် ပြုပြင်မှုတွေနဲ့ လှနေကြတဲ့သူတွေ အများကြီးပဲလို့ သိကြတာပဲလေ။ အဓိကကတော့ ကိုယ်လုပ်မယ် ဆိုရင် တကယ် ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ သေချာတိုင်ပင်ပြီးလုပ်တာ ပိုအဆင်ပြေမယ် ထင်ပါတယ်။ အခုချိန်အထိတော့ ချော ဘာမှ ခွဲစိတ်ပြုပြင်ထားတာ မရှိပါဘူး။ အသက်ကြီးလာလို့ စိတ်တမျိုး ဟြေင်းပြီး ပြင်ချင်သွားရင်တော့ မဟြေတတ်ဘူး ပေါ့။
ဆုပန်ထွာ။ ။ အခုခေတ်မှာ ခွဲစိတ် ပြုပြင်မှုတွေ လုပ်လာတဲ့ အပေါ်မှာ ကျမ အမြင်ကတော့ ကိုယ်အဆင်ပြေမယ် ထင်ရင် လုပ်လို့ ရပါတယ်။ တကယ်တမ်း လုပ်မယ်လို့ ဆုံးဖြတ်ထားရင် တကယ်ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး လုပ်သင့်ပါတယ်။ ကျမဆိုရင် နှာခေါင်းအရိုး ခွဲစိတ်ပြုပြင်ထားတယ်။ ဒါပေမယ့် မလုပ်ခင်ကတည်းက သေသေချာချာ လေ့လာတယ်။ တကယ် ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ အထပ်ထပ် သေချာအောင် မေးမြန်းစုံစမ်းပြီးမှ လုပ်ခဲ့တာပါ။ အခုလည်း ကျမ နှာခေါင်း အရိုးထဲမှာ ဆီလီကွန် အချောင်းလေး ထည့်ထားတယ်။ တကယ်လို့ ကျမက မထည့်ချင်တော့လို့၊ မကြိုက်တော့လို့ ပြန်ထုတ်ချင်လည်း ပြန်ထုတ်လို့ရပါတယ်။ သေသေချာချာ တိုင်ပင်ပြီးမှ ခွဲစိတ် ခဲ့တာပါ။ အခုချိန်အထိတော့ နှာခေါင်းပြုပြင် ထားတာကို သဘောကျပါတယ်။ ခွဲစိတ်ပြုပြင်ချင်တယ် ဆိုရင်တော့ သေချာ လေ့လာတိုင်ပင်ပြီးမှ တကယ်တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ လုပ်သင့်ပါတယ်။