• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနှင့် မြန်မာလုပ်သားများ

by ရဲနည်
9 October 2014
in Crime
A A
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနှင့် မြန်မာလုပ်သားများ

ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ ပြန်လည် သရုပ်ပြစဉ် (ဓာတ်ပုံ - Reuters)

13k
VIEWS
Share on FacebookShare on Twitter
ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ ပြန်လည် သရုပ်ပြစဉ် (ဓာတ်ပုံ – Reuters)
အသတ်ခံခဲ့ရတဲ့ ဒေးဗစ်မီလာနဲ့ ဟန်နာဝစ်သာရစ်ချ်
လိပ်ကျွန်းတည်နေရာပြ မြေပုံ

ပြီးခဲ့တဲ့အပတ် သောကြာနေ့ အောက်တိုဘာ ၃ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့ဟာ အသက် ၂၁ နှစ်အရွယ် မြန်မာ အလုပ်သမား ၂ ဦးဖြစ်သူ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ကို လူသတ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ ပြောကြားလိုက်ပြီး အခင်းဖြစ်ပွားခဲ့ရာဆီ လက်ထိပ်ခတ် ခေါ်ထုတ်လာကာ ပြန်လည် သရုပ်ပြစေခဲ့ပါတယ်။ ရုတ်ရုတ် သည်းသည်းနဲ့ အံ့ဩတကြီးဖြစ်ခဲ့ရတဲ့ ဒီသရုပ်ပြပွဲဟာ ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ပင်လယ်ထဲက လိပ်ကျွန်း (ထိုင်းအခေါ် ကော်တောင်ကျွန်း) ပေါ်မှာ စက်တင်ဘာ ၁၄ ရက် ညဉ့်သန်းခေါင် အသတ်ခံခဲ့ရတဲ့ အသက် ၂၄ နှစ်အရွယ် ဗြိတိသျှနိုင်ငံသား ဒေးဗစ်မီလာနဲ့ ဗြိတိန်နိုင်ငံသူ အသက် ၂၃ နှစ် အရွယ် ဟန်နာဝစ်သာရစ်ချ်တို့ကို ဘယ်လိုသတ်ဖြတ်ခဲ့ သလဲဆိုတာ မီဒီယာများရှေ့ ပြန်လည်သရုပ်ပြခိုင်းမှုပါ။

သူတို့ရဲ့ သရုပ်ပြချက်အရ ပြစ်မှုကျူးလွန် ကြောင်း စွပ် စွဲခံရသူ ရခိုင်အမျိုးသား ဝင်းဇော်ထွန်း၊ ဇော်လင်းနဲ့ အသက် ၂၃ နှစ်အရွယ် မောင်မောင်တို့ ဟာ အဲဒီညမှာ အလုပ်ပြီးလို့ ကမ်းစပ်မှာ စီးကရက်ဖွာ၊ အရက်သောက်၊ ဂစ်တာတီး သီချင်းဆိုရင်း အပန်းဖြေနေခဲ့ကြသတဲ့။  ဒေးဗစ်မီလာနဲ့ ဟန်နာဝစ် သာရစ်ချ်တို့ ၂ ယောက် သူတို့ ထိုင်နေရာဆီ လမ်း လျှောက်လာခဲ့ရာမှာ မောင်မောင်က သူအလုပ်လုပ်နေတဲ့ ဘန်ဂလိုဆီပြန်ထထွက်သွားခဲ့ တော့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းပဲ နေရာမှာ ကျန်ခဲ့တယ်။ လူရှင်း နေတဲ့ နေရာမှာ အနီးက အသီးအရွက်စိုက်တဲ့ ခြံထဲက မြေတူးတဲ့ ဂေါ်နဲ့ ဒေးဗစ်ကို ရိုက်၊ ရေနှစ်သတ်ပြီး ဟန်နာကို မုဒိန်းကျင့်၊ ခေါင်းကို ဂေါ်နဲ့ ထုသတ်ခဲ့ တယ်လို့ ထိုင်းရဲတွေနဲ့ နိုင်ငံတကာ မီဒီယာတွေရှေ့မှာ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းက စိတ်လှုပ်ရှားမှု ကင်းမဲ့စွာ ပြန်သရုပ်ပြခဲ့တယ်။

RelatedPosts

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
524
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
609
နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
289

အလောင်းတွေကို ဆေးစစ်ချက်အရ ဒေးဗစ်ဟာ ခေါင်းကို ပြင်းပြင်းထန်ထန် အရိုက်ခံထားရပြီး ရေမွန်းခဲ့တယ်။ ဟန်နာကလည်း ခေါင်းကို ရိုက်နှက်ခံခဲ့ရပြီး ကိုယ်တွင်းမှာ သုတ်ပိုးတွေ့ရကြောင်း သိရပါတယ်။ ထိုင်းရဲက ဝင်းဇော်ထွန်းနဲ့ ဇော်လင်းဟာ လူသတ်မှုအတွက် ဝန်ခံလက်မှတ်ထိုးခဲ့ပြီဖြစ်ပြီး ဟန်နာကိုယ်တွင်းမှာ တွေ့ရတဲ့ သုတ်ပိုးကDNA နဲ့ သူတို့ ၂ ဦးရဲ့ DNA တူညီမှုရှိတယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ပွားရာ နေရာအနီးတွေ့ရတဲ့ L&M စီးကရက်က ရတဲ့  DNA နဲ့လည်း ကိုက်ညီတယ်လို့ လည်း ထိုင်းရဲက ပြောပါတယ်။ မောင်မောင်ကိုတော့ မျက်မြင်သက်သေအဖြစ် ဖမ်းဆီးစစ်ဆေးနေဆဲလို့ ဆိုပါတယ်။

အံ့အားသင့်စရာ ကောင်းတာက အခင်းဖြစ်ပွား ပြီး ရက်တွေကြာလာပေမယ့် ဝင်းဇော်ထွန်း၊ ဇော်လင်းနဲ့ မောင်မောင်တို့ ၃ ဦးစလုံး ကျွန်းပေါ်က ထွက်မပြေးဘဲ ဆက်နေနေတာပါ။ ထိုင်းရဲရဲ့အဆို အောက်တိုဘာ ၁ ရက် ညမှ ဝင်းဇော်ထွန်းက ကျွန်းက ထွက်သွားဖို့ ဆုံးဖြတ်ခဲ့ပြီး အောက်တိုဘာ ၂ ရက် ညနေ ၆ နာရီ သင်္ဘောဆိပ်ကို အထွက်မှာ ရဲက ဖမ်းခဲ့ကြောင်း သိရပါတယ်။ သူ့ကို ဖမ်းဆီး စုံစမ်းရာက ဇော်လင်းနဲ့ မောင်မောင်ကိုပါ နောက်ဆက်တွဲ ဆက်ဖမ်းခဲ့ပါတယ်။

လိပ်ကျွန်းပေါ်က မြန်မာ အလုပ်သမားတွေကတော့ ထိုင်းရဲရဲ့ ထုတ်ပြန်ချက်တွေကို အယုံအကြည် မရှိကြပါ ဘူး။ လိပ်ကျွန်းပေါ်က ထိုင်းရဲတွေဟာ အမှုအခင်းဖြစ်ပြီဆို မြန်မာအလုပ်သမားတွေကို ဓားစာခံ လုပ်တတ်ကြ တယ်လို့ ဆိုကြတယ်။  ပြစ်မှု ကျူးလွန်သူတွေလို့ စွပ်စွဲခံထားရသူ မြန်မာ ၃ ဦးကို စစ်ဆေးမေးမြန်းစဉ်အတွင်း ညှင်းပန်းနှိပ်စက်မှုတွေ လုပ်ခဲ့တယ်။ ရေနွေးပူနဲ့ပါ လောင်းခဲ့တယ်လို့ ပြောကြားကြပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အသင်းကလည်း ကြေညာချက် ထုတ်ပြန် ကန့်ကွက်ပါတယ်။

အသင်းဥက္ကဋ္ဌ ဦးအောင်ကျော်က “သူတို့ ၂ ယောက်မှာ အပြစ်ရှိတယ်လို့ ကျနော်တို့ မယုံကြည်ပါဘူး။ မြန်မာ သံရုံးအနေနဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု လုပ်ဖို့နဲ့ ထိုင်းရဲတွေရဲ့  DNA စစ်ဆေးမှုတွေ လွတ်လပ်စွာ စစ်ဆေး ဖို့ ကျနော်တို့ တောင်းဆိုပါတယ်” လို့ ပြောဆိုထားတဲ့ ကြေညာချက်ကို ဘန်ကောက်က မြန်မာနဲ့ ဗြိတိသျှသံရုံး တွေဆီ ပေးပို့ထားပါတယ်။ ကြေညာချက်အရ စက်တင်ဘာ ၂၇ ရက် နေ့မှာ လူသတ်မှုအတွက် အပူတပြင်းဖြစ် နေကြတဲ့ ထိုင်းရဲတွေ ကမ်းစပ်တနေရာမှာ ခြင်းခတ်နေတဲ့ မြန်မာ ၉ ဦးကို ဝိုင်းခဲ့တယ်။ ၆ ဦး အဖမ်းခံရပြီး ၃ ဦး က နီးစပ်ရာတောအုပ်ထဲ ထွက်ပြေးလွတ်မြောက်ခဲ့တယ်။ အဖမ်းခံရသူ ၆ ဦး နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ တယ်။

ထွက်ပြေး လွတ်မြောက်ခဲ့သူတွေဟာ အခုလူသတ်မှုနဲ့ ပတ်သက်ကြောင်း စွပ်စွဲနေရသူများပါပဲ။ သူတို့ဟာ ဘာလက်မှတ် အထောက်အထားမှ မရှိသူတွေဖြစ်တာမို့ ရဲအဖမ်းမခံချင်တာလို့ ဆိုပါတယ်။ ထိုင်းသတင်းတွေ အဆိုအရ လိပ်ကျွန်းပေါ်မှာ မြန်မာအလုပ်သမား ၅၀ဝ၀ ကျော်ရှိပြီး ၂၀ဝ၀ လောက်က တရားမဝင် အလုပ်လုပ် ကိုင်နေသူတွေ ဖြစ်ကြတယ်။ သူတို့ဟာ ကျွန်းပေါ်က ရဲတွေကို ဘတ်ငွေ ၅၀ဝ (မြန်မာကျပ်ငွေ ၁၅၀ဝ၀ ကျော်) အလုပ်လုပ်ခွင့် ဆက်ကြေးနဲ့ ဆိုင်ကယ်စီးခွင့် ဆက် ကြေး ဘတ် ၅၀ဝ ပေး နေထိုင်ကြရကြောင်း သိရ ပါတယ်။ မြန်မာအလုပ်သမား သတင်းရပ်ကွက်တွေ အဆိုအရ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ဟာ ထိုင်း ကို လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ရောက်လာတာဖြစ်ပြီး ပွဲစားကို ဘတ် ၅၀ဝ၀ ပေးကာ မြန်မာတောင်ဘက်စွန်း ကော့သောင်း တဘက်ကမ်း ရနောင်းမြို့ကတဆင့် ရောက်လာသူတွေလို့ သိရပါတယ်။ ဝင်းဇော်ထွန်းဆို မြန်မာပြည်တခေါက် ပြန်သွားပြီး ထိုင်းထဲပြန်ဝင် လာတာ ၃ လလောက်ပဲ ရှိသေးတယ်လို့ သိရပါတယ်။

ဗြိတိသျှ မီဒီယာတွေ၊ ဆိုရှယ်မီဒီယာပေါ်က လေ့လာစောင့်ကြည့်သူတွေက ထိုင်းရဲရဲ့ စုံစမ်း စစ်ဆေးမှုတွေရဲ့ ကသောင်းကနင်းနိုင်မှု၊ ရှေ့နောက် မညီမှုတွေကို မေးခွန်းထုတ်နေကြပြီး မြန်မာအလုပ်သမားတွေဟာ တကယ့် တရားခံတွေ ဟုတ်ရဲ့လားလို့ သံသယ ရှိကြပါတယ်။ အများဆုံးပြောတာက ဟန်နာရဲ့ မိုဘိုင်းဖုန်းဟာ ပြစ်မှု ကျူးလွန်သူတဦးရဲ့ နေထိုင်ရာအနီးမှာ တွေ့တယ်လို့ ရဲက ပြောပေမယ့် တကယ်တမ်း  ဟန်နာ့ဖုန်းဟာ  သူ့ သူငယ်ချင်း တယောက်က သိမ်းထားခဲ့ပြီး ရဲလက်အပ်ခဲ့တာပါ။

လူ့အခွင့်အရေး လှုပ်ရှားသူတွေကလည်း အဖမ်းဆီးခံရသူတွေကို လုံလောက်တဲ့ ဘာသာပြန်ဆိုမှုနဲ့ ဥပဒေ ဆိုင်ရာ အထောက်အပံ့ မပေးခဲ့မှုတွေအပေါ် မေးခွန်းထုတ်နေကြပါတယ်။ ဘန်ကောက် အခြေစိုက်  Cross Cultural Foundation ရဲ့ ဒါရိုက်တာ ပွန်းပင်ခွန်ချွန်ကီယက်က DNA စစ်ဆေးမှုဖြစ်စဉ်ကို ပွင့်လင်းမြင်သာစေဖို့ တောင်းဆို လိုက်ပြီး မဟုတ်ရင် သံသယဖြစ်ပွားမှု ကြီးမားလာ နိုင်ဖွယ် ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။ နောက်ပြီး ဝန်ခံချက် ပေးခဲ့တယ်ဆိုတဲ့အပေါ် တရားဥပဒေနဲ့ အညီ ဖြစ်၊ မဖြစ် သံသယရှိကြောင်းလည်း ဆိုပါ တယ်။ ထိုင်းရဲတွေ အသုံးပြုတဲ့ ဘာသာပြန်တွေကလည်း “ရိုတီ” မုန့်ရောင်းတဲ့ ဈေးသည် ဖြစ်တာမို့ ဥပဒေအရ တရားဝင်မှု ရှိ၊ မရှိဆိုတာ မေးခွန်း ထုတ်စရာပါ။

လူသတ်မှုနဲ့ပတ်သက်ပြီး သေဆုံးသူ ဒေးဗစ်မီ လာရဲ့ သူငယ်ချင်း ရှောင်မက်အန်နာဆိုသူက အခင်း ဖြစ်ပွားပြီး လိပ်ကျွန်းပေါ်က ထိုင်းမာဖီးယားတို့က သူ့ကို သတ်မယ်လို့ ခြိမ်းခြောက်ခံရကြောင်း၊ ရှောင်မက် အန်နာရဲ့ ဖေ့စ်ဘုတ်မှာ ခြိမ်းခြောက်ခဲ့တဲ့ ထိုင်း လူမျိုး ၂ ဦးကို ဓာတ်ပုံရိုက်တင်ခဲ့ပြီး “ထိုင်းမာဖီး တွေက ကျနော့်ကို သတ်ဖို့ ကြိုးစားနေပါတယ်။ ကျနော့်ကို ကယ်ကြပါ” လို့ ရေးခဲ့ပါသေးတယ်။

ဗြိတိန်အခြေစိုက် မက်ထရို သတင်းဌာနနဲ့ အင်တာဗျူးမှာ ရှောင်မက် အန်နာက အဆိုပါ ထိုင်း ၂ ဦးက မိမိ ကိုယ်မိမိ ဆွဲကြိုးချသေဖို့ ဖိအားပေးခဲ့ ကြောင်း၊ ထို့နောက် လိပ်ကျွန်းက ကော့စမွေကျွန်း ထိုမှတဆင့် ဘန်ကောက်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ တယ်လို့ ပြောပြခဲ့ပါတယ်။ အဆိုပါ ဓာတ်ပုံပါ ထိုင်း လူမျိုး ၂ ဦးကို ထိုင်းရဲက စစ်ဆေးခဲ့ပါတယ်။ တဦး က မွန်သရီဝတ်လို့ခေါ်ပြီး နောက်တဦးက ဗိုရာဖွန်လို့ ခေါ်ပါတယ်။ ဗိုရာဖွန်ဟာ လိပ်ကျွန်းရဲ့ ရွာသူ ကြီးဖြစ်ပြီး အခင်းဖြစ်ပွားရာနဲ့ မဝေးတဲ့ AC စားသောက်ဆိုင် ပိုင်ရှင်ပါ။ မွန်သရီဝတ်က သူ့ညီပါ။ ၂ ဦးစလုံး DNA အစစ်ခံဖို့ ပထမ ငြင်းဆိုကြောင်း သတင်းတွေ ထွက်ခဲ့ပြီး နောက်ဆုံး ရဲဆီမှာ  DNA အစစ်ခံခဲ့ရာ မသက်ဆိုင်လို့ ပြန်လွှတ်ပေးခဲ့တယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။

အခင်းဖြစ်ပွားမှုမှာ ရဲတွေရရှိထားတဲ့ မျိုးရိုးဗီဇ (DNA) စစ်ချက်တွေ၊ စောင့်ကြည့်ရေးကင်မရာ (CCTV) မှတ်တမ်းတွေအရ လူသတ်မှုကျူးလွန်သူ ဟာ အာရှသားဖြစ်မယ်လို့ ယူဆခဲ့ပြီး ကျွန်းပေါ်မှာရှိတဲ့ မသင်္ကာ သူတွေကို စစ်ဆေးမေးမြန်းရာမှာ ထိုင်းတွေအပြင် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ လည်း ပါဝင်ပါတယ်။ ဒီအထဲ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့လည်း ပါဝင်ခဲ့ပြီး မသက်ဆိုင်လို့ ရဲက မှတ်ချက်ချခဲ့ပြီး ပထမ ပြန်လွှတ်ခဲ့ပါ သေးတယ်။ အခု ပြန်အဖမ်းခံရပြီး များမကြာမီ လူသတ်ကြောင်းဝန်ခံတယ်လို့ ဇာတ်ကြောင်းက ပြန်ပြောင်းသွား ပါတယ်။

ဒါ့ကြောင့် ဒီလူသတ်မှုကြောင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ထိခိုက်သွားရမှုကို ပြန်ခေါင်း ထောင်လာစေဖို့ ဖိအားနဲ့ ဗြိတိသျှအစိုးရရဲ့ ထိုင်း အစိုးရအပေါ် နိုင်ငံရေးဖိအားတွေကို အမြန်ရပ်သွားစေဖို့ တရားမဝင် လာ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမားတွေကို ဓားစာခံလုပ်တာလို့ မြန်မာ အလုပ်သမားတွေက ယုံနေကြပါ တယ်။ အတိတ်မှာလည်း ဒီလို အဖြစ်မျိုးတွေ ရှိခဲ့ဖူးပါတယ်။

သက္ကရာဇ် ၂၀ဝ၀ တုန်းက ဗြိတိသျှသူ ကာ စတီဂျုန်းစ် မုဒိန်းကျင့်ခံရပြီး သတ်ဖြတ်ခံရတုန်းကလည်း လမ်းပြ အဖြစ် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ကရင်အမျိုးသားကို ထိုင်းရဲက ရိုက်နှက်ပြီး အတင်းဝန်ခံခိုင်းခဲ့ပါ တယ်။ မြန်မာ အများအပြား ဖမ်းဆီးခံရပြီး တရားခံအစစ်အမှန်ကို မဖော်ထုတ် နိုင်ခဲ့ပါဘူး။ ၂၀ဝ၉ ခုနှစ် ချင်းမိုင်မြို့မှာ ထိုင်း ကျောင်း သူတဦး မုဒိန်းကျင့် အသတ်ခံရတော့လည်း ရှမ်းအလုပ်သမားတွေ အများအပြား အဖမ်းခံရပြီး ၂ ဦးကို ရိုက်နှက်ညှင်းပန်းကာ တရားခံအဖြစ် ဝန်ခံ ခိုင်းခဲ့ပါတယ်။ နောက်ပိုင်း အမှုမှန်ပေါ်ပြီး အဖမ်းခံ ရသူကို ပြန်လွှတ်ပေးခဲ့ဖူးပါတယ်။

အခု အမှုမှာတော့ ထိုင်းရဲက သူတို့ရဲ့ စုံစမ်း တွေ့ရှိချက်ကို အခိုင်အမာ ကာကွယ်ပြောဆိုနေပြီး မြန်မာအလုပ် သမားတွေကို ဓားစာခံရှာတာ မဟုတ် ဘူးလို့ ငြင်းဆိုနေပါတယ်။ မုဒိန်းမှု၊ လူသတ်မှု၊ ည အချိန် ဓားပြတိုက်မှုနဲ့ တရားမဝင် ပြည်ဝင်မှုတွေနဲ့ တရားရုံးမှာ တရားစွဲလိုက်ပါပြီ။ မုဒိန်းမှုနဲ့ လူသတ်မှု မြောက်ရင် ထိုင်းဥပဒေအရ သေဒဏ်ပေးလို့ ရပါ တယ်။ (နောက်ဆုံးသတင်းအရ လုံလောက်တဲ့ အချက်အလက်မပြည့်စုံသေးဘူးလို့ ဆူရပ်ဌာနီခရိုင် တရားရုံးက ရဲကို ပြန်လည် ပြင်ဆင်တင်ပြရန် ညွှန်ကြားလိုက်ကြောင်း သိရပါတယ်။)

အဆိုးထဲက အကောင်းလို့ ဆိုရမလား။ အရင်က မြန်မာအလုပ်သမားတွေနဲ့ ပတ်သက်ရင် လျစ်လျူ ရှုတတ်တဲ့ မြန်မာအစိုးရက ဘန်ကောက်က မြန်မာ သံရုံး ကောင်စစ်ဝန် ဦးအေးထွန်း ဦးဆောင်ပြီး မြန်မာအလုပ်သမား အရေး ဆောင်ရွက်တဲ့အဖွဲ့တွေ ပူးပေါင်းကာ ထိုင်းရှေ့နေတွေနဲ့အတူ ပြစ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံရသူ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ကို သွားရောက်တွေ့ဆုံပြီး အမှုအတွက် အကူအညီပေးနေကြပါပြီ။

မကြာခင် မြန်မာပြည်လာလည်မယ့် ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာကိုလည်း သမ္မတ ဦးသိန်းစိန်က ဒီကိစ္စ မေးမြန်းဆွေးနွေးမယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဧရာဝတီကို ပြောပါတယ်။

ဒါပေမယ့် ဒီကိစ္စ ထိုင်းအစိုးရထံ တရားဝင် စာပို့ထားခြင်း မရှိသေးကြောင်းပြောပြီး ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီးကိုတော့ ထိုင်းနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနထံ သွားရောက်တွေ့ဆုံ ဆွေးနွေးဖို့ ညွှန်ကြားထား တယ်လို့ ဆိုပါတယ်။

ဒီအမှုအတွက် တရားမျှတမှုကို ရှာဖွေရာမှာ မြန်မာတွေသာမက ထိုင်းပြည်သူတွေနဲ့ နိုင်ငံတကာ မီဒီယာတွေက ဧရာဝတီနှင့်အတူ အနီးကပ် စောင့် ကြည့်နေပါကြောင်း။

ချင်းမိုင်မြို့မှ လင်းသန့်၊ ကျော်ခနှင့် ခင်ဦးသာတို့ ပူးပေါင်းပါဝင် ရေးသားသည်။

ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှု ဖြစ်စဉ်
ဧရာဝတီ

စက်တင်ဘာ ၁၅ – ဗြိတိသျှ ကမ္ဘာလှည့်ခရီးသည် Hannah Witheridge  နှင့်  David Miller တို့၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ ရှိ။

စက်တင်ဘာ ၁၇ – ခွဲစိတ်စစ်ဆေးသည့်ရလဒ် များအရ အသတ်ခံရသော Hannah Witheridge  ထံတွင်  ယောက်ျား သုတ်ရည်တချို့ တွေ့ရှိ။ အသတ်မခံရမီ ထိုကမ္ဘာလှည့်ခရီးသည် ၂ ဦး နှင့်အတူ မြင်တွေ့ခဲ့ရသော ဗြိတိသျှ ကမ္ဘာလှည့် ခရီးသည်တဦးကို မေးမြန်းစစ်ဆေး။ DNA စမ်းသပ်ချက်က လူသတ်မှုတွင် အဆိုပါ ဗြိတိသျှ ကမ္ဘာလှည့်ခရီးသည် မပါဝင်ဟု ရဲတပ်ဖွဲ့ပြောဆို။

စက်တင်ဘာ ၁၉ – အသတ်ခံရသူများ၏ အနီးတွင် တွေ့ရှိရသော  စီးကရက်တိုတခုမှ DNA နမူနာနှင့် သေဆုံးသူ အမျိုးသမီးကိုယ် တွင်းတွေ့ရှိရသော သုတ်ရည်နှင့် ကိုက်ညီဟု ရဲတပ်ဖွဲ့ထုတ်ပြန်။  ရဲတပ်ဖွဲ့က လူသတ်မှုဖြစ်ပွား သည့်နေရာတွင် ဆေးလိပ်သောက်ရင်း ဂစ်တာတီးနေခဲ့သည့် အာရှတိုက်သားတဦးကို လုံခြုံ ရေးကင်မရာများတွင် မြင်တွေ့ရပြီး အဆိုပါ အာရှ တိုက်သားကို အပူတပြင်း လိုက်လံစုံစမ်း။

စက်တင်ဘာ ၂၀ – အသတ်ခံရသူ အမျိုး သမီးထံတွင်တွေ့ရှိသောသုတ်ရည်များသည် အာရှတိုက်သားတဦး ထံမှ ဖြစ်သည်ဟု DNA စစ်ဆေးချက်ကို ထုတ်ပြန်။

စက်တင်ဘာ ၂၁ – အခင်းဖြစ်ပွားရာနေရာ အနီးတဝိုက်ရှိ သံသယရှိသူများထံမှ DNA နမူနာ အမြောက်အမြား ရယူစုဆောင်း။ အမှုနှင့် ပတ်သက်၍ ထိုင်းရဲအဖွဲ့၏ ဆောင်ရွက်မှုက နှေးကွေးလွန်းသည်ဟု နိုင်ငံခြား မီဒီယာ များက ဝေဖန်။

စက်တင်ဘာ ၂၆ – လူသတ်မှုကို မြင်တွေ့ခဲ့ရ သည်ဟုပြောဆိုသူ သက်သေတဦးက လူသတ်သမားများသည် နိုင်ငံခြားသားများဖြစ်သည်ဟု မီဒီယာများတွင် ဖော်ပြသည်။

အောက်တိုဘာ ၁ – မြန်မာရွှေ့ပြောင်းလုပ်သား ၃ ဦးကို လူသတ်မှုနှင့် ဆက်နွယ်မှုရှိသည် ဆိုသည့် အကြောင်းပြချက်ဖြင့် ထိန်းသိမ်း။

အောက်တိုဘာ ၂ – ဖမ်းဆီးခံရသူ မြန်မာ ၃ ဦးထဲမှ ၂ ဦးက ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံ။

အောက်တိုဘာ ၃ – ပြစ်မှုကျူးလွန်သည်ဟု ဝန်ခံထားသော မြန်မာ ၂ ဦးက ရဲတပ်ဖွဲ့ဝင်များ နှင့်အတူ အခင်းဖြစ်ပွားသည့်နေရာတွင် ကျူး လွန်မှုကို ပြန်လည်သရုပ်ပြ။

Your Thoughts …
Tags: Thai
ရဲနည်

ရဲနည်

ဧရာဝတီ

Similar Picks:

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

by ဧရာဝတီ
28 September 2024
1.1k

ထိုင်းနိုင်ငံသားတွေ လက်ထဲ ငွေသားတွေ ထည့်ပေးပြီး သုံးစွဲမှုကို အရှိန်အဟုန်နဲ့ အားကောင်းစေမယ်လို့ အဆိုပါ အစီအစဉ် စတင်ခြင်း အထိမ်းအမှတ်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် ဖေထုန်ထန် ရှင်နာဝပ်ထရာ ကလည်း…

ED visa နဲ့  ကျောင်းတက်နေသူတွေကို passport သက်တမ်းတိုးမှု ရပ်ဆိုင်း (ရုပ်/သံ)

ED visa နဲ့ ကျောင်းတက်နေသူတွေကို passport သက်တမ်းတိုးမှု ရပ်ဆိုင်း (ရုပ်/သံ)

by ဘုန်းအောင်
18 September 2024
490

Non-ED Visa နဲ့ ထိုင်းဘာသာစကားသင်တန်း၊ အင်္ဂလိပ်စာနဲ့ တရုတ်စာ သင်တန်း စတဲ့ ကာလတို သင်တန်း တတ်ရောက်နေတဲ့ ကျောင်းသားတွေ များလာတာကြောင့် ဒီသင်တန်းတက်ရောက် နေသူတွေရဲ့ နိုင်ငံကူး လက်မှတ်သက်တမ်းတိုးတာကို မြန်မာသံရုံး ဘန်ကောက်မြို့ နဲ့...

စစ်ခေါင်းဆောင်ကို ဝင်ခွင့်ပြုလို့ ထိုင်းအစိုးရ ဆန္ဒပြခံနေရ (ရုပ်/သံ)

စစ်ခေါင်းဆောင်ကို ဝင်ခွင့်ပြုလို့ ထိုင်းအစိုးရ ဆန္ဒပြခံနေရ (ရုပ်/သံ)

by ဧရာဝတီ
5 April 2025
341

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ BIMSTEC ထိပ်သီး အစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်ပေးခဲ့တဲ့အပေါ် ထိုင်းနိုင်ငံသားတွေရဲ့ ကန့်ကွက် ဆန္ဒပြမှုတွေ ဆက်တိုက် ရှိလာနေပါတယ်။

ထိုင်းရဲ အရာရှိ , မူးယစ်ဆေးဝါးများ, မယ်ဆိုင်မြို့, မြန်မာ-ထိုင်း နယ်စပ်

ထိုင်း ရဲအရာရှိကြီး တဦး မြန်မာ နယ်စပ်က သယ်လာတဲ့ မူးဆစ်ဆေးများနဲ့အတူ ဖမ်းမိ

by လင်းသန့်
19 August 2014
13.4k

မူးယစ်ဆေး ဖမ်းဆီးမှု၌ နာမည် အလွန်ကြီးခဲ့ပြီး မှတ်တမ်း ကောင်းတွေ ရရှိထားတဲ့ ထိုင်း ရဲအရာရှိကြီး ချမ်နန် (Chamnarn Poompaijit) ကို ဘတ်ငွေ သန်း ၁၆ဝ ကျော် (ကျပ်ငွေ သန်း ၄၈ဝဝ...

မြန်မာ စစ်ရာဇဝတ်ကောင်ကို လက်မခံဖို့ ထိုင်းတွေတောင်းဆို (ရုပ်/သံ)

မြန်မာ စစ်ရာဇဝတ်ကောင်ကို လက်မခံဖို့ ထိုင်းတွေတောင်းဆို (ရုပ်/သံ)

by ဧရာဝတီ
4 April 2025
203

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မကြိုဆိုဘူးဆိုပြီး ထိုင်းပြည်သူတချို့ ဆန္ဒဖော်ထုတ်မှုတွေရှိနေသလို လူမှုကွန်ရက်တွေပေါ်မှာလည်း ဝရမ်းထုတ်ခံထားရတဲ့ စစ်ရာဇဝတ်ခေါင်းဆောင်ကို ဖမ်းဆီးပြီး အာဂျင်တီးနားတရားရုံးကို လွှဲပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

by ရန်ပိုင်
1 March 2013
47.2k

၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်း မဲခေါင်မြစ်တွင်း တရုတ်ကုန်တင် သင်္ဘော နှစ်စီးမှ တရုတ် သင်္ဘောသား ၁၃ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ထိုင်းနှင့် တရုတ် အစိုးရတို့က နော်ခမ်းနှင့် အဖွဲ့က ပြုလုပ်သည်ဟု...

Next Post
ထားဝယ်, အထူးစီးပွားရေးဇုန်, SEZ

ထားဝယ် အထူးစီးပွားရေးဇုန်ကို ဘယ်လို အကောင်အထည် ဖော်နိုင်မလဲ

အနုပညာမှာ လွတ်လပ်မှု အရေးပါသလို ထိန်းချုပ်မှုလည်း လိုတယ်

အနုပညာမှာ လွတ်လပ်မှု အရေးပါသလို ထိန်းချုပ်မှုလည်း လိုတယ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate