လိပ်ကျွန်းလူသတ်မှု အမှုမှန်ပေါ်ပေါက်ရေး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်း ဒု ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးကို တိုက်တွန်း
This article has been converted from Zawgyi One to Unicode
လက်ရှိဖြစ်ပွားနေသော လိပ်ကျွန်းဖြစ်စဉ်နှင့် ပတ်သက်၍ ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေးဥပဒေနှင့်အညီ ဆောင်ရွက်ပေးပါရန်နှင့် မြန်မာသံရုံးမှ အထူးအဖွဲ့ဖြင့် လေ့လာနေမှုကို မှန်မှန်ကန်ကန်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံပါကြောင်း၊ အပြစ်ရှိသူကို အပြစ်မပေးမိတာထက် အပြစ်မရှိသူကို အပြစ်မပေးမိရန် လိုသည်ဟူသော ဥပဒေစကားအတိုင်း သေချာစွာ စိစစ်လုပ်ဆောင်ပေးစေ လိုကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Tanasak Patimapragorn ယမန်နေ့က တွေ့ဆုံစဉ် ပြောကြားကြောင်းသိရသည်။ ထိုအပြင်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ နယ်စပ်တည်ငြိမ် အေးချမ်းရေး၊ ဘာသာရေးအစွန်းရောက်များ၏ အကြမ်းဖက်မှုကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်နိုင်ငံသတင်း ဖလှယ်ပူးပေါင်းဖြေရှင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