နေပြည်တော်ရှိ သမ္မတအိမ်တော် ငုရွှေဝါခန်းမတွင် ဒီနေ့ ကျင်းပခဲ့တဲ့ နိုင်ငံရေးထိပ်သီးဆွေးနွေးဝိုင်းမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ တပ်မတော်အနေနဲ့ အပြည့်အ၀ ပါဝင်နေတယ်လို့ ပြောပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တပ်မတော်အနေနဲ့ စိတ်ရှည်သည်းခံပြီးတော့ ဆောင်ရွက်တယ်။ သို့သော် စည်းကမ်းကို အားလုံးကလည်း လိုက်နာဖို့ လိုတယ်ဆိုပြီးတော့ ပြောပါတယ်။ နောက်တခုက ကိစ္စတွေ ဆောင်ရွက်တဲ့ အခါမှာ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းပြီးတော့မှ ထိပ်တိုက် တွေ့ဆုံမှုတွေ ရှောင်ရှားဖို့၊ နောက်တခါ ကျနော်တို့ ဥပဒေများ ပြုတဲ့အခါမှာလည်း မဲဆန္ဒအများစုနဲ့ အနိုင်ယူခြင်းအစား လူနည်းစုရဲ့ ဆန္ဒတွေကိုလည်း ဥပဒေနဲ့ ညီညွှတ်လို့ရှိရင် အလေးဂရုပြုပြီးတော့မှ တူညီသော ဆန္ဒကို ရယူပြီးတော့မှ ဆောင်ရွက်ဖို့၊ ဒီကနေ့ လိုအပ်ချက်က တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးဖြစ်တဲ့အတွက်ကြောင့်မိုလို့ အဲဒီအချက်အလက်ကို အားလုံးဝိုင်းပြီးတော့မှ ပူးပေါင်းဆောင်ရွက်ကြဖို့၊ နောက်တခါ လက်နက်ကိုင် ပဋိပက္ခတွေဟာ ပြည်သူတွေ အားလုံးကို ဒုက္ခရောက်စေတယ်။ တဖက်ကလည်း နိုင်ငံရေး အမြင်ကွဲပြားမှုတွေကို လက်နက်ကိုင် နည်းလမ်းအားဖြင့် ဖိအားပေး ၊ အသာစီး ရယူဖို့ ကြိုးပမ်းခြင်းဟာလည်း နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုများကို ထိခိုက်စေတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကိုဖော်ဆောင်ဖို့ လိုတယ်။ တပ်မတော် အနေနဲ့ ငြိမ်းချမ်းရေး ရရှိဖို့ ဆုံးဖြတ်ထားတဲ့အတွက်ကြောင့်မိုလို့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ မူဝါဒ ၆ ခုကို ကျနော်တို့ ဆုပ်ကိုင်ထားတာ ဖြစ်ပါတယ်ဆိုပြီးတော့ ပြောသွားကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြန်လည်ပြောပြသွားပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။