သတင်းတို

လိပ်ကျွန်း လူသတ်မှု စွပ်စွဲခံ မြန်မာ ၂ ဦးဘက်မှ ထိုင်းရှေ့နေများ ကောင်စီ အခကြေးငွေ မယူပဲ လိုက်မည်

This article has been converted from Zawgyi One to Unicode

လိပ်ကျွန်းလူသတ်မှု၌ စွပ်စွဲခံရသည့် မြန်မာ ၂ဦး၏ အမှုကို ထိုင်းရှေ့နေများကောင်စီက အခကြေးငွေ မယူပဲ မေတ္တာဖြင့် စေတနာဝန်ထမ်း အစအဆုံး လိုက်ပါဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာသံရုံးမှ ယနေ့ တရားဝင်အမှု လိုက်ပါဆောင်ရွက်ရန် အပ်နှံစဉ် ရှေ့နေများကောင်စီဥက္ကဌက ယနေ့ ပြောဆိုလိုက်သည်။ ဤ အမှုသည် ထိုင်းရှေ့နေများအတွက် အထူးစိတ်ဝင်စားဖွယ်ကောင်းသည့် အမှု ကြောင်း ထို့အတွက် မိမိအပါအဝင် ထိုင်းနိုင်ငံ ရှေ့နေများကောင်စီအဖွဲ့ဝင် ၂၀ ဦးက လိုက်ပါကာ မြန်မာအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး အကောင်းဆုံးဖြစ်အောင် မိမိတို့ ဆောင်ရွက်သွားမည်ဟု စွပ်စွဲခံ မြန်မာ ၂ဦး၏ မိဘများကို ကတိပေးပြောကြားကြောင်း သိရသည်။

Loading