• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

မိတ်ဆွေတွေကို ပျော်စေချင်တဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်း

by ကျော်ခ
16 October 2014
in Crime
A A
၀င်းဇော်ထွန်း, ဇော်လင်း, လိပ်ကျွန်း

အဖမ်းအဆီး မခံရခင် သူတို့ Facebook စာမျက်နှာတွေပေါ်မှာ တွေ့ရတဲ့ ပုံတွေ ဖြစ်ပါတယ် (ဓာတ်ပုံ - ဝင်းဇော်ထွန်း၊ ဇော်လင်း / Facebook)

21.4k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာတဝန်းက စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုမှာ တရားခံအဖြစ် စွပ်စွဲဖမ်းဆီးခံ ထားရသူ  မြန်မာနိုင်ငံသား လူငယ်လေးနှစ်ဦး ဖြစ်တဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ ဟာ ဖမ်းဆီးမခံ ရခင်ချိန်အထိ၊ တခြားသူတွေလို သူတို့ လည်း လူမှုဆက်သွယ်ရေး ကွန်ရက် Facebook စာမျက်နှာကို အသုံးပြုခဲ့ကြတာတွေ့ရပါ တယ်။

သူတို့ နှစ်ယောက် Facebook ကို စတင်သုံးစဉ်ကတည်းက အဖမ်းအဆီး မခံရခင်ထိ ၊ သူတို့ အသုံးပြုခဲ့တာတွေကို ကြည့်ရင် နှစ်ယောက်လုံးမှာ တူညီတာ တခုကိုသွားတွေ့လိုက်ရမှာဖြစ်ပါတယ်၊ အဲဒါကတော့ နှစ်ဦးလုံးဟာ ရယ်စရာ ဟာသ လေးတွေကို ကြိုက်နှစ် သက်တဲ့ လူငယ်လေးတွေဖြစ်နေတာကိုပါ။

RelatedPosts

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
38
ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

15 May 2025
35
မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

15 May 2025
452

ဝင်းဇော်ထွန်း ကတော့ Way Phyo ဆိုတဲ့ နာမည်နဲ့ Facebook အသုံးပြုသလို၊ ဇော်လင်း ကတော့ သူ့နာမည်အတိုင်း Zaw Lin ဆိုတဲ့ နာမည်နဲ့ပဲသုံးပါတယ်။

သူတို့ Facebook ထဲမှာတော့ သူတို့ကိုယ်တိုင်ကြည့်ခဲ့ရတဲ့ ရယ်စရာဟာသလေးတွေကို မိတ်ဆွေတွေရယ်မောပျော် ရွှင်နိုင် စေဖို့အတွက် ပြန်လည်မျှဝေထားတာကိုတွေ့ရတယ်။

ဇော်လင်းဆိုရင် သူ့ရဲ့ Facebook မှာ နောက်ဆုံး ပို့စ်တင်ခဲ့တာက စက်တင်ဘာ ၅ ရက်နေ့ကပါ။
အဲဒီ နောက်ဆုံးတင်တဲ့ ပို့စ်ဟာ လမ်းသွားလမ်းလာတွေကို ရယ်စရာဖြစ်အောင်နောက်ပြောင်ထားတဲ့ အနောက်တိုင်း ဟာသ ရုပ်သံဖိုင်လေးဖြစ်ပါတယ်။

ဝင်းဇော်ထွန်း ဆိုရင်လည်း  ပျော်ပျော်ရွင်ရွှင်နေတတ်တဲ့ လူငယ်တယောက်ဆိုတာ သူ့ရဲ့ Facebook စာမျက်နှာပေါ်က လူငယ်ဘာသာဘာ၀ စနောက်ရေးသားထားတဲ့ မှတ်ချက်လေးတွေ၊ ဓာတ်ပုံလေးတွေကို ကြည့်ရင် သိနိုင်ပါတယ်။

ဒီလို ပျော်ပျော်နေတဲ့ သူ နှစ်ယောက်ကို လူသတ်မှုနဲ့ သံသယဖြစ်ပြီး ဖမ်းလိုက်တယ်ဆိုတဲ့ သတင်းကြား တော့၊ လိပ်ကျွန်း ပေါ်မှာ ရှိတဲ့ သူ့ မိတ်ဆွေတွေအနေနဲ့ တော်တော်လေး အံ့အားသင့်စရာဖြစ်ခဲ့ရတယ်လို့ သူနဲ့ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေက သတင်းမီဒီယာသမားတွေနဲ့ ဆက်သွယ်တာကို ထိုင်းရဲတွေသိမှာ စိုးရိမ်နေတဲ့ကြားက ရှင်းပြပါတယ်။

လိပ်ကျွန်းမှာရှိတဲ့ ဝင်းဇော်ထွန်း ရဲ့ လုပ်ဖော်ကိုင်ဘက် သူငယ်ချင်း တယောက်ကဆိုရင်“ သူက ကလေးစိတ် တောင်မကုန်သေး ဘူး။ တကယ့်ကလေးစိတ်။ ဘယ်သူပဲဖြစ်ဖြစ် အခက်အခဲဖြစ်ရင် အချိန်မရွေး ကူညီ ပေးရှာတယ်။ သူကို လူသတ် တရားခံဆိုပြီး တီဗွီမှာ တွေ့လိုက်ရတဲ့ အချိန် ကျမဆိုရင်ဆို့သွားတယ်။ တညလုံးတောင်အိပ်မပျော်ဘူး” လို့ ငိုနေရင်းကြားက ရှင်းပြပါတယ်။

ဝင်းဇော်ထွန်း ရဲ့ Facebook ပေါ်မှာလည်း လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့က သူ့ရဲ့ဓာတ်ပုံနဲ့ တွဲတင် ထားတဲ့ မှတ်ချက်လေး တခုကို သွားတွေ့လိုက်ရတယ်။

အဲဒီမှာ“ သူငယ်ချင်းအတွက်နဲ့ ဆေးခန်းရောက်အမှတ်တရးးးးးးး?”  ဆိုပြီး သူ့ သူငယ်ချင်းကို ဆေးခန်း လိုက်ပို့ရင်း ရိုက်ထားပုံရတဲ့ မှတ်တမ်းကို တွေ့ရပါတယ်။

လိပ်ကျွန်းမှာ အလုပ်အတူတူလုပ်ကြပြီး အနီးကပ်ဆုံး သူငယ်ချင်းဖြစ်သူတဦးကလည်း ဝင်းဇော်ထွန်းနဲ့ ဇော်လင်း တို့က ထိုင်းရဲ တွေကို လူသတ်မှုမှာ ပါဝင်ကြောင်း ဝန်ခံလိုက်တယ်ဆိုတဲ့ အပေါ် တော်တော်လေး ယုံကြည်ရခက်နေပုံရပါတယ်။

သူက“ ဝင်းဇော်ထွန်းက တခါတလေ အပျင်းပြေ ဘီယာသောက်တာ၊ သီချင်းဆိုတာတော့ရှိတယ်။ သောက်စားရမ်းကားတဲ့ သူမျိုး မဟုတ်ဘူး။ ကျနော်တော့ ဘယ်လိုမှမယုံဘူး။ ဒီလိုဝန်ခံလိုက်တယ်ဆိုတာ ကျနော်အပါအဝင် ဒီက သူငယ်ချင်းတွေ ဘယ်သူမှမယုံ ဘူး။ ယုံချင်စရာလည်းမရှိဘူးလေ။ သူ့အကြောင်း ကျနော်တို့သိတယ်” လို့ ပြောပါတယ်။

သူတို့နှစ်ယောက်ရဲ့ Facebook စာမျက်နှာတွေပေါ်မှာ နောက်ထပ်တွေ့ရတာက မွေးရပ်မြေရခိုင်ပြည်ကို လွမ်းတဲ့ အကြောင်း၊ နှလုံး သားရေးရာ ခံစားချက်တွေ၊ အလွမ်းပြေတေး သီချင်းတွေနဲ့ သူ့တို့ရဲ့ ဓာတ်ပုံ လေးတွေ ရိုက်တင်ထားတာတွေကလည်း ခုချိန်ထိရှိ နေဆဲပါ။

ဇော်လင်းဆိုရင်လည်း သူ့ရဲ့ Facebook စာမျက်နှာပေါ်မှာ လူပျောက်ကြော်ငြာ တွေကို မိသားစုနဲ့ ပြန် လည်ဆုံတွေ့ရေး ကူညီတင် ပေးခဲ့တာတွေတွေ့ခဲ့ရသလို၊ အမျိုးသားရေးနဲ့ ပတ်သက်တဲ့ ပို့စ်တွေ၊ ထိုင်း နိုင်ငံရောက် မြန်မာအလုပ်သမား တွေအရေးနဲ့ ပတ် သက်တဲ့ ပိုစ့်တွေကို အများသိအောင် ပြန်တင်ထားပေး တာကိုလည်းတွေ့ရပါတယ်။

ဇော်လင်းကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားနှစ်သက် ပုံလည်းရပါတယ်။

ဘာကြောင့်လည်းဆိုတော့ ဒီမိုကရက်တစ် မြန်မာ့အသံ DVB က ထုတ်လွှင့်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဒီမိုကရေစီ လှုပ်ရှားမှု အကြောင်း ရုပ်သံဖိုင်ကို သူ့မိတ်ဆွေတွေသိအောင် ပြန်တင်ထားပါတယ်။

ဇော်လင်းရဲ့ ကတော့  အေးအေးနေတတ်ပြီးစကားနည်းတဲ့ အကြောင်း အလုပ်အကိုင်ကြိုးစားပြီး မိဘအပေါ် သိတတ်သူ တယောက်ဖြစ်တဲ့ အကြောင်း လုပ်ဖော်ကိုင်ဘက် သူငယ်ချင်း တွေက ပြောကြ ပါတယ်။

သူ့မိဘတွေကိုယ်တိုင်ကလည်း ဇော်လင်းဟာ သူတို့ဆီကို လစဉ် ငွေပုံမှန်လွှဲတယ်လို့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်က ပြောပြ ထားတာ တွေ့ရပါတယ်။

သူတို့ သူငယ်ချင်း နှစ်ယောက်အတွက် အပျော်တွေ ဆိတ်သုဉ်းသွားစေခဲ့တဲ့နေ့ကတော့ ဗြိတိန်နိုင်ငံသား ဒေးဗစ်နဲ့ ဟန်နာတို့ အသတ်ခံရမှုမှာ ပါဝင်တယ် ဆိုပြီး ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး ထုတ်ပြလိုက်တဲ့နေ့ဖြစ်မှာပါ။

အခင်းဖြစ်ပြီး နောက်ရက်တွေမှာ ထိုင်းရဲတပ်ဖွဲ့က မြန်မာနိုင်ငံသားတွေကို DNA ခေါ်ယူစစ်ဆေးခဲ့ရာမှာတော့ သူတို့ နှစ်ဦးစလုံး ပါဝင်ခဲ့ပေမယ့်၊ သူတို့ရဲ့ DNA နဲ့ သေဆုံးသူဆီမှာတွေ့တဲ့ DNA ဟာ ကိုက်ညီမှုမရှိဘူးဆိုတဲ့အတွက် ကင်းလွတ်ခဲ့ပါသေးတယ်။

ဒါပေမယ့် နောက်မှာတော့ အခင်းဖြစ်တဲ့ညက ကမ်းခြေမှာ ဂစ်တာတီးနေတဲ့ သူတို့နှစ်ယောက်ဟာ ဒီအမှုရဲ့ တရားခံတွေ ဆိုပြီး ထိုင်းရဲတွေက ပြန်ပြီးထုတ်ပြန်ခဲ့ပါတယ်။

ဒီအမှုဖြစ်စဉ်မှာ သံသယဖြစ်ဖွယ်ရှိတဲ့ လိပ်ကျွန်းသူကြီး သား၊ ညီ နဲ့ ရှောင်မက်အန်နာလို လူတွေ ကို ထိုင်းရဲ တွေက လစ်လျူရှု့ကာ ဇော်လင်းနဲ့ ဝင်းဇော်ထွန်း ဓားစာခံအဖြစ် ဆွဲထည့်တယ်ဆိုပြီး ထိုင်းပြည်သူတွေနဲ့ မှုခင်းပညာရှင်တွေ ကိုယ်တိုင်က ရဲတွေအပေါ် ပြစ်တင်ပြောဆိုနေကြသလို၊ သြဇာကြီးမားတဲ့ ကမ္ဘာ့မီဒီယာကြီးတွေနဲ့ ထိုင်းအခြေ စိုက် သတင်းမီဒီယာတွေကလည်း ဝေဖန် ထောက်ပြခဲ့ကြပါတယ်။

ဝင်းဇော်ထွန်းနဲ့ ဇော်လင်းက ဒီအမှုနဲ့ ပတ်သက်ပြီး ပထမပိုင်းမှာ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပေမယ့် ထိုင်းရဲနဲ့ စကား ပြန်တို့ရဲ့ ရိုက် နှက်ကန်ကျောက်မှုတွေ၊ လျှပ်စစ်ကျင်စက်နဲ့တို့မယ်ဆိုတဲ့ ပြောဆိုခြိမ်းခြောက်မှုတွေကြောင့် မခံနိုင်တဲ့ အဆုံးမှာ ဟုတ်မှန်တယ်လို့ ပြောဆိုခဲ့ရကြောင်း မြန်မာသံရုံး အထူးအဖွဲ့နဲ့ တွေ့ဆုံခွင့် ရချိန်မှာ ဝင်းဇော်ထွန်းက ပြောခဲ့ပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဟာ သူတို့နှစ်ဦးကို အခုလို ရိုက်နှက် ဝန်ခံခိုင်းတာတွေ မပြုလုပ်ခင်မှာ ကျွန်းပေါ်မှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။

စစ်ဆေးရာမှာလည်း မြန်မာအလုပ်သမား ၁၅ ဦးမက ရိုက်နှက်ခံခဲ့ရပြီး တချို့ဆိုရင် ရေနွေးပူနဲ့ အလောင်းခံခဲ့ ရတယ်လို့ဆို ပါတယ်။

ဒီအမှုမှာ တရားခံလို့ စွပ်စွဲခံထားရတဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ ကိုယ်တိုင် စိတ်ထိခိုက် နာကျင်နေရပုံ တွေ့ရသလို၊ သူတို့ရဲ့ အဖြစ်ကို ကြားသိလိုက်ရတဲ့ ဇာတိမြေမှာ ကျန်ခဲ့တဲ့ မိဘတွေလည်း  အပူမီးတွေ ကူးစက်တောက်လောင်ခဲ့ကြ ရပါတယ်။

ဝင်ဇော်ထွန်းရဲ့ အမေဆိုရင် သားဖြစ်သူစိတ်နဲ့ မအိပ်နိုင်မစားနိုင်ဖြစ်ပြီး၊ ပြီးခဲ့တဲ အောက်တိုဘာ ၉ ရက်နေ့ က ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ ထိုင်းနိုင်ငံမှာ အဖမ်းခံထားရတဲ့ပုံကို သတင်းစာတစောင်မှာ တွေ့လိုက် ရချိန်မှာတော့ အိမ်ပေါ်က ခုန်ချတဲ့ အထိ ဖြစ်ခဲ့တယ်လို့ ချွေးမဖြစ်သူကပြောပြပါတယ်။

“အဲဒီသတင်းစာထဲမှာ ဝင်းဇော်ထွန်းပုံနဲ့ ပါလာတယ်။ အဲဒါနဲ့ ငိုပြီး အိမ်ပေါ်ကခုန်ချတယ်။ အောက်ရောက် တော့ သူဘာမှ မဖြစ်ဘူး။ သူသေချင်တယ်။ မနေချင်တော့ဘူးဆိုပြီး ခေါင်းကို ကျောက်ခဲနဲ့ဆောင့်ရင်း သတိမေ့သွားတယ်”  လို့ ချွေးမဖြစ်သူက ရှင်းပြပါတယ်။

ဝင်းဇော်ထွန်းရဲ့ မိဘတွေဖြစ်တဲ့ ဦးထွန်းထွန်းထိုက်နဲ့ ဒေါ်မေသိန်းတို့ဟာ ကျောက်ဖြူမြို့နယ်ထဲက ကာပီဆိုတဲ့ ကျေးရွာလေးမှာ နေတာဖြစ်ပြီး ရခိုင်မုန့်တီနဲ့ ကုန်စိမ်းရောင်းသူတွေပါ။

ဒေါ်မေသိန်းကတော့ သူ့သားဟာ လူသတ်လောက်တဲ့ အထိ မိုက်မဲသူမဟုတ်ဘူးဆိုတာကို ထပ်ခါ တလဲလဲ ပြောပြသလို သူ့သားနဲ့ တွေ့ချင်နေတဲ့ ဆန္ဒကလည်း ပြင်းပြနေပုံရပါတယ်။

“ဝင်းဇော်ထွန်း ဒီလိုလုပ်တာ လုံးဝ မဖြစ်နိုင်ဘူး။ သူ့အကြောင်း ကျမကောင်းကောင်းသိတယ်။ ကျမ မယုံဘူး။ သားက ရွာမှာနေက တည်းက ဟော့ဟော့ရမ်းရမ်းနေတတ်သူမဟုတ်ဘူး။ အမြဲတမ်း တပါးသူ အပေါ် ကူညီ တယ်။ ကျမသားနဲ့ စကားအရမ်းပြောချင် တယ်။ တွေ့ချင်တယ်” လို့ ငိုနေရင်း ရှင်းပြပါတယ်။

အိမ်ပေါ်က ခုန်ချတဲ့ ကိစ္စဟာလည်း သူ့ရင်တွေ ပူလောင်လွန်းလို့ မခံနိုင်ပြီး ခုန်ချတာ၊ သားဖြစ်သူ ကိစ္စနဲ့ သူ အသက်မရှင်ချင် လောက်တဲ့ အထိ စိတ်ဆင်းရဲနေရတယ်လို့လည်း  ဒေါ်မေသိန်းက ဆိုပါတယ်။

ဝင်းဇော်ထွန်းမှာ မွေးချင်းညီအကို နှစ်ယောက်ရှိပြီး၊ ညီအကို နှစ်ယောက်လုံး ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြ တာပါ၊  အကိုကြီး ကတော့ ထိုင်းငါးဖမ်းလှေမှာလုပ်တယ် လို့သိရပါတယ်။

အခုဆိုရင် လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ကို တရားရုံးတင်စစ်ဆေးမှုတွေ ပြုလုပ်နေပါပြီ။ ပထမဆုံး ရုံးထုတ်တဲ့ နေ့က အမှုနဲ့ ပတ်သက်ပြီး ထိုင်းရဲ့ဘက်က သက်သေခံတွေ ဖြစ်တဲ့ မောင်မောင်နဲ့ တခြား မြန်မာ လူငယ်နှစ်ဦးရဲ့  ထွက်ဆိုချက်တွေ အရ အမှုမမြောက်နိုင်ဘူးလို့ မြန်မာသံရုံး အဖွဲ့ရဲ့ ရှေ့နေကြီး ဦးအောင်မျိုးသန့်က မှတ်ချက်ပြုပါတယ်။

မောင်မောင်နဲ့ တခြား မြန်မာနိုင်ငံသား လိုပြသက်သေနှစ်ဦးလည်း အဲဒီနေ့မှာပဲ ဒီအမှုကနေ လွတ်လပ်ခွင့်ပေးလိုက်တဲ့ အတွက် တချို့ဆိုရင် နေရပ်ရင်း မြန်မာနိုင်ငံကို ပြန်ကုန်ကြပြီဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ်ကိုတိုင် သူ့ရဲ့ ရဲတပ်ဖွဲ့တွေ ဘက်က အကာအကွယ်ပေးပြောဆိုနေတဲ့ ဒီအမှုဟာ ဘယ်လိုတွေဆက်ဖြစ်လာဦးမလဲဆိုတာတော့ စောင့်ကြည့် ရဦးမှာပါပဲ။

ဒီအမှုနဲ့ ပတ်သက်ပြီး ဗြိတိန်အစိုးရကိုယ်တိုင်က တရားခံ အစစ်ကို ဖမ်းဆီးပေးရေး ထိုင်းအစိုး ရအား ဖိအား ပေးနေသလို၊ မြန်မာ ဘက်ကလည်း အစိုးရ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အပြင် လွှတ်တော်ကပါ ဖိ အားပေး လုပ်ဆောင် လာတာကိုလည်းရှိလာတာကြောင့် ထိုင်းအာဏာပိုင်တွေအနေနဲ့ မျက်နှာလွှဲခဲပစ်တော့ လုပ်ဖွယ်မရှိဘူးလို့ တချို့ကလည်း မျှော်လင့်နေကြပါတယ်။

မြန်မာပြည်သူတွေကိုယ်တိုင်လည်း ထိုင်းအစိုးရ အနေနဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို တရားခံမဟုတ်ဘဲ လွဲမှားပြီး တရားစီရင်လိုက်မှာကို စိုးရိမ်နေတဲ့ အတွက် ဗြိတိန် အစိုးရထံ စာပို့တောင်းဆိုတာတွေ၊ ဆန္ဒဖော်ထုတ်တာ တွေ ပြုလုပ်နေတာကိုလည်း တွေ့မြင်ရပါ တယ်။

သားဖြစ်သူတွေအတွက် အပူမီးတောက်လောင်နေရတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ မိဘတွေဟာ ထိုင်း နိုင်ငံကို သွားပြီး သားဖြစ်သူတွေနဲ့ တွေ့ချင်ကြပေမယ့်၊ ဆင်းရဲလှတဲ့ သူတို့အတွက်တော ငွေကြေးအခက် ကြုံခဲ့ကြရတယ်။

အခုတော့ သူတို့ကို ကူညီပံ့ပိုးမယ့်သူတွေပေါ်လာတဲ့အတွက် ထိုင်းနိုင်ငံမှာ တရားခံ အဖြစ် စွပ်စွဲခံထားရတဲ့ သားတွေနဲ့ တွေ့ရဖို့ အခွင့်ကြုံလာခဲ့ပါပြီ၊ ဒါကြောင့်လည်း မကြာခင်ရက်ပိုင်းက ထိုင်းနိုင်ငံကို သွားဖို့ ရန်ကုန် ကို ရောက်ရှိလာကြပါပြီ။

ရန်ကုန်ကို ရောက်လာချိန် သူတို့ကိုတွေ့ရတာဟာ ဆင်းရဲ နွမ်းပါးတဲ့သွင်ပြင်နဲ့အတူ မျက်နှာတွေပေါ်မှာလည်း သားတွေရဲ့ စိတ်နဲ့ ပူဆွေးသောကရောက်နေတာ အထင်းသားပေါ်လွင် နေပါတယ်။

ဝင်းဇော်ထွန်းရဲ့ ဖခင် ဆိုရင် သတင်းသမားတွေမေးမြန်းချိန်မှာ စိတ်မထိန်းနိုင်ဘဲ ရုတ်ချည်း ငိုချလိုက်တဲ့ မြင်ကွင်းဟာ မြင်ရ သူတွေအဖို့ စိတ်ထိခိုက်စရာပါ။

ထိုင်းနိုင်ငံရောက်လို့ သားတွေနဲ့ တွေ့ဆုံခွင့်ရလိုက်ရင်လည်း သူတို့တွေ မျက်ရည်ဆည်နိုင်ကြလိမ့်မယ် မထင်ပါဘူး။

ဒီဖြစ်စဉ်ကို စောင့်ကြည့်နေသူတွေကတော့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ဟာ မိဘတွေနဲ့ တွေ့ခွင့်ရတဲ့ အချိန် မှာ အားငယ်စိတ်တွေ လျှော့ကျပြီး၊ အမှန်တရားတွေကို မိဘတွေဆီမှာ ဖွင့်ပြောလိမ့်မယ်လို့လည်း ယုံကြည် နေကြပါတယ်။

သူများတွေရဲ့ အခက်အခဲကို ကူညီလိုစိတ်ရှိပြီး ပျော်ရွှင်စေလိုသူ လူငယ်လေးနှစ်ယောက်ဖြစ်တဲ့ ဝင်းဇော် ထွန်းနဲ့ ဇော်လင်းတို့က တော့ အခုအချိန်မှာ Facebook လည်းမသုံးနိုင်တဲ့ အတွက် Facebook ပေါ်က သူ့ သူငယ်ချင်းတွေ အနေနဲ့ လည်း ပျော်ရွှင် စရာ၊ ရယ်စရာပို့စ် တွေလည်း မြင်နိုင်သေးမှာ မဟုတ်ပါဘူး။

ကိုယ်တိုင် ပျော်တတ်သလို သူများတွေလည်း ပျော်ရွှင်စေချင်တဲ့ ဆန္ဒရှိတဲ့ သူတို့ နှစ်ယောက်ဟာ အခုဆိုရင် ထိုင်းနိုင်ငံ တောင်ပိုင်း က ကော့စမွေ အကျဉ်းထောင်ထဲမှာ သောကတွေ ဘယ်လိုခံစားနေရမ လဲဆိုတာ ကတော့ ကာယကံရှင် တွေထက် ဘယ်သူမှ ပိုသိနိုင်မယ် မထင်ပါဘူး … ။

သူတို့နှစ်ဦးရဲ့ Facebook စာမျက်နှာတွေကတော့
ဝင်းဇော်ထွန်း – https://www.facebook.com/way.phyo.125?fref=pb&hc_location=friends_tab
ဇော်လင်း – https://www.facebook.com/zaw.linn.3958?fref=photo

Your Thoughts …
Tags: Rule of LawThai
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.2k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

by ဧရာဝတီ
28 September 2024
1.1k

ထိုင်းနိုင်ငံသားတွေ လက်ထဲ ငွေသားတွေ ထည့်ပေးပြီး သုံးစွဲမှုကို အရှိန်အဟုန်နဲ့ အားကောင်းစေမယ်လို့ အဆိုပါ အစီအစဉ် စတင်ခြင်း အထိမ်းအမှတ်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် ဖေထုန်ထန် ရှင်နာဝပ်ထရာ ကလည်း…

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

by ဧရာဝတီ
28 August 2014
18.1k

မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

by မေစစ်ပိုင်
1 February 2016
16.1k

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

ED visa နဲ့  ကျောင်းတက်နေသူတွေကို passport သက်တမ်းတိုးမှု ရပ်ဆိုင်း (ရုပ်/သံ)

ED visa နဲ့ ကျောင်းတက်နေသူတွေကို passport သက်တမ်းတိုးမှု ရပ်ဆိုင်း (ရုပ်/သံ)

by ဘုန်းအောင်
18 September 2024
490

Non-ED Visa နဲ့ ထိုင်းဘာသာစကားသင်တန်း၊ အင်္ဂလိပ်စာနဲ့ တရုတ်စာ သင်တန်း စတဲ့ ကာလတို သင်တန်း တတ်ရောက်နေတဲ့ ကျောင်းသားတွေ များလာတာကြောင့် ဒီသင်တန်းတက်ရောက် နေသူတွေရဲ့ နိုင်ငံကူး လက်မှတ်သက်တမ်းတိုးတာကို မြန်မာသံရုံး ဘန်ကောက်မြို့ နဲ့...

စစ်ခေါင်းဆောင်ကို ဝင်ခွင့်ပြုလို့ ထိုင်းအစိုးရ ဆန္ဒပြခံနေရ (ရုပ်/သံ)

စစ်ခေါင်းဆောင်ကို ဝင်ခွင့်ပြုလို့ ထိုင်းအစိုးရ ဆန္ဒပြခံနေရ (ရုပ်/သံ)

by ဧရာဝတီ
5 April 2025
341

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ BIMSTEC ထိပ်သီး အစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်ပေးခဲ့တဲ့အပေါ် ထိုင်းနိုင်ငံသားတွေရဲ့ ကန့်ကွက် ဆန္ဒပြမှုတွေ ဆက်တိုက် ရှိလာနေပါတယ်။

Next Post
Bi မွန်းတည့်နေဂျာနယ် , သတင်းလွတ်လပ်ခွင့် , နိုင်ငံတော်အကြည်ညိုပျက်စေမှု , ပုဒ်မ ၅၀၅ (ခ)

Bi မွန်းတည့်နေ ဂျာနယ် ထုတ်ဝေသူ ၂ ဦးနှင့် သတင်းသမား ၃ ဦး ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ

ဘာမှ မတတ်နိုင်ဘူး

ဘာမှ မတတ်နိုင်ဘူး

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.6k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate