• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Human Rights

“ဥပဒေက တပ်မတော်ကို မြေသိမ်းဖို့ အတွက် ခွင့်ပြုမထား”

by ဧရာဝတီ
1 November 2014
in Human Rights
A A
မိကျောင်းကန် မြေသိမ်းမှု, မြေယာသိမ်းဆည်းမှု, လယ်ယာမြေစုံစမ်း စစ်ဆေးရေး ကော်မရှင်, ကာကွယ်ရေး ဝန်ကြီး ဌာန, တပ်ပိုင်မြေ,

ရှေ့နေ ဦးဖိုးဖြူ (ဓာတ်ပုံ - ဦးဖိုးဖြူ ဖေ့စ်ဘုတ်)

7k
VIEWS
Share on FacebookShare on Twitter

လက်ရှိအချိန်အထိ နိုင်ငံအနှံ့တွင် မြေယာသိမ်းဆည်းမှု ပြဿနာ အများအပြား ရှိနေဆဲ ဖြစ်သည်။ တပ်မတော်ကလည်း မြေယာ သိမ်းဆည်းမှုများ ရှိနေသည်။ တချို့ သိမ်းဆည်းမြေယာ များသည်လည်း စီးပွားရေးလုပ်ငန်းခွင် အဖြစ် အသွင်ပြောင်းသွားသည် ကို တွေ့မြင်နေရသည်။

ဥပဒေကြောင်းအရ လယ်ယာမြေများကို တပ်မတော်က သိမ်းဆည်းခွင့် ရှိ/မရှိ၊ သိမ်းဆည်းမြေများကို မူလပိုင်ရှင်များသို့ ပြန်လည် ပေးအပ်ရာတွင် စီမံခန့်ခွဲမှု အားနည်းချက်များ၊ ရန်ကုန်မြို့တွင် သပိတ်စခန်းဖွင့် ဆန္ဒပြလျက်ရှိသည့် သင်္ဃန်းကျွန်း မိကျောင်းကန် မြေသိမ်းမှု စသည့် အခြေအနေများနှင့် ပတ်သက်ပြီး ဧရာဝတီ မြန်မာပိုင်း ကော်ပီ အယ်ဒီတာ နိုင်စွမ်းက ရန်ကုန် အခြေစိုက် ရှေ့နေ ဦးဖိုးဖြူနှင့် မကြာသေးခင်က တွေ့ဆုံ မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
2
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
711
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
212

မေး။   ။ ရန်ကုန်မှာ ရှိတဲ့ ယခင် စစ်ရုံးချုပ်မြေနေရာကို ပုဂ္ဂလိကကို လုပ်ကိုင်ခွင့် ချထားပေးတာ တွေ့ရတယ်။ တပ်မြေအဖြစ် ဘယ် လို အခြေအနေမှာ မြေသိမ်းခွင့်ရှိတယ်၊ တကယ်လို့ စစ်တပ်က အသုံးမလိုတော့ဘူး ဆိုရင် အဲဒီမြေကို ဘယ်လို လုပ်ဆောင်ရ တယ် ဆိုတာ မြေယာဥပဒေ အရ ရှင်းပြပေးပါ။

ဖြေ။   ။ စစ်တပ်က မြေသိမ်းတဲ့ ကိစ္စတွေနဲ့ ပတ်သက်ရင် သီးခြားဥပဒေ ပြဋ္ဌာန်းထားတဲ့ ကိစ္စရှိပါတယ်။ ၁၉၀၃ ခုနှစ် တပ်မတော် လုပ်ငန်းဆောင်တာများ ဥပဒေ (1903, the Works of Defence Act) ကို လေ့လာရပါမယ်။ အဲဒီ ဥပဒေမှာ ဆိုရင် ကာကွယ်ရေး လုပ်ငန်း လုပ်ဖို့ အတွက် အနီးအနားဝန်းကျင်မှာ ရှိတဲ့ မြေကို အသုံးချမှု ကန့်သတ်ဖို့ အတွက်သာ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။

ဆိုလိုတာက တပ်မတော်ရဲ့ ကာကွယ်ရေး လုံခြုံရေး ကိစ္စအတွက် လုပ်ငန်းဆောင်တာ တခုရှိရမယ်၊ အဲဒီ လုပ်ငန်းဆောင်တာက ပတ်ဝန်းကျင်မှာ ရှိတဲ့ မြေအသုံးပြုမှုကို ကန့်သတ်လိုတာပဲ ဖြစ်ရမယ်။ အများပြည်သူ သုံးလို့ မရအောင် မြေကိုကန့်သတ်ထားတဲ့ သဘောပဲဖြစ်ပါတယ်။

