သတင်းတို

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် SSA/ SSPP ဆွေးနွေး

This article has been converted from Zawgyi One to Unicode

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်အဖွဲ့နှင့် အတွင်း ရေးမှူး ဦးစဝ်ခွန်ဆိုင် ဦးဆောင်သည် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA)တို့ ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်နေ့က ရှမ်းပြည်နယ် လားရှိူးမြို့ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် တွင် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ နိုင်ရေးတွေ့ ဆုံဆွေနွေး ကြောင်း၊ ဆွေးနွေးပွဲကို ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း မြန်မာ့တပ်မတော်မှ အရှေ့မြောက် ပိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်စိုး၊ အရှေ့အလယ်ပိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကို ကိုနိုင်တို့ တက်ရောက်ကြောင်း ယနေ့ထုတ်အစိုးရ သတင်းစာများတွင်ဖော်ပြထားသည်။ ယခုလဆန်းပိုင်းက မြန်မာ့တပ်မတော်နှင့် SSA/ SSPP တပ်များ ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ် အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။

Loading