သတင်းတို

ရွှေမြန်မာနှင့် Tigerair ပူးပေါင်း၍ စင်ကာပူ- ရန်ကုန် လေကြောင်း လိုင်းသစ်ပြေးဆွဲ

This article has been converted from Zawgyi One to Unicode

ရွှေမြန်မာလေကြောင်းလိုင်း(Golden Myanmar Airline) နှင့် စင်ကာပူ အခြေစိုက် Tigerair ပူးပေါင်း၍ စင်ကာပူ- ရန်ကုန် တိုက်ရိုက်ပြေးဆွဲသည့်ခရီးစဉ်ကို ယမန်နေ့က စတင်လိုက်ကြောင်း သိရသည်။ စင်ကာပူ- ရန်ကုန်- စင်ကာပူ ခရီးစဉ်များကို တရက်လျှင် တကြိမ် နေ့စဉ် တိုက်ရိုက်ပြေးဆွဲပျံသန်းပေးမည်ဖြစ်ကြောင်း ယနေ့ထုတ်အစိုးရ သတင်းစာတွင်ဖော်ပြ ထားသည်။ ရွှေမြန်မာလေကြောင်းလိုင်းသည် မကြာသေးမီကလည်း ရန်ကုန်- ချင်းမိုင်- ရန်ကုန် ခရီးစဉ်များကိုလည်း တိုးချဲ့ ပြေးဆွဲခဲ့သေးသည်။

Loading