သတင်းတို
တိုင်းရင်းသား လက်နက်ကိုင်များနှင့် ရေရှည်ငြိမ်းချမ်းရေးရရှိရန် အလွန်နီးစပ်ကြောင်း သမ္မတဦးသိန်းစိန်ပြော
This article has been converted from Zawgyi One to Unicode
သမ္မတ ဦးသိန်းစိန်က မိမိတို့ အစိုးရအနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် သက်ဆိုင်သူများနှင့် လက်တွဲဆောင်ရွက်လျှက်ရှိရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးနီးပါးဖြင့် အပစ်အခတ်ရပ်စဲနိုင်ခဲ့ပြီး၊ တနိုင်ငံလုံး အတိုင်းအတာဖြင့် ရေရှည်ငြိမ်းချမ်းရေးရရှိရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း အီတလီ နိုင်ငံ မီလန် မြို့တွင် ကျင်းပနေသည့် ၁၀ ကြိမ်မြောက် အာရှ- ဥရောပ ထိပ်သီးအစည်းအဝေး၏ သီးသန့်အစည်းအဝေးတွင် မိန်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။ သမ္မတဦးသိန်းစိန်က ထိုသို့ပြောကြားသော်လည်း ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျှက်ရှိသည်။