အမေရိကန်သမ္မတအိုဘားမားက မြန်မာသမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် တို့ထံ ယမန်နေ့က ဖုန်းဆက်စကားပြောခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ကြေညာ ချက်တွင် ဖော်ပြသည်။ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို သီးခြားစီ တယ်လီဖုန်းမှတဆင့်စကား ပြောဆိုခဲ့ခြင်းဖြစ်ပြီး၊ သမ္မတ ဦးသိန်းစိန်၏ လက်ရှိ ငြိမ်းချမ်းရေးဖော်ဆော်နေမှုကို ကြိုဆိုကြောင်း၊ လာမည့် ၂၀၁၅ ရွေးကောက်ပွဲအား နိုင်ငံတကာ အသိအမှတ်ပြုလက်ခံနိုင်သည့် အခြေအနေရှိရန် လိုအပ်ပြီး မြန်မာအစိုးရ၏ Action Plan ကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ပြောဆိုသည်ဟု အိမ်ဖြူတော် ကြေညာချက်တွင်ပါရှိသည်၊ နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်၊ ကာ ကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင် အပါအဝင် စစ်တပ်ကိုယ်စား လှယ်များ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး ပါတီခေါင်းဆောင်တချို့၊ လွှတ်တော်များမှ ပုဂ္ဂိုလ်များ ယနေ့ တွေ့ဆုံကြမည်ဟု သတင်းများ ထွက်ပေါ်နေသည့် မတိုင်ခင် တရက်အလို အမေရိကန်သမ္မတ၏ ဖုန်းဆက် စကားပြော ဆိုခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။