ကိုပါကြီး အသတ်ခံရမှု အမျိုးသား လူ့အခွင့်အရေး ကော်မရှင် စုံစမ်းမည်
This article has been converted from Zawgyi One to Unicode
အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် အလွတ်သတင်းထောက် ကိုပါကြီး(ခ) ကိုအောင်ကျော်နိုင် အသတ်ခံရမှု့နှင့် ပတ်သက်၍ ဥပဒေနှင့် အညီစုံစမ်းစစ်ဆေးပြီး သမ္မတ ဦးသိန်းစိန်ထံ တင်ပြရန် နိုင်ငံ တော်သမ္မတရုံးက ညွှန်ကြားထားကြောင်း ယနေ့ထုတ် အစိုးရသတင်းစာတွင် ပါရှိသည်၊ သို့သော် ကိုပါကြီးကိုမူ KKO စောဆန်းအောင် အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိ အောင်နိုင်ဟု ဖော်ပြ ထားသည်။ယမန်နေ့ကလည်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)ကလည်း ဘက်မလိုက်မှုမရှိ ပဲ လွတ်လပ်ပြီး တရားမျှတသည့် စုံစမ်းဆောင်ရွက်များ ပြုလုပ်ရန်ကြေညာချက်တစောင်ထုတ်ပြန်ခဲ့သည်၊ AI က ရရှိသည့်အထောက်အထားအရ မြန်မာ အစိုးရစစ်တပ်မှ စစ်သားများသည် ဥပဒေမဲ့ သတ်ဖြတ်မှုများ၊ ညှင်း ပန်း နှိပ်စက်မှုများ၊ အခြား မဖွယ်မရာ ပြုမူမှုများ၊ လိင်ဆိုင်ရာ စော်ကားမှုများနှင့် အခြား ရာဇဝတ်မှုများပါဝင်သည့် လူ့ အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်နေဆဲ ရှိကြောင်းဖော်ပြထားသည်။