• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Religion

အွန်လိုင်း ဘုန်းတော်ကြီး ဦးဝီရသူ၏ Facebook အနှောင့်ယှက် ခံနေရသလား

by ဇာနည်မာန်
6 November 2014
in Religion
A A
ဦးဝီရသူ, Facebook

အမျိုးသားရေးဝါဒီ ဗုဒ္ဓဘာသာတချို့နှင့် ထိုသူတို့၏ ချစ်ကြောက်အရိုသေခံ ဘာသာရေးခေါင်းဆောင် အရှင်ဝီရသူ (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

8.8k
VIEWS
Share on FacebookShare on Twitter

အွန်လိုင်းပေါ်၌ လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ခြင်းဖြင့် လူသိများလာခဲ့သော အရှင်ဝီရသူသည် မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနောက်ပိုင်း အချိန်များ၌ အွန်လိုင်းဘုန်းတော်ကြီး တပါးအသွင် ဖြစ်လာခဲ့သည်။

အမျိုးသားရေးဝါဒီ ဗုဒ္ဓဘာသာတချို့နှင့် ထိုသူတို့၏ ချစ်ကြောက်အရိုသေခံ ဘာသာရေးခေါင်းဆောင် အရှင်ဝီရသူက သူ၏ ကိုယ်ပိုင်လူမှုကွန်ရက် စာမျက်နှာများကို အသုံးပြုရ ခက်ခဲလာပြီး အတိုက်အခိုက်များ ရှိနေကြောင်း ပြောဆိုကြသည်။

RelatedPosts

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
22
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
52
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
283

“ဦးပဉ္စင်းရဲ့ Facebook အကောင့်ခိုးပြီး အဖောက်ခံရတယ်လို့ ထင်တယ်။ အကောင့်ထဲကို ဝင်လို့မရဘူး။ ဒါပေမယ့် ကိုယ့်ရဲ့အကောင့်ကိုတော့ တွေ့နေရတုန်းပဲ။ ဘယ်လိုပဲဖြစ်ဖြစ်တော့ ၂၀၁၄ မှာ တင်ခဲ့သမျှစာတွေကတော့ မရှိတော့ပါဘူး” ဟု ဦးဝီရသူက ဧရာဝတီသို့ မိန့်သည်။

လူမှုကွန်ရက်များ၏ ထုံးစံအရ သုံးစွဲသူများသည် အကောင့်များ ပိတ်သိမ်းခံရပါက email များထဲသို့ အကောင့်ပိတ်ပင်ခြင်း ခံရကြောင်း အကြောင်းကြားစာများ ပေးပို့လေ့ရှိသော်လည်း Facebook ဘက်မှနေ၍ ဦးဝိရသူ၏အကောင့်မှာ ခေတ္တပိတ် ခြင်းခံထားရသည်၊ (သို့မဟုတ်) ချမှတ်ထားသော စည်းကမ်းချက်များကို ချိုးဖောက်ခြင်းကြောင့် ဖျက်သိမ်းလိုက်သည် စသည်ဖြင့် ပြန်ကြားပေးပို့ခြင်း မရှိသေးပေ။

ဦးဝီရသူကမူ ၎င်းသည် Facebook ဘက်မှ အသိပေးမှု တစုံတရာပြုလုပ်ခြင်း ရှိ၊ မရှိကို မသိကြောင်း၊ သူ့အနေဖြင့် ၎င်း၏ email ကို စစ်လေ့ရှိသူ မဟုတ်ကြောင်း ပြောဆိုသည်။

ဇွန်လကုန်ခန့်က ဦးဝီရသူသည် ၎င်း၏ လူမှုကွန်ရက် မိတ်ဆွေများနှင့် လူမှုကွန်ရက် နောက်လိုက်ပေါင်း ၃၀ဝဝဝ ကျော်ရှိသည့် Facebook အကောင့်ပေါ်တွင် မွတ်စလင် လက်ဖက်ရည်ဆိုင်ပိုင်ရှင်က မြန်မာအမျိုးသမီး တဦးကို အဓမ္မပြုကျင့်ခဲ့သည်ဟူသော သတင်းများ မျှဝေတင်ပြခဲ့သည်။

ဦးဝီရသူက အဓမ္မမှု ကျူးလွန်သည်ဆိုသည့် ညီအစ်ကို ၂ ဦးကိုဆက်သွယ်၍ ၎င်းတို့ စွပ်စွဲခံထားရသော ပြစ်မှုများအတွက် လူသိရှင်ကြား ပြောဆိုဖြေ ကြားမှုပြုလုပ်ရန် ကြိုးပမ်းခဲ့သည်ဟုလည်း ဇူလိုင်လ ၁ ရက်နေ့က ၎င်း၏ Facebook ပေါ်တွင် တင်ခဲ့သည်။

ထို့နောက် ဦးဝီရသူက တခြားသော Facebook သုံးစွဲသူတချို့ ကျယ်ကျယ်ပြန့်ပြန့် ဝေမျှခြင်းပြုလုပ်နေသော စွပ်စွဲခံရသူများ၏ အမည်၊ ဖုန်းနံပါတ်နှင့် နေရပ်လိပ်စာများ ပါဝင်သည့် စာများကိုလည်း တဆင့် ပြန်လည်ဝေမျှခြင်း ပြုလုပ်ခဲ့သေးသည်။

ထိုသို့ ဦးဝီရသူပြုလုပ်အပြီး နာရီအနည်းငယ် အကြာတွင် ထိုညီအစ်ကို ၂ ဦးနှင့် ၎င်းတို့၏ လက်ဖက်ရည်ဆိုင်ရှိ မွတ်စလင်ဖောက်သည်များ စကားများရန်ဖြစ်ခဲ့ကြ၍ ဆိုင်ကိုစောစောပိတ်သိမ်း ခဲ့ကြသည့်အပြင် ဒေါသထွက်နေသော လူအုပ်ကြီးမှာ လုံခြုံရေးချထားရာနေရာနှင့် ပဋိပက္ခဖြစ်ပွားရာနေရာ သို့ရောက်ရှိလာကြပြီး များမကြာမီ ပဋိပက္ခကြီးမှာ ဗုဒ္ဓဘာသာဝင်တို့နှင့် အစ္စလမ်ဘာသာဝင်များအကြား ဖြစ်ပွားသော ပဋိပက္ခအသွင်သို့ ကူးပြောင်းသွားခဲ့သည်။ ပဋိပက္ခဖြစ်ပွားမှုမှာ နောက်တနေ့ ညနေခင်းအထိ တိုင်ခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့သည်။

အခင်းဖြစ်ပွားလျက်ရှိသော နေရာတွင် ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ပြီး Facebook ကို ခေတ္တအသုံးပြု၍ မရဘဲ ဖြစ်သွားခဲ့သည်။

တခြားသောသူများ၏ Facebook မှာ မကြာမီအချိန်အတွင်း ပြန်လည်အသုံးပြု၍ ရသွားခဲ့သော်လည်း ဦးဝီရသူကမူ ၎င်း၏ Facebook အကောင့်သည် ယခင်ကဲ့သို့ ပြည့်ပြည့်စုံစုံ အသုံးပြု၍ မရတော့ကြောင်း ပြောဆိုခဲ့သည်။ ဦးဝီရသူမှာ Facebook အသုံးပြုသူများနှင့် မသင့်လျော်သော အကြောင်းအရာများကို ပယ်ဖျက်နိုင်ရန် သတင်းပို့သူများ၏ စောင့်ကြည့်ခြင်းကိုခံရသည်ဟု သံသယဖြစ်လျက်ရှိပြီး အကောင့်ဟက်ကာများက သူ၏အကောင့်ကို ဖောက်ထွင်းရန် အမြဲတစေ ကြိုးပမ်းလျက်ရှိသည်ဟု ပြောပြသည်။

ဦးဝိရသူသည် သူ၏ Facebook အကောင့်သို့ ဝင်ရောက်နိုင်သော်လည်း စာရေး၍ တင်မည်လုပ်ပါက အကောင့်အတွင်းမှ အလိုအလျောက် Sign Out ဖြစ်သွားကြောင်း ပြောဆိုသည်။

ထို့အပြင်၂၀၁၃ အောက်တိုဘာမှ စတင်ရေး သားမျှဝေခဲ့သော စာနှင့်ဓာတ်ပုံများမှာလည်း ဖယ်ရှားခံလိုက်ရသည်ဟု ဆိုသည်။

“ဘာလို့ Facebook ပေါ်မှာ စာတွေရေးလို့မရ တော့လဲမသိဘူး။ ပြီးတော့ လူတွေကလည်း ဘာလို့ Report လုပ်ကြသလဲဆိုတာ မသိဘူး။ အခုအကောင့် အသစ်မှာတော့ စာတွေရေးတင်လို့ ရနေပါပြီ။ ဒါပေမယ့် ကိုယ်ပိုင်ဘလော့ဂ်တခု လုပ်တော့မှာပါ။ Facebook ကိုချည်းပဲ အားကိုးနေလို့ မရတော့ဘူး” ဟု ဦးဝီရသူက မိန့်သည်။

ဦးဝီရသူက ၎င်း၏ Facebook အကောင့်အသစ်ကို “ဝီရသူ မစိုးရိမ်” ဟု မြန်မာဘာသာဖြင့် ရေးသား အမည်ပေးထားပြီး ၎င်းအကောင့်ဖြင့် စာများကို ရေးသားမျှဝေနိုင်သည်ဟု ဆိုသည်။

ဆရာတော် ဦးဝိရသူ၏ “ဝီရသူ မစိုးရိမ်” ဟူ သောအမည်ဖြင့် ပြုလုပ်ထားသော အကောင့်အသစ်သည် ယခုအခါတွင် Follower ပေါင်း ၁၀ဝဝဝ၀ ကျော်ခန့် ရှိနေပြီဟုလည်း သိရသည်။

ဦးဝီရသူကဲ့သို့ပင် တခြားသော ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များသည် ဘာသာရေးဆိုင်ရာ ပွဲများ၊ သတင်းများကို မျှဝေရန်အတွက် လူမှုကွန်ရက်များကို အသုံးပြုနေကြသော်လည်း ဦးဝီရသူ၏ Facebook ကမူ အစ္စလမ်ဘာသာဝင်များအား သက်သေအထောက်အထား မပါရှိဘဲ စွပ်စွဲပြောဆိုမှုနှင့် အမုန်းပွားစေသော လှုံ့ဆော်မှုများပြုလုပ်ခြင်းကြောင့် လူအများအကြားတွင် အသိများလာခဲ့သူဖြစ်ကြောင်း ဖော်ပြမှုများ ရှိနေသည်။

Facebook သို့ဆက်သွယ်၍ ဦးဝီရသူအကောင့်ပေါ်တွင် လုပ်ပိုင်ခွင့်များ ထိန်းချုပ်လိုက်ခြင်း ရှိ၊ မရှိ မေးမြန်း၍ မရခဲ့သော်လည်း လူမှုကွန်ရက် အသုံးပြုသူ တချို့ကမူ ဦးဝီရသူ ရေးသားမျှဝေထားသည့် အမုန်းပွားစေသော လှုံ့ဆော်မှုများကို ဖယ်ရှားရန်အတွက် ၎င်းတို့ဘက်က အဆိုပြုမှုများ ပြုလုပ်ခဲ့ကြောင်း ဧရာဝတီသို့ ပြောပြခဲ့သည်။

“ပဋိပက္ခတွေဖြစ်လာတဲ့ အချိန်ကစပြီး Facebook ပေါ်မှာ အဲဒီလို အမုန်းပွားစေမဲ့ စာမျိုးတွေ တွေ့တာနဲ့ ကျနော်ကတော့ Report တန်းတင်ပါ တယ်။ ပဋိပက္ခတွေ ထပ်မဖြစ်စေချင်လို့ပါ” ဟု ပဋိပက္ခဖြစ်ပွားရာ အဓိကနေရာတွင် နေထိုင်သူ မန္တလေးမြို့ ချမ်းအေးသာဇံရပ်မှ ကိုကျော်ကျော်မောင်က ပြောသည်။

သူ့အနေဖြင့် ဦးဝီရသူအပြင် တခြားသော အစွန်းရောက်တချို့၏ အကောင့်များကိုလည်း Report တင်ခဲ့သည်ဟု သိရသည်။

“ဒါက နိုင်ငံသားတိုင်းရဲ့ တာဝန်လို့ပဲ ပြောချင်ပါတယ်။ အမုန်းပွားစေတဲ့စာတွေ ဖြန့်နေတာကို တားဆီးပြီး အေးချမ်းတဲ့ လူ့အဖွဲ့အစည်းတခု ဖြစ်လာဖို့အတွက်ပါ” ဟု ၎င်းကဆိုသည်။

နာမည်ကြီး ဘလော့ဂါတဦးဖြစ်သည့် ကိုနေဘုန်းလတ်ကလည်း ထိုကဲ့သို့ အမုန်းဝါဒဖြန့်ချိသည့် စာများကို  Report ပြုလုပ်ခြင်းဖြင့် လူအချင်းချင်းအကြား အမုန်းပွားမှုများ ထိန်းချုပ်ခြင်းကို ထောက်ခံကြောင်းနှင့် လူမှုကွန်ရက် သုံးစွဲသူများအနေဖြင့် စာများကို ဝေမျှခြင်းမပြုလုပ်မီ သေချာစွာ စဉ်းစားသင့်ကြောင်း အကြံပြုသည်။

“Report လုပ်တာကနေ အမုန်းဝါဒ ဖြန့်တာမျိုးတွေကို တားဆီးလို့ရတယ် ဆိုပေမယ့်လည်း လုပ်တဲ့သူတွေကတော့ အကောင့်အသစ်တွေလုပ်ပြီး ထပ်တင်နေဦးမှာပဲ။ ဒါကို လူတွေက တာဝန်ယူလိုစိတ်၊ စဉ်းစားဉာဏ်ရှိရှိ လုပ်ကြရင် Facebook ပေါ်မှာလည်း အေးချမ်းနေမှာပါ” ဟု ကိုနေဘုန်းလတ်က ပြောသည်။

Your Thoughts …
Tags: Facebook
ဇာနည်မာန်

ဇာနည်မာန်

ဧရာဝတီ

Similar Picks:

စစ်ကောင်စီ၏ လူမှုကွန်ရက် MySpace MM

စစ်ကောင်စီ၏ လူမှုကွန်ရက် MySpace MM

by Joaquin Camarena
7 June 2024
3.3k

MySpace.mm ကို ဖန်တီးခြင်းသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ရန်နှင့် နိုင်ငံသားများအကြား သတင်းမျှဝေခြင်းကို ရပ်တန့်စေရန် စစ်ကောင်စီ၏ လှုပ်ရှားမှု တစိတ်တပိုင်းဖြစ်သည်။

ထရမ့် နဲ့ ပတ်သက်မိလို့ ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကြရတဲ့ ဘီလီယံနာ သူဌေးကြီး ၄ ဦး

ထရမ့် နဲ့ ပတ်သက်မိလို့ ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကြရတဲ့ ဘီလီယံနာ သူဌေးကြီး ၄ ဦး

by ဧရာဝတီ
4 May 2025
2.9k

ထရမ့် အစိုးရအဖွဲ့ရဲ့ ကုန်သွယ်စစ်ပွဲ စတင်မှုဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပြဿနာနဲ့ တိုက်ဆိုင် နေတာကြောင့် ထရမ့်ကို ထောက်ခံတဲ့ နည်းပညာ သူဌေးကြီးတွေရဲ့ ကုမ္ပဏီ တန်ဖိုးတွေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေဟာ ကျဆင်းလာခဲ့တယ်…

စစ်ကောင်စီ အင်တာနက် ထိန်းချုပ်မှုက မြန်မာလူထု လုံခြုံရေးကို ခြိမ်းခြောက်နေ

စစ်ကောင်စီ အင်တာနက် ထိန်းချုပ်မှုက မြန်မာလူထု လုံခြုံရေးကို ခြိမ်းခြောက်နေ

by Surachanee Sriyai
10 August 2024
1.8k

၂၀၂၃ ခုနှစ်က မြန်မာတွင် အင်တာနက်ပေါ်ရောက်ရှိမှု ၄၄ ရာခိုင်နှုန်းရှိပြီး လူမှုကွန်ရက်အသုံးပြုသူ ၁၅ သန်းရှိသည်။

အမေရိကန် နဲ့ အိန္ဒိယကို Meta က ပင်လယ် ရေအောက် ကေဘယ်လိုင်း ဆက်သွယ်မယ်လို့ဆို

အမေရိကန် နဲ့ အိန္ဒိယကို Meta က ပင်လယ် ရေအောက် ကေဘယ်လိုင်း ဆက်သွယ်မယ်လို့ဆို

by ဧရာဝတီ
23 February 2025
1.5k

Meta ကတော့ သူတို့ရဲ့ ကေဘယ်ကြိုးတွေကို ရေအောက် အနက် မီတာ ၇,၀၀၀ မှာ ထားမယ်လို့ ဆိုထားပြီး ကမ်းရိုးတန်း နားက ရေတိမ်ပိုင်းလို ထိခိုက်နိုင်ခြေ များတဲ့နေရာတွေမှာ…

ထရမ့် အစိုးရ မတက်ခင် Meta အချက်အလက် စစ်ဆေးခြင်း ရပ်တန့်

ထရမ့် အစိုးရ မတက်ခင် Meta အချက်အလက် စစ်ဆေးခြင်း ရပ်တန့်

by ဧရာဝတီ
11 January 2025
1.4k

လူဝင်မှု ကြီးကြပ်ရေး၊ ကျားမ ခွဲခြားမှု ကဲ့သို့သော အငြင်းပွားဖွယ် အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ကန့်သတ်မှု တွေကိုလည်း လျှော့ချလိုက်တယ်လို့ ဆိုပါတယ်။

Facebook ကုမ္ပဏီ Meta မူပိုင်ခွင့် ချိုးဖောက်မှုနဲ့ တရားစွဲခံရ

Facebook ကုမ္ပဏီ Meta မူပိုင်ခွင့် ချိုးဖောက်မှုနဲ့ တရားစွဲခံရ

by ဧရာဝတီ
5 October 2024
1.3k

စာရေးဆရာ ခရစ္စတိုဖာ ဖန်စ်ဝါ့သ်ကတော့ သူ့အနေနဲ့ နစ်နာခဲ့ရတဲ့ ငွေကြေးတွေ ရလိုမှုအပြင် Meta ရဲ့ မူပိုင်ခွင့် ချိုးဖောက် နေမှုများကိုပါ ရပ်တန့်ပေးဖို့ တရားရုံးကို တောင်းဆို ခဲ့တယ်လို့ ဆိုပါတယ်။

Next Post
ဆန်, စီးပွားရေး

ဆန်ထိပ်သီးတင်ပို့နိုင်ငံဖြစ်ဖို့ ဝေးနေဦးမည်

စိုက်ပျိုးစရိတ် ချေးငွေ, ဧရာဝတီတိုင်း , မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်

စိုက်ပျိုးစရိတ်ချေးငွေ မဆပ်နိုင်သည့် လယ်သမား ၁၅၀၀၀ ကျော်ကို အရေးယူ

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate