အရည်အချင်းရှိပြီး အလုပ်အပေါ် စိတ်အား ထက်သန်စွာ လုပ်ကိုင်လိုသည့် ဝန်ထမ်းများကို ဧရာဝတီ မီဒီယာက ခေါ်ယူလိုပါသည်။ လျှောက်ထားသူများ အနေဖြင့် လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် မြန်မာနိုင်ငံ ရွေးကောက်ပွဲဆိုင်ရာ သတင်းများကို ရယူ တင်ပြပေးမည့် အစီအစဉ်တွင်လည်း ပါဝင် လုပ်ကိုင်ရမည် ဖြစ်သည်။ အချိန်ပြည့် ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ရမည်ဖြစ်ပြီး စာချုပ်သက်တမ်း ကာလမှာ ၂၀၁၅ နှစ်ကုန်ပိုင်းအထိ ဖြစ်သည်။ လစ်လပ် နေရာများမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) မြန်မာဘာသာပိုင်း ဆိုင်ရာ ကော်ပီအယ်ဒီတာ (၁ ဦး)
အဓိက လိုအပ်မည့် အရည်အချင်းများမှာ – မြန်မာဘာသာဖြင့် ရေးသားသော ဆောင်းပါးများ၊ သတင်းများ၊ ထုတ်ပြန် ဖော်ပြချက်များကို သင့်တင့်စွာ တည်းဖြတ်ပေးနိုင်သူ ဖြစ်ရမည်။ သတ်မှတ်ထားသော အချိန်အတွင်း ပြည့်မီအောင် ဆောင်ရွက်ပေးနိုင်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများ၏ လူမှု-နိုင်ငံရေး အခြေအနေ တိုးတက် ပြောင်းလဲမှုများကို သိရှိ နားလည်သူ ဖြစ်ရမည်။
(၂) တိုင်းနှင့် ပြည်နယ်များမှ နယ်ခံ သတင်းထောက်များ
အဓိက လိုအပ်မည့် အရည်အချင်းများမှာ – မီဒီယာ လုပ်ငန်းအတွေ့အကြုံရှိသူ ဖြစ်ရမည်။ သတင်းများကို မြန်မာဘာသာဖြင့် သတ်မှတ်ထားသော အချိန်အပိုင်းအခြားအတွင်း ပြီးစီးအောင် ရေးသားနိုင်သူ ဖြစ်ရမည်။ ကွန်ပျူတာဖြင့် မြန်မာစာ ရိုက်တတ်ရမည်။
(၃) သုတေသန မှတ်တမ်းပြုစုသူ (Researchers) – (၁ ဦး)
အဓိက လိုအပ်မည့် အရည်အချင်းများမှာ – သုတေသနကို နှံ့စပ်သေချာစွာ ပြုလုပ်နိုင်ပြီး ဧရာဝတီအတွက် လိုအပ်မည့် ရွေးကောက်ပွဲနှင့် သက်ဆိုင်သော သတင်းအချက် အလက်များကို မှတ်တမ်းပြုလုပ်ပေးနိုင်သူ ဖြစ်ရမည်။ အကြီးတန်း သုတေသန ဝန်ထမ်းအဖြစ် လျှောက်ထားသူသည် သုတေသန လုပ်ငန်းရပ်များကို ကျွမ်းကျင်ပိုင်နိုင်၍ ဥပဒေနှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များတွင် နှံ့စပ်ကာ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ဗဟုသုတများ၊ ဒီမိုကရက်တစ် သဘောတရားများ သိရှိနားလည်သူ ဖြစ်ရမည်၊ အဆိုပါ ဗဟုသုတနှင့် အချက်အလက်များကို မြန်မာဘာသာ၊ အင်္ဂလိပ် ဘာသာများဖြင့် လိုအပ်သလို အသုံးချနိုင်သူ ဖြစ်ရမည်။ သုတေသန စီမံကိန်း တခုလုံးအား ကိုင်တွယ်စီမံနိုင်မည့် အရည်အချင်းရှိသူကို ဦးစားပေး စဉ်းစားလက်ခံသွားမည်။
(၄) ဘာသာပြန် – (၂) ဦး
အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ကောင်းမွန်စွာ ပြန်ဆိုနိုင်ရမည်။ မြန်မာဘာစကား၊ အင်္ဂလိပ်ဘာသာစကား နှစ်ခုစလုံး ကျွမ်းကျင်ပိုင်နိုင်သူကို ဦးစားပေး လက်ခံသွားမည်။ ကွန်ပျူတာဖြင့် မြန်မာစာ ရိုက်တတ်ရမည်။
စိတ်ပါဝင်စား၍ လျှောက်ထားလိုသူများသည် ကိုယ်ရေးရာဇဝင်အကျဉ်း၊ မကြာသေးမီက ရိုက်ထားသော ဓာတ်ပုံ၊ သတင်း သို့မဟုတ် ဆောင်းပါးနမူနာနှင့် လုပ်ငန်းအတွေ့အကြုံများကို ပြည့်စုံစွာ ဖော်ပြ၍ အောက်ပါလိပ်စာသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်၊ အီးမေးလ်မှ တဆင့်ဖြစ်စေ လျှောက်ထားနိုင်ပါသည်။
ဧရာဝတီသတင်းဌာန (မြန်မာပိုင်း)
တိုက်အမှတ် (၁၇၀/၁၇၅)၊
အခန်းအမှတ် (၈၀၆)၊ MGW Tower
ဗိုလ်အောင်ကျော်လမ်း၊ ဗိုလ်တထောင်မြို့နယ်
ရန်ကုန်မြို့။
ဖုန်း – 01 388521, 01 389762
e-Mail – [email protected]