• English
Friday, June 20, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

အခုမှ DNA ပြန်စစ်ချင်တဲ့ ပုံစံမျိုး ပြောတာကတော့ ဥပဒေအရကိုက လွဲမှားနေတယ်

by ဧရာဝတီ
31 October 2014
in Crime
A A
လိပ်ကျွန်း, ဝင်းဇော်ထွန်း, ဇော်လင်း

သံရုံး အထူးအဖွဲ့ တာဝန်ရှိသူ ရှေ့နေကြီး ဦးအောင်မျိုးသန့် (ဓာတ်ပုံ - ကျော်ခ / ဧရာဝတီ)

21.5k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုမှာ တရားခံများအဖြစ် ထိုင်းရဲတပ်ဖွဲ့ရဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ရခိုင်လူငယ်လေးနှစ်ဦးဖြစ်တဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့နှစ်ဦးကို မြန်မာသံရုံး အထူးစုံစမ်း ရေး အဖွဲ့တာဝန်ရှိသူတွေက ယနေ့မှာတတိယအကြိမ်အဖြစ်  ကော့စမွေအကျဉ်းထောင်ကို သွားရောက်ကာ တွေ့ဆုံမေးမြန်းခွင့်ရရှိခဲ့ပါတယ်။

ဒီလိုတွေ့ဆုံရာမှာ အမှုရင်ဆိုင်ဖို့ အတွက်အရေးပါတဲ့ အချက်တွေအပြင်၊သူတို့ နှစ်ဦး  ထောင်တွင်း အခြေ အနေတွေကိုလည်း မြန်မာအဖွဲ့အနေနဲ့ သိရှိခဲ့ပါတယ်။

RelatedPosts

မြန်မာစစ်တပ် ကလေးစစ်သား စုဆောင်းအသုံးပြုမှု တိုးလာဟု HRW ပြော

မြန်မာစစ်တပ် ကလေးစစ်သား စုဆောင်းအသုံးပြုမှု တိုးလာဟု HRW ပြော

20 June 2025
56
မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

20 June 2025
1.1k
မြန်မာ့အရေး အာဆီယံက ဘာတွေတိုက်တွန်းနေလဲ (ရုပ်/သံ)

မြန်မာ့အရေး အာဆီယံက ဘာတွေတိုက်တွန်းနေလဲ (ရုပ်/သံ)

20 June 2025
29

ဒါကြောင့် ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ နှစ်ဦးနဲ့  တွေ့ဆုံခွင့်ရခဲ့တဲ့ သံရုံးအထူးအဖွဲ့ရဲ့ ရှေ့နေကြီး ဦးအောင်မျိုး သန့်ကို ဧရာဝတီသတင်းထောက် ကျော်ခ က ဆက်သွယ် မေးမြန်း ထားပါတယ်။

မေး။     ။  မြန်မာသံရုံး အထူးအဖွဲ့အနေနဲ့ ဒီနေ့ ကော့စမွေ ထောင်မှာ ဝင်းဇော်ထွန်းနဲ့ ဇော်လင်း တို့နှစ်ယောက်ကို သွားရောက်တွေ့ဆုံခဲ့တယ်ဆိုတော့ အခြေအနေလေး သိပါရစေ။

ဖြေ။     ။  အဓိကကတော့၊ ပြီးခဲ့တဲ့အောက်တိုဘာ ၂၄ ရက်နေ့က  သူ့မိဘတွေနဲ့အတူသွားတွေ့တယ်၊ အဲဒီအချိန်မှာ သူတို့က ပွင့်ပွင့်လင်းလင်းမှန်မှန်ကန်ကန်ပြောမယ်ဆိုပြီး၊ ပြောတဲ့အခါမှာ သူတို့ပြစ် မှုမကျူး လွန်ဘူးလို့ပြောတယ်။ ဒီနေက့ အဲဒီစကားကို ထပ်မံအတည်ပြုနိုင်ဖို့ အတွက် သွားတွေ့တာလည်းပါတယ်။

မေး။     ။ ဒီနေ့တွေ့တော့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းက ဘယ်လိုအတည်ပြုချက်တွေ ထပ်ပေးလိုက်ပါ သလဲ။

ဖြေ။     ။ ဒီနေ့မှာ သူတို့ပြောပြချက်အရဆိုရင် ဒီကလေးတွေဟာ ဒီအမှုမှာ လုံးဝ ပါဝင်ကျူးလွန်ခြင်း မရှိတဲ့ အတွက်ကြောင့်မို့ ဒီကလေးတွေရဲ့ ပါဝင်ပတ်သက်ခြင်းမရှိတဲ့ အကြောင်းအရာတွေနဲ့ ဆီလျော်တဲ့ တခြားအကြောင်း အရာတွေကိုမေးဖြစ်ခဲ့ပြီး၊ အမှုအတွက် ယူဆောင်ခဲ့ပါတယ်။

မေး။     ။ အခင်းဖြစ်တဲ့ညက ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ ဘောင်းဘီရေစိုထားတာနဲ့ အိမ်ကို ဂစ်တာပြန် ပါမလာဘူးဆိုတဲ့ ကိစ္စဟာလည်း။ စိတ်ဝင်စားစရာ မေးခွန်းတခုဖြစ်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး တော့ရော မေးဖြစ်ခဲ့လားခင်ဗျ။

ဖြေ။     ။ အဲဒီညက AC Bar နဲ့ Maya Bar ရဲ့ဘေးမှာ ရှိတဲ့ သောင်ပြင်မှာ ရေဆင်းကူးတယ်။ ၁၀ မိနစ်၊ ၁၅ မိနစ်ကြာတယ်။ အဲဒီအချိန်မှာ သူတို့ချွတ်ခဲ့တဲ့ အင်္ကျီနဲ့ ဂစ်တာပျောက်သွားတယ်။ ပြန်တက်လာ တော့ ရှာမတွေ့ဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့က တရားရုံးမှာ အမှုစစ်တဲ့အခါမှာ သက်သေခံ အနေနဲ့ထုတ်ပြလာတယ်။ အဲဒီတော့ စဉ်းစားစရာဖြစ်နေတာက ပျောက်သွားတဲ့ ဂစ်တာဟာ တရားရုံးမှာ သက်သေခံအဖြစ်နဲ့ လာပြနိုင်တယ်ဆိုရင် ဒီကိစ္စကို ကြားက တဦးတယောက်သောသူက ဖန် တီးနေတဲ့ သဘောမျိုး ဖြစ်နေပါတယ်။

အဲဒီအချက်ကလည်း ဒီအမှုနဲ့ပတ်သက်လို့ အားနည်းချက်တွေပါ။ နောက်တခါ ကလေးတွေကို အခုမေးကြည့် တဲ့ အခါမှာ ဝင်းဇော် ထွန်းလေးကို တံတွေးနဲ့ ဆီး DNA ယူတယ်။ ဇော်လင်းကိုတော့ တံတွေး တခါပဲ DNA ယူ တယ်လို့ ပြောပါတယ်။

ဒါကြောင့် အဲဒီ DNA ဟာလည်း မလုံလောက်ဘူးဆိုတာကို ပြီးခဲ့တဲ့ အောက်တိုဘာလ ပထမပတ်မှာ ကတည်းက ကျနော်ပြော ခဲ့ဖူးပါတယ်။

အဲဒီအချက်တွေကို ပြန်ပြီးတော့ နှိုင်းယှဉ်မှု လုပ်တဲ့အခါမှာ  DNA ယူတာဟာ မလုံလောက်ဘူးဆိုတဲ့ အနေ အထားတွေ့နေရတယ်။ ဒါကို ထိုင်းဝန်ကြီး (ပရာယုဒ် ချန်အိုချာ) က အခုမှ DNA ပြန်စစ်ချင်တဲ့ ပုံစံမျိုးပြောတာကတော့ ဥပဒေအရကိုက လွဲမှားနေပါတယ်။

မေး။     ။ အစက ဒီအမှုမှာ တရားလိုပြသက်သေအဖြစ် ပြောထားတဲ့ မြန်မာလူငယ်တွေက တရား ရုံးမှာ မသိရကြောင်း ပြောဆိုလိုက်ပြီးတဲ့နောက် ထိုင်းရဲတွေဘက်က DNA ကို အဓိကတည်ပြီး လုပ်လာ နိုင် တယ်ဆိုပြီးတော့လည်း ပညာရှင်တွေက ထောက်ပြ ပြောဆိုနေကြပါတယ်။ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းကို DNA ထပ်စစ်ဖို့ ရဲကအကြောင်းကြားလာပြီလား။ အကြောင်း ကြားလာရင်ရော ဦးအောင်မျိုးသန့်တို့ တို့ဘက်က ဘယ်လိုတုန့်ပြန်ဖို့ရှိပါလဲခင်ဗျ။

ဖြေ။     ။ အခုလည်း ကလေးတွေကို ထောင်ထဲမှာ မှာခဲ့ပါတယ်။ ကလေးတွေဟာ ပြီးခဲ့တဲ့ အောက် တိုဘာ ၁၄ ရက်နေ့ တရားခွင်မှာ စစ်တုန်းကလည်း ရှေ့နေကကိုယ်စားလှယ်ပါဝါတင်ပြီးတော့ စစ်ခဲ့ရ တာ ကြောင့် အမြဲတမ်း ကလေးတွေဘက်မှာ ရှေ့နေရှိပြီးသားပါ။

အဲတော့ ရဲတွေက စစ်ချင်တယ်ဆိုရင်လည်း ကျနော်တို့ဘက်က ရှေ့နေတွေသိအောင် အကြောင်းကြားရမှာ ပါ။

ဒါကြောင့် ကလေးတွေကိုပြောထားတယ်။ အကျိုးဆောင်တွေမသိဘဲနဲ့ စစ်ဆေးမေးမြန်း လက်မှတ်ထိုး ခိုင်း တဲ့ ကိစ္စမျိုးတွေကို လုံးဝ လက်မခံဖို့ လက်ခံမယ်ဆိုရင်လည်း ရှေ့နေများကို ခေါ်ပေးပြီးတော့မှ ရှေ့နေ များ ရှေ့မှာပဲ လက်ခံပေးဖို့ ဆိုပြီးတော့ မှာခဲ့ပါတယ်။

မေး။     ။  ကော့စမွေအကျဉ်းထောင်ထဲမှာ ပထမဆုံး အကြိမ်သွားတွေ့တုန်းက ဝင်းဇော်ထွန်းနဲ့ ဇော် လင်းတို့အနေနဲ့  မြန်မာသံရုံးက စုံစမ်းရေး အဖွဲ့ကိုလည်း ယုံကြည်မှုမရှိဘူးလို့ကြားသိရပါတယ်၊ အခုဆိုရင်တွေ့ ဆုံမေး မြန်းခွင့်ရတာ သုံးကြိမ်ရှိသွားပြီဆိုတော့ အန်ကယ်တို့အဖွဲ့အပေါ်မှာ ယုံကြည်မှုတွေတိုး တက်လာပြီလို့ပြော လို့ရပြီလား။

