သတင်းတို
အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၄ တွေ့မည်
This article has been converted from Zawgyi One to Unicode
အမေရိကန် သမ္မတ အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နိုဝင်ဘာ ၁၄ ရက်နေ့တွင် ရန်ကုန်၌ တွေ့ဆုံမည်ဖြစ်သည်။ အမေရိကန်သမ္မတသည် နေပြည်တော်တွင် ကျင်းပမည့် East Asia Summit (EAS) နှင့် US-Asean Summit တက်ရောက်ရန် မြန်မာပြည်သို့ နိုဝင်ဘာ ၁၂ ရက်မှ ၁၄ ရက် လာရောက်မည်ဖြစ်သည်။ သမ္မတ ဦးသိန်းစိန်နှင့်လည်း တွေ့ဆုံရန် ရှိသည်။ နိုဝင်ဘာ ၁၄ ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံမီ အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမည်ဟု အိမ်ဖြူတော်မှ ထုတ်ပြန်ထားသည်။