ဥပဒေက တပ်မတော်ကို မြေသိမ်းဖို့ အတွက် ခွင့်ပြုမထား သလို စီးပွားရေးလုပ်ဖို့ အတွက်လည်း အခွင့်အရေး ပေးမထားပါဘူး။ မြေ သိမ်းပြီး စီးပွားရေးလုပ်ဖို့ ၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေ (1959, the Defence Act) မှာလည်း ပြဋ္ဌာန်းမထားပါဘူး။ ဘယ် ဥပဒေ ပြဋ္ဌာန်းချက်ကမှလည်း မြေသိမ်းပြီး စီးပွားရေးလုပ်ဖို့ ခွင့်ပြု မထားပါဘူး။

ဒီနေရာမှာ ဥပဒေ ပြဿနာ လေးချက် ရှိပါတယ်။

ပထမအချက်ကတော့ တကယ်လို့ မြေသိမ်းပြီး စီးပွားရေးလုပ်ဖို့ စစ်ရုံးချုပ်ကနေ အမိန့်တွေ၊ ညွှန်ကြားချက်တွေ ထုတ်ခဲ့မယ် ဆိုရင်လည်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ဖော်ပြပါ ဥပဒေတွေကို ဆန့်ကျင်ပြီး ထုတ်ပြန်နေတာပဲ ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဒီဥပဒေ မပေါ်ပေါက် ခင်က အစိုးရဌာနတွေရဲ့ ဆောင်ရွက်ချက် တွေကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပေါ်ပေါက်ရေးအတွက် ဆောင်ရွက်ချက်တွေ အဖြစ် မှတ်ယူရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ပြည်သူ တွေ ပိုင်တဲ့မြေကို သိမ်းပြီး တပ်မတော်က စီးပွားရေး လုပ်တာဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပေါ်ပေါက်ဖို့ လားလားမျှ မသက်ဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်။

တတိယ အချက်ကတော့ အဲဒီ ဖွဲ့စည်းပုံမှာပဲ တပ်တွင်း စီမံခန့်ခွဲမှုကို ဝင်ရောက်စွက်ဖက်ခြင်း မရှိစေဖို့ ပြဋ္ဌာန်းထားပြန်ပါတယ်။ တကယ်တော့ ပြည်သူ့မြေတွေကို သိမ်းပြီး စီးပွားရေး လုပ်တာ၊ ကာကွယ်ရေးလုံခြုံရေးနှင့် လားလားမျှ မသက်ဆိုင်တဲ့ ကိစ္စပဲဖြစ်ပါတယ်။ ကာကွယ်ရေး လုံခြုံရေး ကိစ္စ မဟုတ်တဲ့အပြင် အများပြည်သူ အကျိူးစီးပွားကို ထိခိုက်သိမ်းနှုတ်တဲ့ ကိစ္စဖြစ်တဲ့ အတွက် အများပြည်သူ့ရေးရာ ကိစ္စဖြစ်ပါတယ်။ တပ်တွင်း စီမံခန့်ခွဲမှုလို့ ဥပဒေအရ မဆိုနိုင်ပါဘူး။

နောက်ဆုံး စတုတ္ထ အချက်ကတော့ တပ်မတော် လုပ်ငန်း အတွက် အသုံးပြုတဲ့ မြေနေရာတွေ အပြင် အဲဒီလုပ်ငန်း ပတ်ဝန်းကျင်မှာ ရှိတဲ့ အသုံးချမှု ကန့်သတ်ခံထားရတဲ့ မြေနေရာတွေကို အသုံးပြုဖို့ မလိုအပ်တော့ဘူး ဆိုရင် ၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေ ပုဒ် မ ၃၂ အရ မူလမြေပိုင်ဆိုင်ခွင့် ရှိသူတွေ၊ မြေလက်ဝယ်ထားခွင့် ရှိသူတွေနှင့် မြေပိုင်ခွင့် ရှိသူတွေကို ပြန်လည်အပ်နှင်းရမှာ ဖြစ်ပါတယ်။ ယခု နောက်ဆုံး လက်တွေ့ ဖြစ်ပေါ်နေတာကတော့ စီးပွားရေး လုပ်ငန်းရှင်တွေ လက်ထဲ ထိုးရောင်းလိုက်တာ အကျိုးတူ လုပ်နေတာကို တွေ့မြင်နေရပါတယ်။

ကာကွယ်ရေး ဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန အသီးသီးက မြေရယူ အသုံးပြုခဲ့ပြီး စီမံကိန်း အကောင်အထည် ဖော်ဖို့ မလိုအပ် တော့ဘူး ဆိုရင် မူလမြေရှင်တွေဆီ မြေပြန်အပ်ဖို့ ဆိုတာ တည်ဆဲ ဥပဒေစည်းမျဉ်း တရပ်ပဲ ဖြစ်ပါတယ်။ အဲဒီတော့ ရှေ့မှာ ဖော်ပြ ခဲ့တဲ့ အချက်လေးချက် စလုံးကို ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အငြင်းပွားမှုတရပ် အဖြစ် သက်ဆိုင်ရာ လွှတ်တော်မှာ ကိုယ်စားလှယ် အသီးသီးက သတ်မှတ် အရေအတွက် ပြည့်မီအောင် စည်းရုံးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်သွင်း အရေးဆို သင့် ပါတယ်။

မေး။   ။ အခုဆိုရင် လက်ရှိအစိုးရက သိမ်းယူထားတဲ့ မြေယာတွေကို ပြည်သူတွေကို ပြန်လည် ချထားပေးနေပြီလို့ အစိုးရထုတ် သတင်းစာတွေမှာ ဖတ်ရပါတယ်။ ဒါပေမယ့် မူလပိုင်ရှင် ပြည်သူတွေဆီ မရောက်ဘူး၊ အဲဒီလို ဖြစ်နေတာ ဘာကြောင့်လဲ။

ဖြေ။   ။ သိမ်းယူထားတဲ့ မြေတွေကို ပြည်သူတွေလက်ထဲ ပြန်မရောက်တာ အကြောင်းအချက် ၂ ရပ်ကြောင့် ဖြစ်ပါတယ်။ ပထမ တချက်ကတော့ အဂတိတရားပဲ ဖြစ်ပါတယ်။ ဝန်ကြီးဌာနတွေ၊ ဦးစီးဌာနတွေ ကိုယ်တိုင်က မြေတွေကို ကိုယ့်အိတ်ထဲ ကိုယ်ဖိတ်ဖို့ ဒေသခံ မဟုတ်တဲ့ လူတွေနဲ့ ဟန်ပြ လျှောက်ထားစေပါတယ်။ ပြီးတော့ လက်လှည့်ခွဲဝေ ပေးပါတယ်။ မြေသိမ်းခံရတဲ့ မူလ လက် ငုတ် မြေရှင်၊ တောင်သူလယ်သမားတွေနဲ့ မြေသိမ်းခံရပြီး နောက်ပိုင်း ဦးစီးဌာနတွေက သီးစားချပေးထားတဲ့ သူတွေကို အိမ်ကြက် ချင်း အိုးမည်းသုတ် ခွပ်ခိုင်းစေတာပဲ ဖြစ်ပါတယ်။

ဒါမှလည်း နိုင်ငံရေးအရရော၊ သတင်းမီဒီယာတွေရဲ့ အာရုံစိုက်မှုကလည်း တန်ဖိုးကျဆင်းသွားပြီးတော့ လယ်သမား တွေကို သိက္ခာကျစေမှာ ဖြစ်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ကတော့ မူလလက်ငုတ်လယ်သမားကို မပေးဘဲ ထပ်ဆင့် သီးစားချခံရတဲ့ လယ် သမားနဲ့ အာဏာပိုင်တွေ သူခိုးသူဝှက်လု ဇာတ်လမ်း ဖြစ်နေတာပါပဲ။ ဒါ့ထက် ပိုဆိုးတာကတော့ ဒေသခံ မူလလက်ငုတ် လယ် သမား တွေထံက မြေသိမ်းပြီး ကုမ္ပဏီလုပ်ငန်းရှင်တွေနဲ့ အစိုးရ ဝန်ကြီးဌာနတွေက တဝက်ပေးတဝက်ယူ ကန်ထရိုက်စနစ် ခွင့်ပြုနေ တာကို တွေ့ရပါတယ်။

ဒုတိယ အချက်ကတော့ မြေယာပြန်လည် ခွဲဝေပေးရေး ဆိုင်ရာဥပဒေကို ပြည်ထောင်စု လွှတ်တော်က အတိအလင်း ပြဋ္ဌာန်းထားခြင်း မရှိသေးပါဘူး။ ပြည်ထဲရေးဝန်ကြီးဌာနက မြေယာပြန်လည် စွန့်လွှတ်ရေး လုပ်ထုံးလုပ်နည်းကို ထုတ်ပြန် ပါတယ်။ လုပ်ထုံး လုပ်နည်း ဥပဒေ၊ နည်းဥပဒေတွေဆိုတာ လွှတ်တော်က ဥပဒေပြဋ္ဌာန်းထားချက်ရှိမှ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက စီမံခန့်ခွဲရေး ဥပဒေအဖြစ် ထုတ်ပြန်ရတာဖြစ်ပါတယ်။

အခုဟာက လွှတ်တော်က မြေပြန်လည်ခွဲဝေပေးရေး ပြဋ္ဌာန်းဥပဒေ ဘာမှမရှိဘဲ ပြည်ထဲရေးဝန်ကြီးဌာနက မြေပြန်လည် စွန့်လွှတ် ရေး ထုံးနည်းကို ထုတ်ပြန်တာဟာ ဥပဒေက ခွင့်ပြုထားခြင်း မရှိတာကို အာဏာကျော်လွန်ဆောင်ရွက်ချက်ပဲ ဖြစ်ပါတယ်။ သမ္မတရုံးရဲ့ စီမံခန့်ခွဲပိုင်ခွင့်လို့ ဆိုနိုင်ပေမယ့် လွှတ်တော်ဥပဒေကို တဆင့်ခံဥပဒေပြုခြင်း (Subordinate Legislation)  တနည်းအားဖြင့် ဝန်ကြီးဌာန၏ စီမံခန့်ခွဲရေး ဥပဒေ(Administrative Law) ရေးဆွဲ ပြဋ္ဌာန်းဖို့ ဆိုရင် လွှတ်တော်က ပြဋ္ဌာန်းထားတဲ့ မူလမိခင် ဥပဒေ ရှိရပါမယ်။ အဲဒီ မိခင်ဥပဒေက တဆင့်ခံဥပဒေ ပြဋ္ဌာန်းဖို့ ဝန်ကြီးဋ္ဌာနကို ခွင့်ပြုတဲ့ ပြဋ္ဌာန်းချက် အပိုဒ်တွေ ပါဝင်ရပါမယ်။

အဲဒီ မိခင်ဥပဒေလည်း မရှိ မြေယာစွန့်လွှတ်ရေး တဆင့်ခံ ပြဋ္ဌာန်းဖို့ သီးခြားဥပဒေ ပြဋ္ဌာန်းချက်လည်း မရှိဘဲ မြေယာပြန်လည် စွန့်လွှတ်ရေး ထုံးနည်းတွေ ထုတ်ပြန် လုပ်ဆောင်နေတာဟာ ဥပဒေနဲ့ ညီညွတ်မှု မရှိပါဘူး။ လွှတ်တော်ပြု ပြဋ္ဌာန်းဥပဒေလည်း မရှိတာကြောင့် လွှတ်တော်က ဒီထုံးနည်းတွေကို ပြန်လည် စိစစ်ဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဥပဒေနှင့် ညီမညီ လွှတ်တော်က ဆုံးဖြတ်ဖို့ အခွင့်အလမ်းလည်း မရှိဘူး ဖြစ်နေပါတယ်။ ဒါကြောင့် မြေတွေကို ဝန်ကြီးဌာနတွေက ပြန်လည် စွန့်လွှတ်တယ် ဆိုပေမယ့် ပြည်သူတွေလက်ထဲ ပြန်မရောက်တာကတော့ ဥပဒေ လုပ်ထုံးလုပ်နည်း လွှဲမှားချွတ်ချော်နေတဲ့ စီမံခန့်ခွဲရေး ဥပဒေကို ဝန်ကြီးဌာန က ထုတ်ပြန်အသုံးပြုနေလို့ပဲ ဖြစ်ပါတယ်။

ဒါရဲ့ ပြယုဂ်ကတော့ ဒီမိုကရေစီ နိုင်ငံတွေမှာ သမားရိုးကျ ပါဝါ အားပြိုင်မှု ဖြစ်တတ်သော အစဉ်အလာအတိုင်း သမ္မတရုံးက ပြည် ထောင်စု လွှတ်တော်ရဲ့ စိစစ်ကြီးကြပ်နိုင်မှု အခွင့်အာဏာကို ကျော်လွန်ဖို့ ဥပဒေမဲ့ လုပ်ရပ်တွေ ဆောင်ရွက်နေတာပဲ ဖြစ်တယ်လို့ ဥပဒေကြောင်းအရ သုံးသပ်နိုင်ပါတယ်။

မေး။   ။ လက်ပံတောင်းတောင် အပါအဝင် တနိုင်ငံလုံးမှာ ဒေသအလိုက် လယ်ယာမြေ အငြင်းပွားမှုတွေကို စုံစမ်းစစ်ဆေးရေး ကော်မရှင်တွေ ဖွဲ့ပြီး ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် အခုအချိန်အထိ အများပြည်သူ ကျေနပ်တဲ့ စုံစမ်း ဖော် ထုတ်မှု လည်း မတွေ့ရသေးတာကရော ဘာကြောင့်လဲဆိုတာ ပြောပြပေးပါ။

ဖြေ။   ။ ဖော်ပြပါ အချက်နှစ်ချက် စလုံးကို ဒေသအလိုက် အမှုတခုချင်းစီ အလိုက် လွှတ်တော်ရဲ့ ကော်မရှင် အစီရင်ခံစာတွေမှာ ကြောင်းခြင်းရာ အချက်အလက် ကိုရော၊ ဥပဒေခြင်းရာ အချက်အလက်ကိုရော အသေးစိတ် သုံးသပ်ပြီး အစီရင်ခံဖော်ပြဖို့ လိုအပ်နေ တာပဲ ဖြစ်ပါတယ်။ စီမံကိန်းအကြောင်းပြပြီး လျော်ကြေးနှပ်ကြောင်းပေးတဲ့ မယားငယ်စရိတ်၊ သဒ္ဓါပေး သဒ္ဓါယူ၊ သူတောင်းစားပေး မျိုး ကရုဏာကြေး ဆိုတာတွေ လောက်နဲ့ ကော်မရှင် အစီရင်ခံစာတွေက အကြံပြုနေတာတွေဟာ ဒေသခံပြည်သူပြည်သား မြေရှင် တွေရဲ့ အရှည်သဖြင့် ဖွံ့ဖြိုးမှုကို အထောက်အပံ့ မဖြစ်စေနိုင်ပါဘူး။

ဥပဒေနှင့် မညီတာကို မညီတဲ့အတိုင်း၊ ဥပဒေအရ ရသင့် ရထိုက်တဲ့ အခွင့်အရေးကို အခွင့်အရေး အတိုင်း အတိအကျ ဖော်ပြပြီး။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ကုမ္ပဏီက ဖြေရှင်းဖို့ တာဝန်တွေကို အသေအချာအကျအန ဖော်ပြရမှာ ဖြစ်ပါတယ်။ နိုင်ငံရေး သမား ပီပီ လွှတ်တော်ကိုယ်စားလှယ် တာဝန်ထမ်းတဲ့ အလှည့်မှာလည်း သိပ်ယေဘုယျ ဆန်လွန်းနေဦးမယ် ဆိုရင် ပြည်သူတွေ အကျိုးခံစားခွင့် ရှိဖို့ မမြင်ပါဘူး။

ဒါကြောင့် ပထမဆုံးလုပ်ရမှာကတော့ လယ်ယာမြေနှင့် အခြားမြေ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်လို့ အမည်တပ်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ပဲ ဖွဲ့စည်းထားတဲ့ ကော်မတီအဆင့်သာသာ အဲဒီကော်မရှင်ကို ပြန်လည် ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။

လွှတ်တော် နည်းဥပဒေတွေ အရ ကော်မရှင်အဆင့် ဖြစ်ဖို့ဆိုရင် မြေယာဆိုင်ရာ ကျွမ်းကျင်သူတွေ၊ မြေယာဆိုင်ရာ ဥပဒေပညာရှင် တွေ ၊ တောင်သူလယ်သမားအရေး မြေယာအခွင့်အရေး ဆောင်ရွက်နေသူ အရပ်ဘက်လူ့အဖွဲ့ အစည်းတွေ၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပညာရှင်တွေ စတဲ့ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပညာရှင်တွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ပါဝင်ဖွဲ့စည်းမှသာ ကော်မရှင် အဆင့်ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။

မေး။   ။ လက်ရှိ သပိတ်မှောက်နေတဲ့ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း မြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ က လူတချို့က သူတို့မြေ ပြန်လည် ရရှိရေးအတွက် သပိတ် စခန်းဖွင့် ဆန္ဒပြ လာတာ ၆ လ ၊ ၇ လ လောက်ရှိပါပြီ။ ဒါပေမယ့် အစိုးရက အရေးယူတုံ့ပြန် ဆောင်ရွက် ပေးတာ မတွေ့ရပါဘူး။ အဲဒီအပေါ်မှာ ဥပဒေကြောင်းအရ အမြင်ကို ပြောပြပါဦး။

ဖြေ။   ။ မိကျောင်းကန် ကိစ္စဆိုတာ  လွတ်လပ်ရေးရပြီး နောက်ပိုင်း နှစ်များစွာကတည်းက ရွာကြီးတရွာအဖြစ် အခြေတကျ နေ ထိုင် ခဲ့ကြတဲ့ မိသားစုတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရွာကြီး ဖြစ်တဲ့အတွက် လမ်းစနစ်နဲ့ မိလ္လာစနစ်တော့ သီခြားဖွံ့ဖြိုးမှု မရှိခဲ့ပါဘူး။ ဝင်ငွေအဆင့်အတန်း နိမ့်ကျတဲ့ လက်လုပ်လက်စား မိသားစုတွေက မြို့ပြင်မှာ တတ်နိုင်တဲ့ သစ်ဝါးတဲ ဆောက်လုပ်ပြီး အခြေချနေ ထိုင်မှု မိသားစုရပ်ဝန်းကြီး ဖြစ်ခဲ့ပါတယ်။

တချို့ မိသားစုတွေမှာ ဆိုရင် ဘိုးဘွားမြေ ပိုင်ဆိုင်မှု အထောက်အထား စာရွက်စာတမ်းတွေ အခိုင်အမာ ရှိကြပါတယ်။ အများစု ကတော့ ဒေသခံတွေနဲ့ တနိုင်တပိုင် လက်လုပ်လက်စားတွေ အခြေချ နေထိုင်တာဖြစ်လို့ တရားဝင် အထောက်အထား စာရွက် စာ တန်းတွေ လျှောက်ထားရယူ နိုင်ခဲ့ခြင်း မရှိပါဘူး။ နိုင်ငံတကာ ဥပဒေစံနှုန်းသဘောအရပဲ ကြည့်ကြည့် ပြည်တွင်းဥပဒေ သဘော အရ ပဲ ဆိုဆို မြေမှာ အခြေချနေထိုင်ပြီး မြေပေါ်မှာ အကျိုးခံစားခွင့် ရရှိနေသူတွေကို မြေပိုင်ဆိုင်ခွင့် ပေးဖို့လိုအပ်တာပဲ ဖြစ်ပါတယ်။

အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေယာ ဥပဒေအရ ဆိုရင် မြို့ရွာအိုးအိမ် တိုးချဲ့တဲ့အခါ အဲဒီတိုးချဲ့တဲ့ ဒေသမှာ မူရင်းလက်ငုတ် နေထိုင်အခြေချ မြေအကျိုးခံစားခွင့်ရှိသူတွေကို မြေယာဆိုင်ရေးဆိုင်ခွင့် အခွင့်အရေးပေးဖို့ ဥပဒေက အတိအလင်း ပြဋ္ဌာန်းထားပါတယ်။ မိကျောင်းကန် ကိစ္စမှာ စစ်တပ်က သိမ်းယူတယ်ဆိုရင် ကာကွယ်ရေး လုံခြုံရေး လိုအပ်ချက် အတွက်ပဲ သိမ်းယူတာမျိုး ဖြစ် ထိုက်ပါတယ်။

လက်တွေ့မှာတော့ မြေသိမ်းပြီး အခြားလူကို သီးစားချထားတဲ့ ဖြစ်ရပ်ဟာ တပ်မတော် လုပ်ငန်းဆောင်တာများ ဥပဒေ၏ ရည်ရွယ် ရင်း အနှစ်သာရနှင့် ကွဲလွဲနေတာကို တွေ့ရပါတယ်။ ထိုက်တန်တဲ့ မြေ ဆိုင်ရေးဆိုင်ခွင့်လည်း ဒေသခံတွေ ခံစားခဲ့ရတာ မဟုတ်တဲ့ အပြင် ကာကွယ်ရေး လုံခြုံရေးနှင့်မဆိုင်ဘဲ သိမ်းယူထားတဲ့ မြေကို စစ်တပ်က ကုမ္ပဏီ လက်ထဲ အပ်ဖို့ ကြိုးစားနေတာဟာ ဥပဒေ ကြောင်းအရ လုံးလုံးမှားယွင်းနေပါတယ်။ ဒေသခံ ပြည်သူပြည်သားတွေ မြေယာပြန်လည်ခွဲဝေ အကျိုးခံစားခွင့် ရထိုက်တဲ့ မြေ တွေပဲ ဖြစ်ပါတယ်။

ဘယ်လို ဖြေရှင်းသင့်လဲ ဆိုတော့ “ဥပဒေကြောင်းအရ စီမံခန့်ခွဲမယ်ဆိုရင် တပ်မတော် အစိုးရ တာဝန်ယူသည့် ကာလအတွင်း အစိုးရ ဝန်ကြီးဌာနက ဖြစ်စေ၊ ပုဂ္ဂလိကနှင့် ကုမ္ပဏီတို့က ဖြစ်စေ ဥပဒေမဲ့ မြေသိမ်းယူစီမံခန့်ခွဲခြင်း ဖြစ်ကြောင်း စွပ်စွဲအရေးဆို လာသည့် ကိစ္စရပ်များတွင် ကာလစည်းကမ်းသတ် ဥပဒေတွင် မည်သို့ပင် ပါရှိစေကာမူ ဒီမိုကရေစီ စနစ်ကို စတင်ကျင့်သုံးသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာသက်ဝင်သည့် အချိန်မှ စတင်၍ တရားစွဲဆိုရန် ပေါ်ပေါက်သည်ဟု မှတ်ယူရမည်”လို့ ပြည်ထောင်စု လွှတ်တော်က မြေယာဆိုင်ရာ အငြင်းပွားမှု ဖြေရှင်းရေး သို့မဟုတ် မြေယာပြန်လည် ခွဲဝေပေးရေး ဥပဒေတရပ်ကို ပြဋ္ဌာန်းပြီး အဲဒီဥပဒေမှာ ဒီအချက်ကို ထည့်သွင်း ပြဋ္ဌာန်းအတည်ပြုသင့်ပါတယ်။

ဒါမှလည်း အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု (Transitional Justice)ကို ပြည်ထောင်စု လွှတ်တော်က ဖော်ဆောင်နိုင်မှာ ဖြစ် ပါတယ်။     ။

Your Thoughts …
Tags: Rule of Law
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.2k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

by ဧရာဝတီ
28 August 2014
18.1k

မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

by မေစစ်ပိုင်
1 February 2016
16.1k

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

by မေစစ်ပိုင်
21 January 2016
42.4k

ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

ခွန်ဆာ

ကျားထောင်ချောက်နဲ့ ခွန်ဆာ

by အောင်မြို့
4 June 2016
19.1k

၁၉၉၆ မှာတော့ အမေရိကန်တွေကို အံ့အားသင့်စေတဲ့ အကွက်ရွှေ့မှုအဖြစ် မြန်မာ န၀တ အစိုးရဆီမှာ လက်နက်အပ်ပြီး ခွန်ဆာနဲ့ သူ့ဇနီးတွေ၊ သားသမီးတွေက ရန်ကုန်မှာ အစိုးရရဲ့ အစောင့်အရှောက်နဲ့ နေလိုက်ကြပါတော့တယ်။

Next Post
ဗမာပြည် ကွန်မြူနစ်ပါတီ, ဗိုလ်ချုပ်အောင်ဆန်း, ဗိုလ်ကျော်ဇော,ဖက်ဆစ်တော်လှန်ရေး,

သခင်သန်းထွန်းရဲ့ စာများ

ဈေးဘူတာ

ဈေးဘူတာ

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

1 week ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate