• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရန်ကုန်တွင် ကိုပါကြီး အမှုမှန်ဖော်ထုတ်ရေး တောင်းဆိုသူများ ပုဒ်မ ၁၈ ဖြင့်အမှုဖွင့်ခံရ

by သူဇာ
27 October 2014
in သတင်း
A A
ကိုပါကြီး, ပုဒ်မ ၁၈ , ရန်ကုန်, တရားမျှတမှု , ရဲတပ်ဖွဲ့ , ကျောက်တံတား, ၈၈ မျိုးဆက်ကျောင်းသား, လူမှုအဖွဲ့အစည်း, တပ်မတော်, မိုးသွေး, မင်းကိုနိုင်, ကိုကိုကြီး

အောက်တိုဘာလ ၂၆ ရက်နေ့ ရန်ကုန်မြို့တော် ခန်းမရှေ့ ဆန္ဒပြပွဲ (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

2.4k
VIEWS
Share on FacebookShare on Twitter

စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း သေဆုံးသွားခဲ့ရသော ကိုပါကြီးသေဆုံးမှု အမှုဖော်ထုတ်ရေးအတွက် အောက် တို ဘာလ ၂၆ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် လူမှုအဖွဲ့အစည်းပေါင်း ၄၆ ခုက စုဝေးတောင်းဆိုခဲ့ရာ ခွင့်ပြုချက် မယူဘဲ တောင်းဆို ဆန္ဒပြသူများကို ကျောက်တံတားမြို့နယ်ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ယနေ့ အမှုဖွင့်လိုက်ကြောင်း သတင်းရရှိသည်။

ကိုပါကြီး သတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွင် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)၊ Generation Wave ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ တက္ကသိုလ် ကျောင်းသား များ သမဂ္ဂ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အပါအဝင် အဖွဲ့အစည်းပေါင်း ၄၆ ခုက စုဝေးတောင်းဆိုခဲ့သော်လည်း ကျောက်တံတား မြို့နယ်ရဲစခန်းက Generation Wave အဖွဲ့ခေါင်းဆောင် ကိုမိုးသွေးနှင့်အဖွဲ့ဟု အမည်တပ်ကာ အမှုဖွင့် လိုက်ခြင်းဖြစ်ကြောင်း ကျောက်တံတားမြို့နယ်ရဲစခန်းမှ သိရှိရသည်။

RelatedPosts

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
36
ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

15 May 2025
33
မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

15 May 2025
447

“ကိုမိုးသွေးနဲ့ အဖွဲ့ကို ပုဒ်မ ၁၈နဲ့ အမှုဖွင့်ထားတယ်။ ဘယ်သူတွေပါမလဲဆိုတာကိုတော့ အခု စီစစ်နေဆဲပဲ ရှိပါသေး တယ်”ဟု ကျောက်တံတား ရဲစခန်းမှ တာဝန်ကျရဲအရာရှိတဦးက ဧရာဝတီသို့ ပြောကြားသည်။

ကိုမိုးသွေးကလည်း ပုဒ်မ ၁၈ ဖြင့် မိမိကို အမှုဖွင့်ထားသည်မှာ မှန်ကန်ကြောင်း ကျောက်တံတားမြို့နယ်ရဲစခန်းထံ စုံစမ်း မေးမြန်းချက်အရ သိရှိရသော်လည်း လက်ရှိအချိန်အထိ မိမိကို တစုံတရာ အကြောင်းကြားခြင်းမရှိသေးဟု ဧရာဝတီသို့ ပြောသည်။

“ရဲစခန်းက ဟုတ်တယ်လို့ ပြောတယ်။ ဒါနဲ့ သောကြာနေ့က ဆန္ဒပြခွင့် တင်ထားတဲ့ စာမှာ လိပ်စာပါတယ်။ အဲဒီလိပ်စာ အတိုင်း ကျနော့်ကို တရားစွဲဆိုထားကြောင်း တရားဝင်စာပို့ပါလို့ ပြောလိုက်တယ်။ ဒါနဲ့ ဖုန်းနံပါတ် တလုံးပေးတယ်။ အဲဒီကို ဆက်ကြည့်တော့ ဖုန်းလုံးဝဆက်မရဘူး။ ဒါနဲ့ ကျနော် နဂိုဆက်တဲ့ ဖုန်းကိုပဲ တောက်လျှောက်ဆက်တော့မှ ဖုန်းကိုင်ပြီး စခန်းမှူး မရှိသေးပါဘူးလို့ ပြောတယ်။ ဒါကြောင့် ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားတဲ့ ကိစ္စကို ကျနော် ဘာမှ မသိရသေးပါဘူး” ဟု ကိုမိုးသွေးက ဆိုသည်။

ရန်ကုန်မြို့တော်ခန်းမရှေ့ ဆန္ဒထုတ်ဖော်ပွဲတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၊ မင်းကိုနိုင်တို့က မိန့်ခွန်း ပြောဆိုခဲ့ရာ ဆန္ဒထုတ်ဖော်သူများကို ပုဒ်မ ၁၈ ဖြင့် ကျောက်တံတားရဲစခန်းက အမှုဖွင့်ထားခြင်းနှင့်ပတ်သက်၍ သဘော ထားမှတ်ချက် တစုံတရာ မပေးလိုဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုက ပြောဆိုသည်။

ကိုပါကြီးသေဆုံးမှုသည် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ပြီး ယခင်စစ်အစိုးရ၏ အကျင့်ဆိုးများကို ပြင်ဆင်ခြင်း မရှိသေးကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များက ရန်ကုန်မြို့ ဆန္ဒထုတ်ဖော်ပွဲတွင် ပြောဆိုခဲ့ကြသည်။

လူမှုအဖွဲ့အစည်း ၄၆ ခုကလည်း ကိုပါကြီးသေဆုံးမှုနှင့်ပတ်သက်၍ ပူးတွဲ ကြေညာချက်တစောင် အောက်တိုဘာလ ၂၆ ရက်နေ့ တွင်ထုတ်ပြန်လိုက်ပြီး ယင်းကြေညာချက်တွင် လက်နက်ကိုင် အဖွဲ့အစည်းနှင့် ချိတ်ဆက်မှု ရှိသည်ဟု ဆိုကာ စစ်တပ်က ဖမ်းဆီးချုပ်နှောင်ရာတွင် တရားရုံး၏ ချုပ်နှောင်ခွင့်ပြုမှု မရယူခြင်း ၊ ဥပဒေဖြင့် အကာအကွယ် မပေးခဲ့ခြင်း၊
သေဆုံးသွားခဲ့ခြင်းကို သေဆုံးပြီး သီတင်းနှစ်ပတ်ကျော်မှ သတင်းထုတ်ပြန်ပေးခြင်း၊ အလောင်းကို ဖျောက်ဖျက်ခြင်း စသည့် သံသယဖြစ်စရာများ ရှိနေသောကြောင့် အမှုမှန်ဖော်ထုတ်ပေးရန် တောင်းဆိုထားသည်။

Your Thoughts …
Tags: Rule of Law
သူဇာ

သူဇာ

ဧရာဝတီ

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.2k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

by ဧရာဝတီ
28 August 2014
18.1k

မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

by မေစစ်ပိုင်
1 February 2016
16.1k

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

by မေစစ်ပိုင်
21 January 2016
42.4k

ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

ခွန်ဆာ

ကျားထောင်ချောက်နဲ့ ခွန်ဆာ

by အောင်မြို့
4 June 2016
19.1k

၁၉၉၆ မှာတော့ အမေရိကန်တွေကို အံ့အားသင့်စေတဲ့ အကွက်ရွှေ့မှုအဖြစ် မြန်မာ န၀တ အစိုးရဆီမှာ လက်နက်အပ်ပြီး ခွန်ဆာနဲ့ သူ့ဇနီးတွေ၊ သားသမီးတွေက ရန်ကုန်မှာ အစိုးရရဲ့ အစောင့်အရှောက်နဲ့ နေလိုက်ကြပါတော့တယ်။

Next Post
မီဒီယာ, ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်း , NLD , လွှတ်တော်

“ကောင်းမွန်တဲ့ ဥပဒေတွေ မထွက်လာနိုင်တာ တော်တော်များများ တွေ့ရတယ်”

၁၃ နှစ်မလေး မအေးကောင်းနှင့် မအေးကောင်း များစွာ

၁၃ နှစ်မလေး မအေးကောင်းနှင့် မအေးကောင်း များစွာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.6k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate