• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

စစ်တပ် စွပ်စွဲသကဲ့သို့ ကိုပါကြီး လက်နက်ကိုင် တပ်ဖွဲ့ဝင် မဟုတ်ကြောင်း ရှင်းလင်း

by သူဇာ
30 October 2014
in Crime
A A
ကိုပါကြီး, စစ်တပ်, လက်နက်ကိုင်

ကိုပါကြီးမိသားစု

5.9k
VIEWS
Share on FacebookShare on Twitter

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့မှ အရာရှိ တဦးအဖြစ် ဓာတ်ပုံနှင့်တကွ စစ်တပ်မှ စွပ်စွဲဖော်ပြထားသည့် အလွတ်တန်း သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးသည် မည်သည့်လက်နက်ကိုင်အဖွဲ့ဝင်မှ မဟုတ်ခဲ့ကြောင်း အဆိုပါ ဓာတ်ပုံတွင် ကိုပါကြီးနှင့်အတူ ပါဝင်သည့် ကိုပါကြီး မိတ်ဆွေ ကိုကိုအောင်က တုံ့ပြန်ပြောကြားလိုက်သည်။

၈၈ မျိုးဆက် ကျောင်းသားများနှင့် ကိုပါကြီးမိသားစု၊ မိတ်ဆွေများ တွေ့ဆုံခဲ့ပြီး ကိုပါကြီး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ရှေ့ဆက်လုပ်ဆောင်သွားမည့် ကိစ္စရပ်အပေါ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်းတွင် ယနေ့ ညနေပိုင်းက သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့သည်။

RelatedPosts

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

12 May 2025
637
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
2.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
669

ယင်းသတင်းစာ ရှင်းလင်းပွဲတွင် ကိုပါကြီးသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ထဲတွင် ယခင်ကလည်း မဝင်ခဲ့ဘူးသလို၊ ယခုလည်း တပ်ဖွဲ့ဝင် လုံး၀ မဟုတ်ကြောင်းကို အတိအလင်း ရှင်းလင်းခဲ့ကြခြင်း ဖြစ်သည်။

ကိုပါကြီး မိတ်ဆွေ ကိုဘိုအောင်က “ကျနော်တို့က လက်နက်ကိုင်ထားတာမဟုတ်ဘူး။ ဒုက္ခသည်တွေကို သွားရောက် ကူညီတာ ဖြစ်တယ်။ အဲဒီမှာ အမှတ်တရအနေနဲ့ ရိုက်ခဲ့တဲ့ ဓာတ်ပုံပါ။ အဲဒီဓာတ်ပုံကိုပဲ ကျနော်က ကျနော့် facebook မှာ လွန်ခဲ့တဲ့ သုံးနှစ်လောက် ကတည်းက တင်ထားတာပါ။ အဲဒီဓာတ်ပုံကို ယူပြီးတော့ ကိုပါကြီးကို လက်နက်ကိုင် ဆိုပြီး ထင်ယောင်ထင်မှား ပြောတာပါ” ဟု ပြောသည်။

စစ်တပ်က ဖော်ပြထားသည့် ဓာတ်ပုံထဲတွင် ၎င်းတို့ နှစ်ဦး အဘယ်ကြောင့် စစ်ဝတ်စစ်စားများ ဝတ်ဆင်ရခြင်း ကိုလည်း ကိုဘိုအောင်က ဆက်ပြောပြသည်။

“တဆက်ထဲ ပြောရရင် စစ်မြေပြင်ကို ရောက်တဲ့အခါမှာ ကျနော်တို့ အနေနဲ့ ရာသီဥတုဒဏ် ခံနိုင်အောင်၊ နောက်ပြီး ကျနော်တို့ အနေနဲ့ အဲဒီနေရာမှာ သွားရလွယ်ကူအောင် ဒီလို အဝတ်အစားတွေ ဝတ်ရပါတယ်။ အဲဒါကို အများ အထင်မှားအောင် ကိုပါကြီးက လက်နက်ကိုင်ပါလို့ စွပ်စွဲပါတယ်။ ဒါဆို ကျနော်လည်း လက်နက်ကိုင် အဖွဲ့ဝင် ဖြစ်သွားမှာပေါ့” ဟု ကိုပါကြီးနှင့်အတူ ဓာတ်ပုံထဲတွင် ပါဝင်ခဲ့သူ ကာယကံရှင်က ပြောကြားသည်။

ကိုပါကြီး အပါအဝင် ကိုဘိုအောင်၊ ကိုမိုးသီးဇွန်နှင့် ကိုထော်ကြီး ဆိုသူတို့သည် လွန်ခဲ့သည့် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလဆန်းတွင် မြန်မာနှင့် ထိုင်းနိုင်ငံ နယ်စပ်အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထွက်ပြေးနေခဲ့ရသည့် စစ်ဘေးဒုက္ခသည်များအရေး ကူညီဆောင်ရွက်ပေးခဲ့ကြပြီး အမှတ်တရ အနေဖြင့် ယင်းဓာတ်ပုံကို ကိုထော်ကြီးက ရိုက်ပေးခဲ့ခြင်း ဖြစ်ကြောင်း ကိုဘိုအောင်က ရှင်းပြခဲ့သည်။

ကိုပါကြီး၏ ကျန်ရစ်သူ ဇနီး မသန္တာကလည်း “လက်နက်ကိုင် တပ်ဖွဲ့ဝင် မဟုတ်ဘဲနဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင် ဆိုပြီး သတ်ဖြတ် လိုက်တဲ့အတွက် ကျမအနေနဲ့ အရမ်း ရင်နာရပါတယ်။ ကျမ အမျိုးသားဟာ အခုချိန်ထိ ဘာလက်နက်မှ မကိုင်ခဲ့ပါဘူး။ လက်နက်ကိုင် လူသတ်ဖို့ မပြောနဲ့ ရန်တောင် မဖြစ်ခဲ့ဖူးပါဘူး။ ဒါကို လက်နက်ကိုင်တပ်ဖွဲ့ဝင်လို့ စွပ်စွဲပြီး ထုတ်ပြန်လိုက်တာပါ” ဟု သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

အောက်တိုဘာ ၂၉ ရက်နေ့တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့် ကိုပါကြီး အမှုကို လိုက်ပါ ကူညီပေး သူများ၊ ကိုပါကြီး မိသားစုဝင်များသည် ကိုပါကြီး အမှုနှင့် ပတ်သက်၍ ရှေ့ဆက် လုပ်ဆောင်သွားမည့် ကိစ္စများကို ဆွေးနွေး ခဲ့ကြပြီး ယင်းဆွေးနွေးမှု ရလဒ်များအရ ကိုပါကြီး သတ်ဖြတ်ခံရမှုကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားသွားမည် ဖြစ်ကြောင်း ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက အသိပေး ပြောကြားခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ အပါအဝင် အဖွဲ့အစည်း အသီးသီးမှ ရာပေါင်းများစွာသော လူများက ကိုပါကြီးကို သတ်ဖြတ်ခဲ့သူကို အရေးယူပေးရန်နှင့် ယင်းအမှုကို စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့၍ စစ်ဆေးပေးရန် အတွက် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ယင်းဆန္ဒပြပွဲတွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များက ဟောပြောမှုများ ပြုလုပ်ခဲ့ကြပြီး ယင်းဟောပြော မှုများတွင် ယခုကဲ့သို့ ကိုပါကြီး သေဆုံးမှုသည် လူ့အခွင့်အရေး ချိုးဖောက်မှုကို ဖြစ်စေပြီး အစိုးရ၏ အကျင့်ဆိုးများကို ပြင်ဆင်ခြင်း မရှိသေးကြောင်း ဖော်ထုတ်ပြောကြားခဲ့ကြသည်။

အလွတ်တန်း သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သည့် ကိုမိုးသွေးနှင့် အဖွဲ့ကို ကျောက်တံတားမြို့နယ် ရဲစခန်းက ပုဒ်မ ၁၈ နှင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

ထိုကဲ့သို့ အမှုဖွင့်လိုက်သည့် ကိစ္စနှင့်ပတ်သက်၍ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က “အဲဒီလို အရေးယူ ဆောင်ရွက်မှုတွေ ဖြစ်လာပြီ ဆိုရင်တော့ ကျနော်တို့ရဲ့ သဘောထားကို အခုကတည်းက တခါတည်း ပြောထားပါမယ်။ ပါးစပ်နဲ့ ပြောတဲ့သူကိုတော့ တရားမဝင် ဆောင်ရွက်မှုဆိုပြီး အရေးယူတယ်။ လက်နက်နဲ့ ညှဉ်းပန်းသတ်ဖြတ်တဲ့ သူတွေကိုတော့ တရားဝင်တယ်ဆိုပြီး ခွင့်ပြုမလားလို့ ကျနော်တို့ မေးခွန်းထုတ်ရပါမယ်။ သေချာပါတယ်။ မတရားမှုကို ပါးစပ်နဲ့ ပြောတဲ့သူတွေကို အရေးယူစတမ်းဆိုရင် အခု ဆယ်ဂဏန်း မကပါဘူး။ နောက်ထပ် ရာ၊ ထောင်၊ သိန်း၊ သန်းသော ပါးစပ်ပေါင်းများစွာကို ထပ်ပြီးတော့ ရင်ဆိုင်ဖို့ ပြင်ထားပါလို့ ကျနော်က ပြောလိုပါတယ်” ဟု သူ၏ သဘောထားကို ပြောကြားလိုက်သည်။

၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ကိုပါကြီးကို မြန်မာ စစ်တပ်က ဖမ်းဆီးထိန်းသိမ်း ထားစဉ် ထွက်ပြေးသဖြင့် သေဆုံးသွားကြောင်းကို သတင်းရေးသားဖော်ပြခဲ့သည်။

၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၃ ရက် နေ့စွဲတပ်ထားသော သတင်းထုတ်ပြန် ကြေညာချက်တစောင်ကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ တဆင့် ဖြန့်ဝေခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်ကို မည်သည့်ဝန်ကြီးဌာနက တာဝန်ခံ ထုတ်ပြန်ကြောင်း တရားဝင် စာအမှတ်နှင့် စည်းတံဆိပ်များ မပါဝင်ခဲ့ပေ။

စာနယ်ဇင်းကောင်စီမှ တဆင့် ရရှိသော ထုတ်ပြန်တွင် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့က ကျိုက်မရောမြို့ လုံခြုံရေးအတွက် မြို့စက်လှေဆိပ် အဝင်/ အထွက်များကို မြန်မာစစ်တပ်က စစ်ဆေးနေစဉ် စက်လှေတစီးပေါ်တွင် ရေစိုလျက် ရွှံ့ဗွက်များ ပေကျန်နေသော ကိုပါကြီးအား တွေ့ရှိ၍ နယ်မြေခံ အမှတ် (၂၀၈) ခြေမြန်တပ်ရင်းသို့ လွှဲပြောင်း စစ်ဆေးရာ KKO ခေါ် ကလိုထူးဘော ကရင်အဖွဲ့အစည်းမှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိ အောင်နိုင် အဖြစ် ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီး ထိန်းသိမ်းထားစဉ် လုံခြုံရေး စစ်သည်တဦး၏ သေနတ်အား လုယူ ထွက်ပြေးသဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း ဖော်ပြထားသည်။

Your Thoughts …
Tags: Rule of Law
သူဇာ

သူဇာ

ဧရာဝတီ

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.2k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

by ဧရာဝတီ
28 August 2014
18.1k

မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

by မေစစ်ပိုင်
1 February 2016
16.1k

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

by မေစစ်ပိုင်
21 January 2016
42.4k

ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

ခွန်ဆာ

ကျားထောင်ချောက်နဲ့ ခွန်ဆာ

by အောင်မြို့
4 June 2016
19.1k

၁၉၉၆ မှာတော့ အမေရိကန်တွေကို အံ့အားသင့်စေတဲ့ အကွက်ရွှေ့မှုအဖြစ် မြန်မာ န၀တ အစိုးရဆီမှာ လက်နက်အပ်ပြီး ခွန်ဆာနဲ့ သူ့ဇနီးတွေ၊ သားသမီးတွေက ရန်ကုန်မှာ အစိုးရရဲ့ အစောင့်အရှောက်နဲ့ နေလိုက်ကြပါတော့တယ်။

Next Post
သတင်းထောက်, လူ့အခွင့်အရေး, မီဒီယာ၊ စစ်တပ်

သတင်းထောက် ကိုပါကြီး သေဆုံးမှုဂယက်

Dateline Irrawaddy (ရုပ်/သံ)

Dateline Irrawaddy (ရုပ်/သံ)

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

5 days ago
5.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
5.3k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0
  • အငြင်းပွားဖွယ် စီးပွားရေးသမားကို NUG က အမေရိကန် အထူးသံတမန်ခန့်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate