မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် AFC U 19 Championship Myanmar 2014၏ ပြိုင်ပွဲတွင် ပရိတ်သတ်တချို့ကြောင့် အာရှဘောလုံး အဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အား ဒဏ်ကြေးငွေ ဒေါ်လာ ၂၄၀၀၀ နှင့် ၂ နှစ်အတွင်း အိမ်ရှင်အဖြစ် ကျင်းပမည့် နိုင်ငံတကာပြိုင်ပွဲ များမှ ပွဲစဉ်(၁)ပွဲအား ပရိသတ်မပါဘဲ ကစားစေရန် အောက်တိုဘာ ၁၉ ရက်နေ့က အရေးယူခဲ့သည်။ အောက်တိုဘာ ၁၃ ရက်နေ့က သုဝဏ္ဏ ဘောလုံးကွင်းတွင် အီရန်နှင့် ပွဲစဉ်တွင် ပရိသတ်တချို့က ပွဲကြည့် ထိုင်ခုံများအား ရိုက်ချိုးဖျက်ဆီး၍ ကွင်းအတွင်းသို့ ပစ်ပေါက်ခြင်း သတ်မှတ်နေရာများတွင် အားပေးမှု မရှိခြင်း၊ အောက်တိုဘာ ၁၇ ရက်နေ့ ယူအေအီး အသင်းနှင့် ကစားခဲ့သည့် ကွာတားဖိုင်နယ် ပွဲစဉ်အနိုင်ရရှိခဲ့ပြီး ပရိသတ်တချို့ ကွင်းအတွင်း မြက်ခင်းပြင်ပေါ်သို့ ဝင်ရောက်၍ အောင်ပွဲခံခဲ့ပြီး၊ ပြိုင်ဘက်အသင်းအား မလိုလားအပ်သော နောက်ပြောင်မှုများ၊ ကွင်းအတွင်းရှိ အားကစားဆိုင်ရာ ပစ္စည်းအချို့ ပျက်စီးခဲ့ခြင်းတို့ကြောင့် အရေးယူ ခဲ့ခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။