ကြံခိုင်ရေး ခေါင်းဆောင်တဦးဖြစ်သည့် ဦးအောင်သောင်းကို အမေရိကန်နိုင်ငံက ပိတ်ဆို့အရေးယူမှု ပြုလုပ်ခြင်းသည်၊ ၎င်း၏ သားဖြစ်သူ ဦးနေအောင်ပိုင် ယူနိုက်တက် အမရာဘဏ်နှင့် သက်ဆိုင်ခြင်းမရှိကြောင်း၊ ဦးအောင်သောင်ကိုသာ အရေးယူ ခြင်းဖြစ်ကြောင်း အမရာဘဏ်နှင့် ဆက်စပ်၍ လုပ်ကိုင်နေသည့် ပြည်သူများအကြား စိုးရိမ်မှုများ ဖြစ်ပေါ်ခြင်းနှင့် ပတ်သက်၍ ဘဏ် အမှုဆောင်အရာရှိချုပ် ဦးသန်းဝင်းဆွေကယမန်နေ့ညနေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ရှင်ပြခဲ့သည်။ ဦးအောင်သောင်း အရေးယူခံရခြင်းသည် သားဖြစ်သူ ဦးေနေအာင်နှင့် မသက်ဆိုင်သလို၊ အမရာ ဘဏ်နှင့်လည်း မသက်ဆိုင်ကြောင်း၊ ယူနိုက်တက်အမရာဘဏ်သည် အမေရိကန်၏ အရေးယူပိတ်ဆို့မှု စာရင်းတွင် ယခင်ကတည်းက မပါဝင်သလို၊ ယခုလည်းမပါဝင်ကြောင်း၊ လက်ရှိတွင်လည်း ဘဏ်စည်းမျဉ်းစည်းကမ်းနှင့် အညီလုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။