• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Human Rights

စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းကို တာဝန်ခံရန် လိုပြီ

by ဧရာဝတီ
10 November 2014
in Human Rights
A A
ဆင်ဆာ မရှိတော့သော်လည်း လွတ်လပ်မှု မရှိသေး

5.9k
VIEWS
Share on FacebookShare on Twitter

၂၀၀၅ မှ ၂၀၀၈ ခုနှစ်အတွင်း ကရင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် စစ်ပွဲများအတွင်း မြန်မာ အစိုးရတပ်က လူမဆန်သည့် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ် ဥပဒေကျောင်းမှ အစီရင်ခံစာ တစောင် ထုတ်ပြန်လိုက်သည်။ အဓိကတာဝန်ရှိသူများမှာ လက်ရှိ တပ်မတော်တွင် တာဝန်ထမ်းဆောင်သူများဖြစ်သည့် ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကို၊ အထူးစစ် ဆင်ရေး အဖွဲ့မှူး(ကစထ) ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ နေပြည်တော်တိုင်း စစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေးတို့ဖြစ်ကြောင်း ထုတ်ဖော်ခဲ့သည်။

အစီရင်ခံစာပါ တွေ့ရှိချက်များသည် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံးမှ ဖမ်းဝရမ်းထုတ်နိုင်ရန် လိုအပ်သော အဆင့်အတန်းရှိပြီး အထက်ဖော်ပြပါ ဗိုလ်ချုပ်များ၏ ညွှန်ကြားကွပ်ကဲမှုအောက်တွင် ဖြစ်ပွားခဲ့သော ရာဇဝတ်မှုကျူးလွန်ခဲ့ခြင်းများအတွက် အမှုဖွင့်နိုင်သော တရားဥပဒေကြောင်းအရ ခိုင်မာသည်ဟု အစီရင်ခံစာပြုစုသူများက ဆိုသည်။ အစီရင်ခံစာတွင် မြန်မာတပ်မတော်က ကရင်ရွာများအတွင်းသို့ မော်တာများဖြင့် ပစ်သွင်းခြင်း၊ ထွက်ပြေးသည့် ရွာသားများကို သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ အိုးအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဖမ်းဆီးခံရသည့် ရွာသားများကို သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့သည်ဟု ဖော်ပြထားသည်။

RelatedPosts

ကမ္ဘာက နှုတ်ဆိတ်ချိန် တရုတ်နှင့် ရုရှားက ရုပ်သေးစစ်ကောင်စီကို ကျားကန်ပေးနေ

ကမ္ဘာက နှုတ်ဆိတ်ချိန် တရုတ်နှင့် ရုရှားက ရုပ်သေးစစ်ကောင်စီကို ကျားကန်ပေးနေ

23 May 2025
393
စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ – အပိုင်း ၁ (ရုပ်/သံ)

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ – အပိုင်း ၁ (ရုပ်/သံ)

23 May 2025
22
မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

23 May 2025
3.5k

ယခုထွက်ပေါ်လာသည့် ဟားဗတ်တက္ကသိုလ် ဥပဒေကျောင်းမှ အစီရင်ခံစာသည် အမေရိကန် သမ္မတ အိုဘားမား ရှေ့အပတ် မြန်မာပြည်ခရီးစဉ်မတိုင်မီ ပေါ်ထွက်လာခြင်းဖြစ်သလို ပြည်တွင်းပြည်ပမှ အာရုံစိုက်နေခဲ့သော မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း စစ်တပ်မှ သေနတ်လု၍ ပစ်သတ်ခဲ့သည်ဟု ဆိုသော အလွတ်သတင်းထောက် ကိုပါကြီးကို သတ်ဖြတ်ခဲ့မှုနှင့်လည်း တိုက်ဆိုင်နေသည်။ ထို့အပြင် ကချင်နှင့် ရှမ်းပြည်နယ်များတွင် စစ်ရေးအရ ပြန်လည်တင်းမာလာနေရာ အစိုးရစစ်တပ်မှ ပုံစံတူ စစ်ရာဇဝတ်မှုများ ကျူးလွန်လာမည့်အရေး ဒေသခံများက စိုးရိမ်ပူပန်မှုများ မြင့်မားလာချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

အမှန်တကယ်လည်း ပြည်တွင်းစစ်ဖြစ်ပွားခဲ့ရာ ကာလတလျှောက်လုံး မြန်မာအစိုးရစစ်တပ်၏ နယ်မြေခံ တိုင်းရင်းသားလူမျိုးစုများအပေါ် ကျူးလွန်ခဲ့သော လူမဆန်မှုများမှာ စာရင်းပျောက် အင်းပျောက် ဖြစ်ခဲ့ရကာ ယခုအစီရင်ခံစာသည် အဖျားအနားမျှသာ ဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးအတွက် ရှေ့ဆက်မတိုးနိုင်ဘဲ သံသယများ မကွယ်ပျောက်သွားနိုင်သေးသည်မှာ ထိုကဲ့သို့ စစ်ရာဇဝတ်မှုများကို တာဝန်မခံခြင်းက အကြောင်းရင်းတခုဖြစ်သည်။

တိုင်းရင်းသားပြည်သူများ၏ အမြင်တွင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကို တည်ဆောက်မည်ဟု ပြောဆိုနေသူများမှာ ပြည်တွင်းစစ်ကို အကြီးအကျယ် တိုက်ခဲ့ပြီး စစ်အာဏာရှင်စနစ်တွင် ဖိနှိပ်ညှင်းပမ်းခဲ့သူများသာ ဖြစ်နေသေးသောကြောင့် ယုံကြည်ရန် မဖြစ်နိုင်သေးသည်မှာ သဘာဝကျသည်။

ထိုကြောင့် စစ်အစိုးရ လက်ထက် အမှောင်ဖုံးသောခေတ်တွင် တရားလက်လွတ်၊ ကမ္ဘာသိ လုပ်ဆောင်ခဲ့သော မတရားမှုများသည် ယနေ့ခေတ် ဒီမိုကရေစီပွင့်လင်းလာမှုတွင် ဖျောက်ဖျက်ပြီး မေ့လျော့ပစ်ရန် မဖြစ်သင့်ပါ။ မဝေးသေးသော အတိတ်မှ ယင်းလုပ်ဆောင်ခဲ့မှုများအတွက် တာဝန်ရှိနေသူများကို အနှေးနှင့်အမြန် ဖော်ထုတ်သင့်ပါသည်။ ကျူးလွန်သူများကိုလည်း တာဝန်ခံလာစေသင့်သည်။

စစ်မှန်သော အမျိုးသားပြန်လည်ရင်ကြားစေ့နိုင်ရေးသည် အမှန်တရား (Truth) နှင့် တရားမျှတမှု (Justice) မပါဝင်ဘဲ မည်သို့မျှ မတည်ဆောက်နိုင်ပေ။ မတရားခံရသူတို့၏ ဝေဒနာများကို သက်သာခွင့် ပေးမှ၊ အာဃာတများ၊ အငြိုးများနှင့် အမုန်းများ ပပျောက်သွားမှသာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ပန်းတိုင်ကို ရောက်ရှိပြီး ပြည်တွင်း ငြိမ်းချမ်းရေး အမှန်တကယ် ရရှိပေလိမ့်မည်။     ။

Your Thoughts …
Tags: Rule of Law
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.2k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

by ဧရာဝတီ
28 August 2014
18.1k

မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

by မေစစ်ပိုင်
1 February 2016
16.1k

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

by မေစစ်ပိုင်
21 January 2016
42.4k

ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

ခွန်ဆာ

ကျားထောင်ချောက်နဲ့ ခွန်ဆာ

by အောင်မြို့
4 June 2016
19.1k

၁၉၉၆ မှာတော့ အမေရိကန်တွေကို အံ့အားသင့်စေတဲ့ အကွက်ရွှေ့မှုအဖြစ် မြန်မာ န၀တ အစိုးရဆီမှာ လက်နက်အပ်ပြီး ခွန်ဆာနဲ့ သူ့ဇနီးတွေ၊ သားသမီးတွေက ရန်ကုန်မှာ အစိုးရရဲ့ အစောင့်အရှောက်နဲ့ နေလိုက်ကြပါတော့တယ်။

Next Post
တရားစီရင်ရေး, ကိုပါကြီး, လူ့အခွင့်အရေး

တရားစီရင်ရေး မဏ္ဍိုင်ကို စိန်ခေါ်နေတဲ့ ကိုပါကြီး အမှု

ထိုင်း ငါးဖမ်းလှေ, မြန်မာနိုင်ငံသား , FED

ထိုင်း ငါးဖမ်းလှေပေါ် ရောင်းစားခံရတဲ့ မြန်မာ ၆ ဦး ထွက်ပြေး လွတ်မြောက်လာ

No Result
View All Result

Recommended

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

3 days ago
2.8k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

4 days ago
2.7k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ကရင့်တော်လှန်ရေးမှသည် နွေဦးတိုင် ဦးဆောင်ပါဝင်ခဲ့သူ စောထူးထူးလေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate