သတင်းတို

မြန်မာ့လူ့အခွင့်အရေးနှင့်ပတ်သက်၍ ကုလ သို့ နှစ်စဉ်တင်သွင်းခြင်း ရပ်ဆိုင်းရန် ဦးသိန်းစိန် ဥရောပသမဂ္ဂ ကိုတိုက်တွန်း

This article has been converted from Zawgyi One to Unicode

ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေနှင့် ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိ ယကော်မရှင်တွင် နှစ်စဉ်အဆိုတင်သွင်းနေခြင်းအား ရပ်ဆိုင်းပေးရန် အီတလီ နိုင်ငံ မီလန် မြို့တွင် ကျင်းပနေသည့် ၁၀ ကြိမ်မြောက် အာရှ- ဥရောပ ထိပ်သီးအစည်းအဝေး၏ သီးသန့်အစည်းအဝေးတွင် သမ္မတဦးသိန်းစိန်က တောင်းဆို လိုက် သည်။ မြန်မာနိုင်ငံတွင် လူအခွင့်အရေး စောင့်ရှောက်မှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေပြီး အမျိုးသားလူ့အခွင့် အရေး ကော်မရှင်ကိုလည်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးပြီဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် လူ့အခွင့်အရေးချိုးဖောက် ခံရပါက တိုင်ကြားနိုင်သည့် ယန္တရားတရပ်လည်း ရှိနေပြီဖြစ်သည့်အပြင် အာဆီယံနိုင်ငံများအတွင်း၌ပင် အမျိုးသား လူ့အခွင့်အရေး ထူထောင်သည့် ပဉ္စမနိုင်ငံဖြစ်ကြောင်း၊ ထိုသို့ လူ့အခွင်အရေး လုပ်ဆောင်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေပြီး၊ သိသာ တိုးတက်မှုများ ဖြစ်ထွန်းနေသော်လည်း နိုင်ငံတကာက လုံလောက်သော အသိအမှတ်ပြုမှု မရှိသေးကြောင်းလည်း ပြောဆိုသည်။

Loading