ဖြေ။     ။ သူတို့နဲ့ ပထမဆုံးတွေ့တဲ့ အချိန်မှာ ဟုတ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဘာသာပြန် ဖြစ်တဲ့ လူတယောက်က သံရုံးက ကိုယ်စားလှယ်ပါဆိုပြီး ကဒ်ပြပြီးတော့ ခြိမ်းခြောက်ရိုက်နှက် ဝန်ခံခိုင်းခဲ့တာ တွေရှိခဲ့ပါတယ်။ ဒါကြောင့် သံရုံးကတကယ်လာတွေ့တဲ့ အချိန်မှာ သံရုံးဆိုတာ ကိုယုံမှားသံသယဖြစ်နေပါ တယ်။ ဒါကြောင့် ပထမဆုံးအကြိမ်သွားတွေ့တုန်းက သူတို့ ကိုယ်တိုင် မတင်မကျဖြစ်နေပါတယ်။

ဒါပေမယ့် မိဘနဲ့သွားတွေ့တဲ့ တခါရယ် အခုတခါရယ်မှာတော့ သူတို့ကိုယ်တိုင်က တက်တက်ကြွကြွ ဝမ်း သာအားရနဲ့ ပွင့်ပွင့်လင်းလင်း ပြစ်မှုမကျူးလွန်ကြောင်းပြောပါတယ်။

မေး။     ။ ဒီနေ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ကိုတွေ့တဲ့ အခါမှာ အရင်နဲ့မတူဘဲ တခြားထူးထူးခြားခြား တွေ့ခဲ့မြင်ခဲ့ရတာတွေများ ရှိလားခင်ဗျ။

ဖြေ။     ။ ဝမ်းသာစရာတွေ့ခဲ့ရတာကတော့ ကလေးတွေဟာ ဒီနေ့မှာ သံခြေကျင်းတွေဖြုတ် ထား တာကို တွေ့ခဲ့ရပါတယ်။ သဘောကတော့ အရင်တုန်းက ကျနော်တို့ တောင်းဆိုခဲ့တဲ့ဟာကို လိုက်နာဆောင် ရွက်တယ်ဆိုတဲ့ သဘောပါ။

ဒါပေမယ့် စိတ်မကောင်းစရာကြားခဲ့ရတာကတော့ ကလေးတွေ ကိုယ်တိုင်ပြောပြတာ သူတို့ကို အင်္ဂတေ ပေါ်မှာ အဝတ်စားလေးတခုပဲ ခင်းပြီးတော့ အိပ်နေရတဲ့ အနေအထားတွေ့နေရပါတယ်။ ဝင်းဇော်ထွန်းဆိုရင် ချောင်းဆိုးနေတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။ ဒါကတော့ လူ့အခွင့်အရေးအရကြည့်မယ်ဆိုရင်တောင် မသင့်လျော်တဲ့ ကိစ္စပါ။ ဒီလိုလုပ်တာဟာ လူသားတယောက်နဲ့ မတူပါဘူး။

မေး။     ။ ဒါဆို အဲဒီအကျဉ်းထောင်မှာရှိတဲ့ တခြားအကျဉ်းသားတွေကိုရော ဘယ်လိုထားတယ်လို့ သိခဲ့ရလဲခင်ဗျ။

ဖြေ။     ။ ကျနော်ကမေးပါတယ်။ တခြားအကျဉ်းသားတွေရော ဘယ်လိုအိပ်လည်းဆိုတော့ တခြား အကျဉ်းသားတွေက မွှေ့ယာတွေ ဘာတွေရှိပါတယ်တဲ့။ ဆိုတော့ ဒါဟာ စဉ်းစားစရာတခုဖြစ်နေပါတယ်။

မြန်မာတရားခံ နှစ်ယောက်ကိုမှ ဒီလို အိပ်ခိုင်းတာဟာ တမင်တကာများ လုပ်နေသလား လို့တောင် ထင်ရပါ တယ်။ ဒီကိစ္စကတော်တော်လေး စဉ်းစားစရာ ဖြစ်နေပါတယ်။

မေး။     ။ သူတို့နှစ်ယောက်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးတော့ရော ဘယ်လိုရှိ လည်း ခင်ဗျ။

ဖြေ။     ။ သူတို့ရဲ့ ကျန်းမာရေး အခြေအနေကတော့ ခုချိန်ထိတော့ကောင်းပါတယ်။ ဝင်းဇော်ထွန်း ကတော့ ချောင်းနည်းနည်း ဆိုးနေတာတော့ရှိပါတယ်။ ဟိုတခေါက်သွားတုန်းက ဇော်လင်းရင်ဘတ်မှာ တွေ့ခဲ့ရတဲ့ အစင်းတွေလည်း ပျောက်သွားပါပြီ။ တခါ တခါ အဲဒီဒဏ်ရာနေရာကို လက်ညိုးနဲ့ထောက်ကြည့် ရင်တော့ နာနေသေးတယ်လို့ ပြောပါတယ်။

မေး။     ။ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ နှစ်ယောက်ကို DNA ထပ်မံစစ်ဆေးမယ်ဆိုတဲ့ သတင်းတွေ လည်း ထွက်လာပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးအောင်မျုးိသန့် အနေနဲ့ ဘာပြောချင်လဲ။

ဖြေ။     ။ ကျနော်တို့က ဒီအမှုမှာ ရှေ့နေများကောင်စီနဲ့ ပူးပေါင်းပါဝင်ပြီးတော့ ဆောင်ရွက်ပြီးသားပါ။ ရဲက DNA ကိစ္စကို ဆောင်ရွက်ချင်တယ်ဆိုရင် ကျနော်တို့ ရှေ့နေများကောင်စီကို ပြောပြီးတော့ တရားခံတွေ ဘက်ကလိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေကို အကြောင်းကြားရမှာပါ။

ပြီးမှ ဆက်လက်ဆောင်ရွက်မယ်ဆိုရင် ဥပဒေဘောင်အတွင်း ဝင်မှာပါ။ ဒါတောင် ကျနော်တို့ ရှေ့နေများ ကောင်စီအနေနဲ့ ခွင့်ပြုလို့လည်း ရသလို ငြင်းပယ်လို့လည်းရတဲ့ ကိစ္စပါ။

မေး။     ။ DNA စစ်ဖို့အတွက် ဝင်းဇော်ထွန်းတို့ ဇော်လင်းတို့ကရော ဘယ်လိုသဘောရှိလည်းခင်ဗျ။ သူတို့ဘက်ကရော စိုးရိမ်တာတွေဘာတွေရှိတယ်ပြောလား။

ဖြေ။     ။  လုံးဝ မရှိပါဘူးခင်ဗျ။ သူတို့ပြောတဲ့စကားက ရှင်းရှင်းလေးရယ်။ သူတို့ကိုယ်တိုင် ဒီဟာနဲ့ ပတ်သက်လို့ စိုးရိမ်မှု မရှိပါဘူးတဲ့။ သရုပ်ပြတာကို သူတို့သင်ပြတဲ့ အတိုင်း သရုပ်ပြတယ်။ သရုပ်ပြချိန်မှာ သတင်းထောက်တွေ မေးရင် ဘာမှမပြောပါနဲ့ ပြောလို့ တခုခုဖြစ်ရင် မင်းတို့ကို စခန်းရောက် ရင်သတ်မယ် ဘာညာဆိုပြီး ခြိမ်းခြောက်ထားတာရှိပါတယ်။

သူတို့က ဒီအမှုနဲ့ ပတ်သက်ပြီးလုံးဝ မပါဘဲနဲ့ ဒီအမှုထဲမှာ ထောင်ခြောက်ဆင်ခံရတဲ့ သဘောမျိုး ဖြစ်နေပါတယ်။

မေး။     ။ အခုသူတို့နှစ်ယောက်ဆီက ရရှိလာတဲ့ အတည်ပြုချက်တွေကို ဦးအောင်မျိုးသန့်တို့ အနေနဲ့ ဘာဆက်လုပ်ကြမလဲ သိပါရစေ။

ဖြေ။     ။ ကျနော်တို့ ဖြစ်စေချင်တာကတော့ ထိုင်းနိုင်ငံရဲ့ ဥပဒေကို လေးစားလိုက်နာပြီးတော့ အပြစ် မကျူးလွန်ဘူးဆိုတဲ့ ကလေးတွေ အပြစ်ကနေ လွတ်အောင် ကျိုးစားဖို့ပဲရှိပါတယ်။

မေး။     ။ ဒီကိစ္စမှာ ထိုင်းရဲတပ်ဖွဲ့ဘက်ကတော့ သူတို့မှန်တယ်ဆိုပြီး ခိုင်ခိုင်မာမာပြောနေဆဲဖြစ် ပါတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်လဲခင်ဗျ။

ဖြေ။     ။ ဒါပေမယ့် ကျနော်အနေနဲ့ပြောရမယ်ဆိုရင်တော့ ဒီလိုသေဒဏ်ထိုက်တဲ့ အမှုကြီးတွေမှာ အမှုတွဲ့တင်ကတည်းကိုက ပြည့်စုံမှုမရှိလို့ အခုပဲ DNA ပြန်စစ်ရင် စစ်လို့ရတယ်လို့ ပြောလာတာပါ။

တကယ်သာ ပြည့်စုံခိုင်လုံမှု ရှိရင် ဒီလိုမျိုး DNA ကိုပြန်စစ်စရာ မလိုတော့ပါဘူး၊ အစိုးရရှေ့နေရုံးကလည်း ဒီအမှုကို ပြန်စစ်ပါ ပြည့်စုံမှုမရှိသေးဘူးလို့ ပြောစရာလည်း အကြောင်းမရှိပါဘူး။ သေဒဏ်ထိုက်တဲ့ အမှုတွေ မှာ ဒီလိုအားနည်းချက်တွေ အကြိမ်ကြိမ် အခါခါ ဖြစ်နေတဲ့ဟာကိုတော့ အခုကြမှ အဖတ်ဆည်တဲ့ သဘော ပြန်လုပ်မယ်ဆိုရင်တော့ ဒါဟာ ဥပဒေအရ တရားမျှတမှုမရှိဘူးလို့ပဲ ပြောဆိုချင်ပါတယ်။

မေး။     ။ အခင်းဖြစ်ပွားခဲ့တဲ့ ကျွန်းပေါ်ကို ဗြိတိန် စုံထောက်တွေမကြာခင်ရက်ပိုင်းကဝင်ရောက် စစ်ဆေးနေတာတွေ့ရပါတယ်။ ဒီအမှုနဲ့ ပတ်သက်လို့ မြန်မာအဖွဲ့အနေနဲ့ သူတို့ဆီက တစုံတရာ သိရပြီ လားခင်ဗျ။

ဖြေ။     ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ သံအမတ်ကြီး (ဦးဝင်းမောင်) ကို တင်ပြပြီး မေးကြည့် ပါတယ်။ သံအမတ်ကြီးကတော့ အတိအကျတော့မရသေးပါဘူး။ ဒါပေမယ့် သူတို့လည်း သူတို့နည်း၊ သူတို့ ဟန်နဲ့ စစ်ဆေးချက်တွေအပေါ်မှာ မူတည်ပြီးတော့ အတည်ဖြစ်အောင်တော့ အချက်တွေ ရယူသွားမယ်လို့ ပြောပါတယ်။ ဒါပေမယ့် အဲဒီအချက်တွေကိုတော့ ကျနော်တို့မရသေးပါဘူး။

မေး။     ။ ဒီဖြစ်စဉ်မှာ ဗြိတိန်ဘက်က ဝင်ရောက်စစ်ဆေးမှုတွေလုပ်လာတာဟာ တရားမျှတမှု ရရှိရေး အတွက် ပိုပြီးအားကောင်းလာတယ်လို့ ပြောလို့ရမလားခင်ဗျ။

ဖြေ။     ။ အဲဒါကတော့ အားရစရာပါပဲ၊ ဘာဖြစ်လို့လည်းဆိုတော့ ဒီအမှုကို ထိုင်းရဲတွေလုပ်ထားတဲ့ ကရော်ကမည်ဖြစ်တဲ့ ကိစ္စတွေဟာ အများရှေ့မှာ ထင်ထင်မြင်မြင်ဖြစ်သွားတာဟာ တော်တော်လေးကို ကောင်းပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တကယ်လို့သာ နှစ်နိုင်ငံထဲဆိုရင်တော့ ဒီကိစ္စဟာ တော်ရုံတန် ရုံနဲ့ ပြီးသွားမယ့်ကိစ္စပါ။ အခုဟာက အင်္ဂလန်ကလည်း နစ်နာသူ အနေနဲ့ ပါလာတဲ့ အတွက် သုံးပွင့်ဆိုင်ဖြစ် လာတဲ့ အတွက်ကြောင့်မို့လို့ နောက်ပိုင်းမှာ အမှန်အတိုင်း လုပ်မပေးလို့ မဖြစ်တဲ့ အခြေအနေ ရောက်သွား မှာပါ။

မေး။     ။ ဒီအမှုမှာ မြန်မာအစိုးရက လိုက်ပါဆောင်ရွက်တယ်ဆိုပြီး ဦးအောင်မျိုးသန့် တို့ကို အထူး အဖွ့ဲဆိုပြီးဖွဲ့ ပေးလိုက်တယ်။ ဒီအဖွဲ့က အားသွန်ခွန်စိုက် ဆောင်ရွက်နေတာကျနော်တို့လည်းတွေ့မြင် နေရ ပါတယ်။ ဒါပေမယ့် တကယ်တန်း ဒီအဖွဲ့မှာ မှုခင်းရေးရာ ကျွမ်းကျင်ပညာရှင်တွေ မပါပါဘူး။ ဒါကလည်း အရေးကြီးတဲ့ အတွက် အစိုးရအနေနဲ့ ဘာတွေဆက်လုပ်ပေးစေချင်လဲ။

ဖြေ။     ။အခု နိုဝင်ဘာလဆန်းပိုင်းမှာတော့ မြန်မာအစိုးရဘက်ကနေ မှုခင်းပိုင်းဆိုင်ရာ ကျွမ်းကျင် သူတွေနဲ့ ဥပဒေပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေ လာမယ်လို့ သံအမတ်ကြီးဆီကတဆင့် သိရပါတယ်။

Your Thoughts …
Tags: Thai
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

by ဧရာဝတီ
28 September 2024
1.1k

ထိုင်းနိုင်ငံသားတွေ လက်ထဲ ငွေသားတွေ ထည့်ပေးပြီး သုံးစွဲမှုကို အရှိန်အဟုန်နဲ့ အားကောင်းစေမယ်လို့ အဆိုပါ အစီအစဉ် စတင်ခြင်း အထိမ်းအမှတ်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် ဖေထုန်ထန် ရှင်နာဝပ်ထရာ ကလည်း…

ED visa နဲ့  ကျောင်းတက်နေသူတွေကို passport သက်တမ်းတိုးမှု ရပ်ဆိုင်း (ရုပ်/သံ)

ED visa နဲ့ ကျောင်းတက်နေသူတွေကို passport သက်တမ်းတိုးမှု ရပ်ဆိုင်း (ရုပ်/သံ)

by ဘုန်းအောင်
18 September 2024
491

Non-ED Visa နဲ့ ထိုင်းဘာသာစကားသင်တန်း၊ အင်္ဂလိပ်စာနဲ့ တရုတ်စာ သင်တန်း စတဲ့ ကာလတို သင်တန်း တတ်ရောက်နေတဲ့ ကျောင်းသားတွေ များလာတာကြောင့် ဒီသင်တန်းတက်ရောက် နေသူတွေရဲ့ နိုင်ငံကူး လက်မှတ်သက်တမ်းတိုးတာကို မြန်မာသံရုံး ဘန်ကောက်မြို့ နဲ့...

စစ်ခေါင်းဆောင်ကို ဝင်ခွင့်ပြုလို့ ထိုင်းအစိုးရ ဆန္ဒပြခံနေရ (ရုပ်/သံ)

စစ်ခေါင်းဆောင်ကို ဝင်ခွင့်ပြုလို့ ထိုင်းအစိုးရ ဆန္ဒပြခံနေရ (ရုပ်/သံ)

by ဧရာဝတီ
5 April 2025
341

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ BIMSTEC ထိပ်သီး အစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်ပေးခဲ့တဲ့အပေါ် ထိုင်းနိုင်ငံသားတွေရဲ့ ကန့်ကွက် ဆန္ဒပြမှုတွေ ဆက်တိုက် ရှိလာနေပါတယ်။

ထိုင်းရဲ အရာရှိ , မူးယစ်ဆေးဝါးများ, မယ်ဆိုင်မြို့, မြန်မာ-ထိုင်း နယ်စပ်

ထိုင်း ရဲအရာရှိကြီး တဦး မြန်မာ နယ်စပ်က သယ်လာတဲ့ မူးဆစ်ဆေးများနဲ့အတူ ဖမ်းမိ

by လင်းသန့်
19 August 2014
13.4k

မူးယစ်ဆေး ဖမ်းဆီးမှု၌ နာမည် အလွန်ကြီးခဲ့ပြီး မှတ်တမ်း ကောင်းတွေ ရရှိထားတဲ့ ထိုင်း ရဲအရာရှိကြီး ချမ်နန် (Chamnarn Poompaijit) ကို ဘတ်ငွေ သန်း ၁၆ဝ ကျော် (ကျပ်ငွေ သန်း ၄၈ဝဝ...

မြန်မာ စစ်ရာဇဝတ်ကောင်ကို လက်မခံဖို့ ထိုင်းတွေတောင်းဆို (ရုပ်/သံ)

မြန်မာ စစ်ရာဇဝတ်ကောင်ကို လက်မခံဖို့ ထိုင်းတွေတောင်းဆို (ရုပ်/သံ)

by ဧရာဝတီ
4 April 2025
203

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မကြိုဆိုဘူးဆိုပြီး ထိုင်းပြည်သူတချို့ ဆန္ဒဖော်ထုတ်မှုတွေရှိနေသလို လူမှုကွန်ရက်တွေပေါ်မှာလည်း ဝရမ်းထုတ်ခံထားရတဲ့ စစ်ရာဇဝတ်ခေါင်းဆောင်ကို ဖမ်းဆီးပြီး အာဂျင်တီးနားတရားရုံးကို လွှဲပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

by ရန်ပိုင်
1 March 2013
47.2k

၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်း မဲခေါင်မြစ်တွင်း တရုတ်ကုန်တင် သင်္ဘော နှစ်စီးမှ တရုတ် သင်္ဘောသား ၁၃ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ထိုင်းနှင့် တရုတ် အစိုးရတို့က နော်ခမ်းနှင့် အဖွဲ့က ပြုလုပ်သည်ဟု...

Next Post
ဖက်ဒရယ်စနစ်နဲ့ ဒီမိုကရေစီစနစ် – အမေရိကန်ပုံစံအပြင် တခြားရွေးချယ်စရာများ (၂)

ဖက်ဒရယ်စနစ်နဲ့ ဒီမိုကရေစီစနစ် - အမေရိကန်ပုံစံအပြင် တခြားရွေးချယ်စရာများ (၂)

ကညွတ်ဟင်းချို

အနောက်တိုင်းစတိုင် ကညွတ် ဟင်းချို

Please login to join discussion
No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

6 days ago
5.8k
စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

1 day ago
5.5k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် ချောင်ပိတ်မိနေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate