၂၀၁၅ နိုဝင်ဘာလ၌ တနိုင်ငံလုံး ရွေးကောက်ပွဲကျင်းပနိုင်ရေး လာမည့် နိုဝင်ဘာလတွင်မဲဆန္ဒရှင် စာရင်းများ စတင်ပြုစုသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ အတည်ပြုပြောကြား လိုက်သည်။ တနိုင်ငံ လုံး မဲဆန္ဒရှင်စာရင်း ပြုစုခြင်း လုပ်ငန်းကို အဆင့် သုံးဆင် ခွဲခြား၍ ဆောင်ရွက်မည်ဖြစ်ပြီး ပထမဆင့်ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလအထိ လည်းကောင်း၊ ဒုတိယအဆင့်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၅ ခုနှစ် မတ်လအထိ လည်းကောင်း၊ တတိယအဆင့်ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှ မေလအထိ လည်းကောင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့ ပန်ဒါဟိုတယ်တွင် ကျင်းပသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် သိရှိရသည်။ ယမန်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများ တွေ့ဆုံပွဲတွင် ၂၀၁၅ ရွေးကောက်ပွဲကို လာမည့်နှစ် နိုဝင်ဘာလ ပထမအပတ်တွင် နောက်ဆုံးထား ကျင်းပနိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးမှ အတည်ပြု ပြောကြားခဲ့ပြီး ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။