ယနေ့ (အောက်တိုဘာ ၃၁) နံနက် ၉ နာရီခွဲ နေပြည်တော်ရှိ သမ္မတအိမ်တော် ငုရွှေဝါခန်းမတွင် ကျင်းပခဲ့သော နိုင်ငံရေးထိပ်သီးဆွေးနွေးဝိုင်း၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်မှတဆင့် ကြိုးစားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု စုံစမ်းသိရှိရသည်။ မကြာသေးမီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့များ ကမကထပြုလုပ်ပြီး ထောက်ခံသူများ၏ လက်မှတ်များ ကောက်ခံခဲ့ရာ လက်မှတ် ၅ သန်းရရှိခဲ့သည်။ သို့သော် တပ်မတော်သားများနှင့် အာဏာရ ကြံ့ခိုင်ရေးပါတီက ကြီးစိုးထားသည့် လွှတ်တော်နှင့် အစိုးရက ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို လက်မခံကြပေ။ အကယ်၍ ရွေးကောက်ပွဲကို ၂၀၁၅ တွင် လွတ်လပ်မျှတစွာ ကျင်းပလျှင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအများစုဖြင့် အနိုင်ရရှိဖွယ် ရှိပြီး လွှတ်တော်ကို ကြီးစိုးနိုင်မည်ဟု နိုင်ငံရေးဝေဖန်စောင့်ကြည့်သူများက ဟောကိန်းထုတ်နေကြသည်။ ထိုသို့ အတိုက်အခံ လွှမ်းမိုးသည့် လွှတ်တော်ကို ထိန်းမရလျှင် နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ အပါအဝင် အဖွဲ့ဝင် ၁၁ ဦးပါဝင်သော အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) ၏ တာဝန်တွင် “လွှတ်တော်တွေဖျက်သိမ်းဖို့ သင့်၊ မသင့် နိုင်ငံတော်သမ္မတကို အကြံပြု ရမည်” ဟူသော ပြဋ္ဌာန်းချက်သစ်ကို ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်းရန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက မကြာသေးမီကပင် လွှတ်တော်၌ တင်ပြလာသည်။ ယင်းကို နိုဝင်ဘာလလယ် လွှတ်တော်တွင် ဆွေးနွေးရန် ရှိနေသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။