သတင်း

၀န်ကြီးဟောင်း ဦးဆန်းဆင့် ထောင် ၁၃ နှစ်နှင့် ငွေဒဏ် တသိန်းချခံရမှု အယူခံဝင်မည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ငွေကြေးအလွဲသုံးစားမှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုများဖြင့် တရားစွဲဆိုခံထားရသော သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို အောက်တိုဘာလ ၁၇ ရက်နေ့တွင် နေပြည်တော်ဒကိ္ခဏသီရိခရိုင်တရားရုံးက ထောင်ဒဏ် ၁၃ နှစ်နှင့် ငွေဒဏ် တသိန်းချမှတ်လိုက်ပြီး ချမှတ်ခံလိုက်ရသော ပြစ်ဒဏ်များအတွက် အယူခံဝင်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ငွေကြေး အလွဲသုံးစားမှု ပုဒ်မ ၄၀၉ အတွက် ထောင်ဒဏ် သုံးနှစ်၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) အတွက် ထောင်ဒဏ် ၁၀နှစ်နှင့် ငွေဒဏ် တသိန်းကျပ်ဖြင့် နေပြည်တော် ဒက္ခိဏ သီရီခရိုင်တရားရုံးက ယနေ့ရုံချိန်းတွင် အမိန့်ချမှတ်ခဲ့ကြောင်း၊ ငွေဒဏ် တသိန်းကျပ် မပေးဆောင်လျှင် ထပ်မံ၍ ထောင် ဒဏ် တနှစ် ကျခံရမည် ဆိုသည့်အတွက် ငွေဒဏ် တသိန်းကျပ်ကို ပေးဆောင်ခဲ့ကြောင်း၊ ပြစ်ဒဏ်များအတွက် အယူခံဝင် သွားမည် ဖြစ်ကြောင်း ဦးဆန်းဆင့် ရှေ့နေ ဦးတင်ထွန်း က ဧရာဝတီသို့ ပြောသည်။

“အမိန့်ချပြီးတော့ ဦးဆန်းဆင့်အနေနဲ့ စကားပြောဖို့ ကြိုးစားသေးတယ်။ ဒါပေမယ့် လုံခြုံရေးတွေက အတင်း ခေါ်သွား တယ်။ ကျနော်တို့ ရှေ့နေတွေကလည်း အမိန့်ချလိုက်ပြီဆိုတော့ သူ့ကို ဘာမှ ပေးမပြောတော့ဘူး။ အမိန့်ချပြီးမှ
ပြော တော့ ဘာထူးမှာလဲ။ ကျနော်တို့ကတော့ ဒီအပေါ် ဥပဒေက ပေးအပ်ထားတဲ့ အခွင့်အရေးအတိုင်း အယူခံ ဆက်ဝင်သွားမှာပါ”ဟု ဦးတင်ထွန်းက ဆိုသည်။

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို သာသနာရေး ဌာနပိုင်ငွေ ကျပ် သိန်း ၁၀၀ ကို ကိုယ်ကျိုး အလွဲသုံးစား ပြုသည် ဟု ဆိုကာ ပုဒ်မ ၄၀၉ ( ယုံကြည်အပ်နှံရေး အလွဲသုံးစားမှု) ဖြင့် အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ)မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဌေးလွင်က တရား လို ပြုလုပ်ပြီး နေပြည်တော် ဥတ္တရသီရိမြို့နယ် ဘုရားကုန်း ရဲစခန်း၌ အမှု ဖွင့်၍ ဇွန်လ ၁၉ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် တရားရုံးတင်စစ်ဆေးစဉ် ရဲမှူးကြီး ခင်ဌေးက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ဖြင့် ထပ်မံ တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့် ဖမ်းဆီးအရေးယူခံရမှုနှင့် ပတ်သက်၍ ဦးဆန်းဆင့်အမှုကို ပြန်လည် သုံးသပ်၍ ဖြေလျှော့မှုများ ပြုလုပ်ပေးရန် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းကလည်း ယနေ့ အမိန့်မချမီ အောက်တို ဘာလ ၁၅ ရက်နေ့က သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စု တရားသူကြီးချုပ်တို့ထံ သဝဏ်လွှာ ပေးပို့ခဲ့သည်။

ယင်းသဝဏ်လွှာတွင် ဦးဆန်းဆင့်ကို ပြစ်မှုများရုပ်သိမ်းပေးရန် လွှတ်တော်ကိုယ်စားလှယ် ၅၁ ဦးက လက်မှတ် ရေးထိုး တောင်းဆိုထားကြောင်း အလုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောသည်။

“ထောင်ဒဏ် အနှစ် ၁၀၀ ကျော် ကျခံနေရတဲ့ သူတွေ၊ နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ဒဏ် အပြစ်ပေးခံရတဲ့ သူတွေကိုလည်း သမ္မတက ဂရုနာထားပြီး လွှတ်ပေးနေတာပဲ။ နောက်ပြီး တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ လည်း ငြိမ်းချမ်းရေး တည် ဆောက် နေတာတွေလည်း ရှိနေတာပဲ။ အဲဒီတော့ ကိုယ့်အဝန်းအဝိုင်းထဲက လူတယောက်ကို သနားဂရုဏာထားပြီး သက်ညှာ စွာ စဉ်းစားပေးဖို့ ကျနော်တို့ ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်”ဟု ဦးခိုင်မောင်ရည်က ဆိုသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် ပီနန်ဆရာတော်ကြီးတို့အကြား ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသော မဟာ သန္တိသုခ ကျောင်းတိုက်ကို အာဏာပိုင်များက ဝင်ရောက် စီးနင်းပြီးနောက် မကြာခင်မှာပင် သမ္မတ ဦးသိန်းစိန်က ဦးဆန်းဆင့် ကို နိုင်ငံပိုင်ငွေ အလွဲသုံးစားလုပ်သည် ဆိုကာ နေပြည်တော် ပုဗ္ပသီရိမြို့နယ် တရားရုံးတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၉/၁၀၉ ဖြင့် တရားစွဲဆို ဖမ်းဆီးခဲ့ပြီး ဝန်ကြီးအဖြစ်မှ အနားပေးခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading