သတင်းတို

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ရန် ကြိုးစားနေဟု သမ္မတ ဦးသိန်းစိန်ပြော

This article has been converted from Zawgyi One to Unicode

ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတွင် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်စဉ်သည် အရေးပါသည့်အတွက် တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်ချုပ်ဆိုကာ လက်မှတ်ရေးထိုးနိုင်ရန် ကြိုးစားနေကြောင်း သမ္မတ  ဦးသိန်းစိန်က နိုဝင်ဘာလအတွက် ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်ပြောဆိုသွားသည်၊ စာချုပ် ချုပ်ဆို နိုင်မှသာ တိုက်ခိုက် မှုများ၊ ထိပ်တိုက်ရင်ဆိုင်မှုများ လျော့ချနိုင်မှာဖြစ်ပြီး ပဋိပက္ခဒေသရှိ ပြည်သူများ အသက်အိုးအိမ်နှင့် လူမှုဘဝကို ထိခိုက် မှုများ လျော့နည်းသွားမှာဖြစ်ကြောင်း ဆိုသည်။ လက်ရှိအခြေအနေတွင်မူ ပြည်တွင်ငြိမ်းချမ်းရေး အခြေအနေမှာ ရှေ့မတိုးနိုင်ပဲ၊ မကြာသေးမီက ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။

Loading