လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ ထိုင်းရဲက သက်သေများအဖြစ်ခေါ်ဆောင်လာသည့် မြန်မာနိုင်ငံသား ၃ဦးကို ကော့စမွေ တရား ရုံးတွင် ယနေ့နံနက် ၁၀နာရီခွဲခန့်က စတင်စစ်ဆေးနေပြီဖြစ်ရာ ပထမဆုံး သက်သေ ကိုမောင်မောင်ကို စစ်ဆေးမေးမြန်းမှု ပြုလုပ်နေကြောင်း၊ တခြားသော သက်သေ ၂ဦးဖြစ်သည့် ကိုအောင်ဇော်လင်းနှင့် မနီနီအောင်တို့ဖြစ်သည်။ထို့အပြင် တရားရုံးသို့ လူသတ်မှုနှင့် စွပ်စွဲခံနေ ရသည့် မြန်မာနိုင်ငံသားများဖြစ်သည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ပါ လာရောက်ကြောင်းသိရသည်။ ယခုအကြိမ်တွင် စကားပြန်နှင့် ပတ်သက်၍မူ အပြောင်းအလဲပြုလုပ်ထားရာ ယခင်အများက ဝေဖန်နေသည့် စကားပြန်အစား တခြားသော မြန်မာနိုင်ငံသား တဦးကို အသုံးပြုကြောင်းသိရသည်။ ဤအမှုနှင့် ပတ်သက်၍ မြန်မာသံရုံးမှ တရားဝင်ကိုယ်စားလှယ်ပေးထားသည့်အတွက် လာရောက်သူများမှာ ရှေ့နေ ဦးအောင်မျိုးသန့်၊ ဦးမောင်မောင်ထွေး၊ ဦးမင်းဦး၊ ဦးမိုးဝေ၊ ထိုင်းရှေ့နေ ၂တို့ တရားခွင်သို့သွား ရောက်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။