ပြန်ကြားရေး ဝန်ကြီးဌာနက ရေးဆွဲသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းနည်း ဥပဒေကို အောက်တိုဘာ ၁၀ ရက်စွဲဖြင့် အတည် ပြုထုတ်ပြန်လိုက်ပြီဖြစ်ရာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ သတင်းစာနှင့် အထွေထွေထုတ်ဝေစာများအတွက် အသိအမှတ်ပြုလက်မှတ်လျှောက် ထားခြင်း၊ ထုတ်ပေးခြင်း၊ အခကြေးငွေပေးသွင်းခြင်း၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဆိုင်ရာ စည်းကမ်းချက်များ ပါဝင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှတရားဝင် ထုတ်ပြန်ချက်အရသိရသည်။ ထို့ပြင် နည်းဥပဒေအရ အကျုံးဝင်သည့်လုပ်ငန်း လက်မှတ်တိုင်းအတွက် ဝန်ကြီးဌာနမှ သတ်မှတ်ထားသော ၂ နှစ်ဆက်တိုက် လုပ်ငန်းဆောင်ရွက်မှုမရှိခြင်း၊ လုပ်ငန်းလွှဲပြောင်းခြင်း၊ အစုရှယ်ယာ အများစုပိုင်ဆိုင်မှု ပြောင်းလဲခြင်းရှိပါက၊ ပြောင်းလဲသည့် အခြေအနေကို ဝန်ကြီးဌာန သို့ ရက်ပေါင်း ၆၀ အတွင်း အသိပေး တင်ပြမှုမပြုခြင်း၊ လုပ်ငန်းလုပ်ကိုင်နိုင်စွမ်းမရှိကြောင်း ဝန်ကြီး ဌာနသို့တင်ပြခြင်း၊ ဖျက်သိမ်းခြင်းနှင့် ဥပဒေ အရ ရုပ်သိမ်းခံရခြင်း စည်းကမ်းချက်များမှ လွဲ၍ သက်တမ်း ၅ နှစ် အထိ အတည်ပြု ထုတ် ပေးမည်ဖြစ်ကြောင်း သိရသည်။ ၁၉၆၂ ခုနှစ် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေသူများမှတ်ပုံတင်နည်းဥပဒေများ ကို ရုတ်သိမ်းပြီး ယခု နည်းဥပဒေသစ် ကို ထုတ်ပြန်လိုက် ခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။