• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျိုက်ထီးရိုး တောင်တက် အထမ်းသမား သမဂ္ဂများ လုပ်ပိုင်ခွင့် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ စွက်ဖက်ဟု ဆို

by ကျိုက်ထိုသူ
22 October 2014
in သတင်း
A A
ကျိုက်ထီးရိုး , တောင်တက် အထမ်းသမား , အလုပ်သမား ဝန်ကြီးဌာန

ကျိုက်ထီးရိုး ဘုရားတွင် ဘုရားဖူးများကို ဝန်ဆောင်ခယူကာ ထမ်းစင်ဖြင့် သယ်ပိုးပေးနေသည့် တောင်တက် အထမ်း သမားများကို ရင်ပြင်တော် အတက်အဆင်းလမ်းတွင် အောက်တိုဘာ လဆန်းပိုင်းက တွေ့မြင်ရစဉ် (ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ)

2.2k
VIEWS
Share on FacebookShare on Twitter

မွန်ပြည်နယ် ကျိုက်ထိုမြို့ ကျိုက်ထီးရိုး တောင်ပေါ်ရှိ တောင်တက် အထမ်းသမား သမဂ္ဂများ၏ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များကို မြို့နယ် အုပ်ချုပ်ရေး အဖွဲ့က ဝင်ရောက် လုပ်ကိုင်နေခြင်းကြောင့် မကြေလည်မှုများ ရှိနေသည့်အတွက် သက်ဆိုင်ရာ အစိုးရ အဖွဲ့က ဖြေရှင်းပေးရန် လိုအပ်နေကြောင်း သတင်းရရှိသည်။

ထို့အပြင် တောင်တက်အထမ်းသမား သမဂ္ဂများကို အလုပ်သမား ဝန်ကြီးဌာနက တရားဝင် ခွင့်ပြုချက်ဖြင့် ဖွဲ့စည်းပေးထား သော် လည်း ကျိုက်ထို မြို့နယ် အုပ်ချုပ်ရေး အဖွဲ့က အသိအမှတ် မပြုကြောင်းလည်း တောင်တက် အထမ်းသမား သမဂ္ဂ အမှတ် ၁၂၅ ၏ ဥက္ကဋ္ဌ ဦးစိန်ဝင်းက ပြောသည်။

RelatedPosts

ရန်ကုန်မှာ အလုပ်သမားဆန္ဒပြပွဲ ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

ရန်ကုန်မှာ အလုပ်သမားဆန္ဒပြပွဲ ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

19 May 2025
5
အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

19 May 2025
1k
တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

19 May 2025
708

“ကျနော်တို့က အလုပ်သမား ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ တရားဝင် မှတ်ပုံတင်ပြီး ဖွဲ့ထားတာ။ ဒါပေမယ့် ကျနော်တို့ သမဂ္ဂတွေကို  ၂ လပဲ လုပ်ခွင့်ပြုခဲ့ပြီး ကျနော်တို့ရဲ့ လုပ်ပိုင်ခွင့်တွေ၊ ရပိုင်ခွင့်တွေကို အုပ်ချုပ်ရေး အဖွဲ့က ဝင်ရောက် စွက်ဖက်နေတယ်”ဟု ၎င်းက ပြောပြသည်။

ကျိုက်ထီးရိုး တောင်ပေါ်တွင် တောင်တက် အထမ်းသမား အလုပ်သမားဦးရေ ၉၀၀ ဝန်းကျင် ရှိပြီး အလုပ်သမား သမဂ္ဂ အမှတ် ၁၂၅ နှင့် ၁၂၆ တို့ကို ၂၀၁၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

အလုပ်သမားများက ကျိုက်ထီးရိုး တောင်ပေါ်တွင် ပွဲတော်ကာလ ၇ လအတွင်း ကုန်ထမ်း အလုပ်သမား လုပ်ကိုင်ခွင့် လက်မှတ် အတွက် အုပ်ချုပ်ရေး အဖွဲ့သို့ တဦးလျှင် ၇၅၀၀ ကျပ် နှုန်းစီပေးရကြောင်း ပြောပြကြသည်။

ကျိုက်ထီးရိုး တောင်ပေါ်တွင် တောင်တက်အထမ်းသမား အလုပ်သမား စုစုပေါင်း ၉၀၀ ခန့်ရှိရာ အလုပ်သမား လုပ်ကိုင်ခွင့် လက်မှတ် အတွက် ကောက်ခံရရှိငွေ တနှစ်လျှင် စုစုပေါင်း ကျပ် ၆၂ သိန်းကျော် (၆,၂၂၅,၀၀၀)ရှိကြောင်း သိရသည်။

မြို့နယ်အုပ်ချုပ်ရေး အဖွဲ့မှ ယင်းသို့ ငွေကြေးကောက်ခံမှုများနှင့် ပတ်သက်၍ “အဲဒီငွေတွေကို ဘယ်လို သုံးတယ် ဆိုတာ ရှင်းပြ တာမျိုး မရှိဘူး။ အရင်နှစ်က ငွေစာရင်း ရှင်းတမ်းတွေကိုလည်း ဒီနေ့အထိ မရှင်းပြသေးဘူး”ဟု ဦးစိန်ဝင်းက ပြောသည်။

ကျိုက်ထီးရိုး တောင်ပေါ် ယာဉ်ရပ်နားစခန်းရှိ ကုန်ထမ်းအလုပ်သမ တဦးကလည်း “ကျမတို့မှာ တနှစ်လုံးစာ ပေးထားပြီးတဲ့ အပြင် တခါ အထမ်းထွက်ရရင် ဂိတ်ကြေး ၂၀၀ ကျပ် စီ ပေးရသေးတယ်။ ဆင်းရဲလွန်းလို့သာ လုပ်နေရတာ။ အထမ်းသမားဘဝက ဟိုလူ့ကြောက်ရ၊ ဒီလူ့ ကြောက်ရနဲ့”ဟု ပြောဆိုသည်။

ထို့ပြင် အလုပ်သမားများကို ကြီးကြပ်ကိုင်တွယ်ရမည့် အလုပ်သမားခေါင်းဆောင်များ ရွေးချယ်ရာတွင် အလုပ်သမားများ၏ ဆန္ဒနှင့် ကိုက်ညီပြီး အလုပ်သမား လုပ်သက် အနည်းဆုံး ၆ လ ရှိသူ စသည့် အချက်များနှင့် ကိုက်ညီရမည်ဟု အလုပ်သမား ဝန်ကြီးဌာန တာဝန်ရှိသူများ လာရောက်စဉ်က ပြောကြားခဲ့သော်လည်း လက်တွေ့ ကျင့်သုံးသည့် စနစ်က ဆန့်ကျင်ဘက် ဖြစ်နေကြောင်း အလုပ်သမား သမဂ္ဂ အမှတ် ၁၂၅ ၏ ဥက္ကဋ္ဌ ဦးစိန်ဝင်းက ပြောကြားသည်။

လက်ရှိတွင် ကျိုက်ထိုမြို့နယ် အုပ်ချုပ်ရေးမှူး၏ တာဝန်ပေးချက်အရ ကျိုက်ထီးရိုး တောင်ပေါ်ရှိ အလုပ်သမား အဖွဲ့၏ ဥက္ကဋ္ဌတာဝန် ကို ဘုရားဂေါပက အဖွဲ့ကလည်းကောင်း၊ ဘဏ္ဍာရေးမှူး တာဝန်ကို တောင်တက် မော်တော်ယာဉ်အသင်းက လည်းကောင်း၊ အတွင်း ရေးမှူးတာဝန်ကို ကျေးရွာ အုပ်ချုပ်ရေးမှူးများက လည်းကောင်း အသီးသီး တာဝန်ယူထားကြောင်းလည်း ၎င်းက ဆိုသည်။

ကျိုက်ထီးရိုးတောင်ပေါ်တွင် ကုန်ထမ်းနှင့် လူထမ်း စသဖြင့် အလုပ်သမားများရှိရာ တနှစ်ပတ်လုံး ပေးဆောင်ရသည့် ငွေ ၇၅၀၀ ကျပ် အပြင် အထမ်းတကြိမ် ထမ်းခွင့်ရတိုင်း ဂိတ်ကြေးပေးသွင်းရသည့် ပမာဏမှာလည်း ကွဲပြားမှုရှိသည်။

လူထမ်း တထမ်းလျှင် အတက်အဆင်း ၁၆၀၀၀ ကျပ်နှုန်း သတ်မှတ်ထားရာ ဂိတ်ကြေး ၇ ရာခိုင်နှုန်း(၁၃၀၀ ကျပ်) ပေးဆောင်ရကြောင်း၊ ကုန်တထမ်းလျှင် ၄၅၀၀ ကျပ်နှုန်း သတ်မှတ်ထားပြီး ဂိတ်ကြေး ၂၀၀ ကျပ် ထပ်မံပေးဆောင်ရကြောင်း အထမ်းသမားများပြောသည်။

အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ ရသေ့တောင်စခန်း အလုပ်သမား ကြီးကြပ်ရေး ကော်မတီ အုပ်ချုပ်ရေးမှူး ဦးသန်းလွင်အား ဆက် သွယ်မေးမြန်းခဲ့ရာ “အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ မနှစ်က အတွက် ငွေကြေး ရှင်းတမ်းတွေကိုတော့ ကျနော်တို့ မရှင်းပြရသေး ဘူး။ ဒီနှစ် အတွက်နဲ့ ၂ နှစ်စာ ပေါင်းပြီးရှင်းပေးသွားမှာပါ”ဟု ပြန်လည် ရှင်းပြခဲ့သည်။

ထို့အပြင် အလုပ်သမားများထံမှ ၎င်းတို့ နှစ်စဉ် ကောက်ခံရရှိသည့် ငွေကြေးများဖြင့် အလုပ်သမားများ၏ သာရေး နာရေးကို ကူညီ ထောက်ပံ့ပေးလျက် ရှိကြောင်း၊ သာရေး ၃၀၀၀၀ ၊ နာရေး ၅၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးထားကြောင်း၊ ယနေ့အထိ လက်ကျန်ငွေမှာ ကျပ် ၅ သိန်းသာ ကျန်ရှိကြောင်းလည်း ၎င်းက ပြောကြားသည်။

အလုပ်သမားများ အတွက် ကူညီထောက်ပံငွေ ပေးသည်ဟု ဆိုသော်လည်း လက်တွေ့တွင် ခံစားခွင့် မရရှိသူများလည်း ရှိနေကြောင်း အမည် မဖော်လိုသည့် ကုန်ထမ်း အမျိုးသမီး တဦးက ပြောသည်။

အလုပ်သမား သမဂ္ဂအမှတ် ၁၂၅ က မှတ်သားထားသော ကိန်းဂဏန်းများအရ အလုပ်သမားများ ထံမှ ကောက်ခံထားသည့် ငွေစုစုပေါင်း၏ ၃ ရာခိုင်နှုန်းအား ဘုရားကြီး၏ အလှူငွေအဖြစ် လည်းကောင်း၊ ၂ ရာခိုင်နှုန်းအား အလုပ်သမားများအတွက် ထောက်ပံ့ ငွေအဖြစ်လည်းကောင်း၊ အလုပ်သမား ကြီးကြပ်ရေး ကော်မတီ၏ အထွေထွေအသုံးစရိတ်အဖြစ် ၂ ရာခိုင်နှုန်းကိုလည်းကောင်း အသီးသီးသုံးစွဲရန် သတ်မှတ်ထားကြောင်း သိရသည်။

Your Thoughts …
Tags: Rule of Law
ကျိုက်ထိုသူ

ကျိုက်ထိုသူ

Contributor

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.2k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

by ဧရာဝတီ
28 August 2014
18.1k

မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

by မေစစ်ပိုင်
1 February 2016
16.1k

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

by မေစစ်ပိုင်
21 January 2016
42.4k

ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

ခွန်ဆာ

ကျားထောင်ချောက်နဲ့ ခွန်ဆာ

by အောင်မြို့
4 June 2016
19.1k

၁၉၉၆ မှာတော့ အမေရိကန်တွေကို အံ့အားသင့်စေတဲ့ အကွက်ရွှေ့မှုအဖြစ် မြန်မာ န၀တ အစိုးရဆီမှာ လက်နက်အပ်ပြီး ခွန်ဆာနဲ့ သူ့ဇနီးတွေ၊ သားသမီးတွေက ရန်ကုန်မှာ အစိုးရရဲ့ အစောင့်အရှောက်နဲ့ နေလိုက်ကြပါတော့တယ်။

Next Post
တောင်ကြီးတန်ဆောင်တိုင်, မီးပုံးပျံ, ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်,၁၂လရာသီပွဲတော်များ

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ဖြစ်ရေး ကြိုးပမ်းနေ

လိပ်ကျွန်း, ဝင်းဇော်ထွန်း, ဇော်လင်း

လိပ်ကျွန်း လူသတ်မှု လုံးဝကျူးလွန်ခြင်းမရှိဟု စွပ်စွဲခံ မြန်မာ ၂ ဦး ငြင်းပြီ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate