• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

လူသတ်မှု အတွက် AC အရက်ဘား ပိုင်ရှင် လိပ်ကျွန်း သူကြီးသား DNA စစ်ဆေးခံမည်

by လင်းသန့်
29 October 2014
in Crime
A A
လိပ်ကျွန်း, AC Bar, DNA

စက်တင်ဘာလ ၃၀ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသော လိပ်ကျွန်း သူကြီးသားနှင့် ၎င်း၏ ရှေ့နေ (ဓာတ်ပုံ - Khaosode.com)

14.5k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်ပြီး မျိုးဗီဇ(DNA) စစ်ဆေးခံရန် ငြင်းဆိုထားသော AC အရက်ဘား ပိုင်ရှင် ကျွန်း သူကြီးသား Warot Tuwichianက ယခုအခါ လူသိရှင်ကြား စစ်ဆေးခံယူတော့မည်ဟု ယမန်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ ပြောဆိုလိုက်သည်။

လူသတ်မှုတွင် ပါဝင်ပတ်သက်နေသည်ဟု ကောလာဟလများ ပျံ့နှံ့နေ၍ DNA စစ်ဆေးခံရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ယမန်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

RelatedPosts

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
29
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
57
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
296

သတင်းစာ ရှင်းလင်းပွဲ၌ ထိုင်း အမျိုသား ရဲတပ်ဖွဲ့ ရဲချုပ် မစ္စတာ Somyot Pumpanmuang နှင့် ထိုင်း အာဏာပိုင် တချို့ လည်း အတူရှိနေခဲ့ကြောင်း သိရသည်။

သတင်းစာ ရှင်းလင်းပွဲမတိုင်ခင် AC ဘားဆိုင်ပိုင်ရှင် လိပ်ကျွန်းသူကြီး မစ္စတာ Woraphan က ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ ရဲချုပ် နှင့် သွားရောက်တွေ့ ဆုံပြီး ထိုင်းလူမှုကွန်ရက် စာမျက်နှာများက လိပ်ကျွန်းလူသတ်မှုတွင် ၎င်းတို့မိသားစု ပါဝင်ပတ်သက် နေ သည်ဟူသော စွပ်စွဲနေမှုများကို သံသယရှင်းလင်းစေရန် သားဖြစ်သူက DNA စစ်ဆေးပြမည်ဖြစ်ကြောင်း၊ ထို့အပြင် ထိုင်းနိုင်ငံ ဆိုင်ရာ ဗြိတိန်သံရုံးမှ တာဝန်ရှိသူများနှင့်အတူ သတင်းစာရှင်းလင်းပွဲ လုပ်မည်ဖြစ်ကြောင်း သတင်းထောက်များကို ပြောဆိုခဲ့ သည်။

လိပ်ကျွန်း သူကြီး မစ္စတာ Woraphan ၏ ညီဖြစ်သူ အသက် ၄၅ နှစ်ရှိ မစ္စတာ Montriwat Tuwichian နှင့် သားဖြစ်သူ အသက် ၂၂ နှစ် ရှိ တက္ကသိုလ် ကျောင်းသား Warot Tuwichian တို့သည် လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ DNA စစ် ဆေးမှု ခံယူခြင်း မရှိသေးကြောင်း ထိုင်းသတင်းများက ရေးသားကြသည်။

၎င်းတို့ ၂ ဦးသည် အခင်းဖြစ်ပွားသည့်ကာလက CCTV မှတ်တမ်းများတွင် လူသတ်မှု ကျူးလွန်သည်ဟု သံသယရှိသူများအဖြစ် CSI LA ဆိုသည့် ထိုင်း လူမှုကွန်ရက် စာမျက်နှာအပါအဝင် အခြားသော လူမှုကွန်ရက် စာမျက်နှာများက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေခြင်း ဖြစ်သည်။

လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ တရားခံအဖြစ် ထိုင်းရဲက ဖမ်းဆီးထားသူ မြန်မာနိုင်ငံသား မောင်ဝင်းဇော်ထွန်းနှင့် မောင် ဇော်လင်းတို့ကလည်း ၎င်းတို့အား ရဲနှင့် စကားပြန်တို့က အသက်အန္တရာယ် ခြိမ်းခြောက်နှိပ်စက်၍ ဝန်ခံခဲ့ရခြင်းဖြစ် ကြောင်း ၎င်းတို့၏မိသားစုအပါအဝင် မြန်မာသံရုံး အထူးအဖွဲ့ကို တရားဝင် ပြောဆိုထားသည်။

ယမန်နေ့က မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းတို့၏ ပြစ်မှု လုံး၀ မကျူးလွန်ကြောင်းထွက်ဆိုချက်နှင့် ရဲစခန်းထွက်ဆိုချက် ကို တရားဝင်ရုပ်သိမ်းသည်စာအား ၎င်းတို့၏ မိဘများနှင့်အတူ မြန်မာသံရုံးအထူးအဖွဲ့တို့က ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်ထံ ပေးအပ်ခဲ့သည်။

လိပ်ကျွန်း လူသတ်မှုနှင့်ပတ်သက်၍ တရားမျှတမှု ရရှိရေး အတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး သံအမတ်ကြီး ဦးဝင်းမောင်၊ အတွင်းဝန် ဦးထွန်းအေး အပါအဝင် သံရုံး အထူးစုံစမ်းရေး အဖွဲ့နှင့် မောင်ဝင်းဇော်ထွန်း၊ မောင်ဇော်လင်းတို့၏ မိဘများက လည်း အမှုကို တရားဝင် လိုက်ပါဆောင် ရွက်ခွင့်အတွက် ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီထံ ယနေ့ နံနက်ပိုင်းက အပ်နှင်း လိုက်ကြောင်း သိရသည်။

မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း Koh Tao ခေါ် လိပ်ကျွန်းပေါ်၌ ပြီးခဲ့သည့် စက်တင်ဘာ လ ၁၅ ရက်က ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံခဲ့ရမှုတွင် တရားခံများအဖြစ် ထိုင်းရဲက စွပ်စွဲဖမ်းဆီးထားပြီး လူသတ်မှု၊ မုဒိန်းမှု၊ ပစ္စည်း လုယူမှု၊ တရားမဝင် ခိုးဝင်မှု၊ အမှုထိန်ချန်မှု များနှင့် စွဲဆိုထားသည်။

Your Thoughts …
Tags: Thai
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

by ဧရာဝတီ
28 September 2024
1.1k

ထိုင်းနိုင်ငံသားတွေ လက်ထဲ ငွေသားတွေ ထည့်ပေးပြီး သုံးစွဲမှုကို အရှိန်အဟုန်နဲ့ အားကောင်းစေမယ်လို့ အဆိုပါ အစီအစဉ် စတင်ခြင်း အထိမ်းအမှတ်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် ဖေထုန်ထန် ရှင်နာဝပ်ထရာ ကလည်း…

ED visa နဲ့  ကျောင်းတက်နေသူတွေကို passport သက်တမ်းတိုးမှု ရပ်ဆိုင်း (ရုပ်/သံ)

ED visa နဲ့ ကျောင်းတက်နေသူတွေကို passport သက်တမ်းတိုးမှု ရပ်ဆိုင်း (ရုပ်/သံ)

by ဘုန်းအောင်
18 September 2024
490

Non-ED Visa နဲ့ ထိုင်းဘာသာစကားသင်တန်း၊ အင်္ဂလိပ်စာနဲ့ တရုတ်စာ သင်တန်း စတဲ့ ကာလတို သင်တန်း တတ်ရောက်နေတဲ့ ကျောင်းသားတွေ များလာတာကြောင့် ဒီသင်တန်းတက်ရောက် နေသူတွေရဲ့ နိုင်ငံကူး လက်မှတ်သက်တမ်းတိုးတာကို မြန်မာသံရုံး ဘန်ကောက်မြို့ နဲ့...

စစ်ခေါင်းဆောင်ကို ဝင်ခွင့်ပြုလို့ ထိုင်းအစိုးရ ဆန္ဒပြခံနေရ (ရုပ်/သံ)

စစ်ခေါင်းဆောင်ကို ဝင်ခွင့်ပြုလို့ ထိုင်းအစိုးရ ဆန္ဒပြခံနေရ (ရုပ်/သံ)

by ဧရာဝတီ
5 April 2025
341

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ BIMSTEC ထိပ်သီး အစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်ပေးခဲ့တဲ့အပေါ် ထိုင်းနိုင်ငံသားတွေရဲ့ ကန့်ကွက် ဆန္ဒပြမှုတွေ ဆက်တိုက် ရှိလာနေပါတယ်။

ထိုင်းရဲ အရာရှိ , မူးယစ်ဆေးဝါးများ, မယ်ဆိုင်မြို့, မြန်မာ-ထိုင်း နယ်စပ်

ထိုင်း ရဲအရာရှိကြီး တဦး မြန်မာ နယ်စပ်က သယ်လာတဲ့ မူးဆစ်ဆေးများနဲ့အတူ ဖမ်းမိ

by လင်းသန့်
19 August 2014
13.4k

မူးယစ်ဆေး ဖမ်းဆီးမှု၌ နာမည် အလွန်ကြီးခဲ့ပြီး မှတ်တမ်း ကောင်းတွေ ရရှိထားတဲ့ ထိုင်း ရဲအရာရှိကြီး ချမ်နန် (Chamnarn Poompaijit) ကို ဘတ်ငွေ သန်း ၁၆ဝ ကျော် (ကျပ်ငွေ သန်း ၄၈ဝဝ...

မြန်မာ စစ်ရာဇဝတ်ကောင်ကို လက်မခံဖို့ ထိုင်းတွေတောင်းဆို (ရုပ်/သံ)

မြန်မာ စစ်ရာဇဝတ်ကောင်ကို လက်မခံဖို့ ထိုင်းတွေတောင်းဆို (ရုပ်/သံ)

by ဧရာဝတီ
4 April 2025
203

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မကြိုဆိုဘူးဆိုပြီး ထိုင်းပြည်သူတချို့ ဆန္ဒဖော်ထုတ်မှုတွေရှိနေသလို လူမှုကွန်ရက်တွေပေါ်မှာလည်း ဝရမ်းထုတ်ခံထားရတဲ့ စစ်ရာဇဝတ်ခေါင်းဆောင်ကို ဖမ်းဆီးပြီး အာဂျင်တီးနားတရားရုံးကို လွှဲပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

by ရန်ပိုင်
1 March 2013
47.2k

၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်း မဲခေါင်မြစ်တွင်း တရုတ်ကုန်တင် သင်္ဘော နှစ်စီးမှ တရုတ် သင်္ဘောသား ၁၃ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ထိုင်းနှင့် တရုတ် အစိုးရတို့က နော်ခမ်းနှင့် အဖွဲ့က ပြုလုပ်သည်ဟု...

Next Post
ဦးသိန်းစိန်, ဦးရွှေမန်း, ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် , ဦးခွန်ထွန်းဦး, ဦးတင်အေး , သမ္မတအိုဘားမား, နိုင်ငံရေးအကျပ်အတည်း, ငြိမ်းချမ်းရေး , အပစ်အခတ်ရပ်စဲရေး

နေပြည်တော်တွင် နိုင်ငံရေး ထိပ်သီးများ တွေ့ဆုံမည်

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်, ဂျပန်, စင်ကာပူ, ကိုရီးယား

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် ရင်းနှီးလုပ်ပိုင်ခွင့် ဂျပန်-စင်ကာပူအဖွဲ့ ရရှိ

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate