သတင်း

The Irrawaddy Journal နှင့် Magazine အတွက် Sales Director နှင့် Sales Manager အလိုရှိသည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

The River Media မှ အပတ်စဉ် မြန်မာဘာသာဖြင့် ထုတ်ဝေသော The Irrawaddy Journal နှင့် လစဉ် အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသော The Irrawaddy Magazine ၏ ကြော်ငြာ ရှာဖွေရေးတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါ ဝန်ထမ်းများ အလိုရှိသည်။

Sales Manager (ကျား/မ)

–     ပုံနှိပ်မီဒီယာ ကြော်ငြာရှာဖွေရေးပိုင်းတွင် လုပ်သက်အနည်းဆုံး (၂) နှစ်ရှိရမည်။
–     ကြော်ငြာရှာဖွေရေးအဖွဲ့ကို ဦးဆောင်ကြီးကြပ်နိုင်ရမည်။
–     အဖွဲ့လိုက် ကြော်ငြာရောင်းအားများ မြှင့်တင်နိုင်ရမည်။
–     အင်္ဂလိပ်စကား အရေး/အပြော ကျွမ်းကျင်ပိုင်နိုင်ရမည်။
–     ဒီဇိုင်းများ ကြီးကြပ်ပေးခြင်း၊ အပတ်စဉ်၊ လစဉ် ကြော်ငြာအရောင်းပိုင်းနှင့် ပတ်သက်သော အစီရင်ခံစာများကို Sale Director သို့ ပေးပို့နိုင်ရမည်။
လစာနှင့် အခြားခံစားခွင့်များ
လစာ USD 500-700 နှင့် ကော်မရှင် ခံစားခွင့်များ ရရှိမည်ဖြစ်သည်။

Sales Director

–     ပုံနှိပ်မီဒီယာ ကြော်ငြာရှာဖွေရေးအပိုင်းတွင် လုပ်သက်အနည်းဆုံး (၄) နှစ်ရှိရမည်။
–     ကြော်ငြာရှာဖွေရေးအတွက် နည်းစနစ်ကျနသော လုပ်ငန်းအစီအစဉ်များ ရေးဆွဲပေးခြင်း၊ အကောင်အထည် ဖော်နိုင်ခြင်းများ ရှိရမည်။
–     အင်္ဂလိပ်စကား အရေး/အပြော ကျွမ်းကျင်ပိုင်နိုင်ရမည်။
–     ကြော်ငြာရှာဖွေရေး မန်နေဂျာ၏ အပတ်စဉ်၊ လစဉ် တင်ပြသော အစီရင်ခံစာများအပေါ် ညှိနှိုင်းပြီး ကြီးကြပ်စီမံနိုင်သူ ဖြစ်ရမည်။
အထက်ပါအရည်အချင်းများနှင့် ပြည့်စုံသော အလုပ်လျှောက်လိုသူများသည် ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၃၀ ရက်ထက် နောက်မကျဘဲ [email protected] သို့ မေးလ်ပို့၍ဖြစ်စေ၊ တိုက်အမှတ် ၁၇၀/၁၇၅၊ အခန်းအမှတ် – ၈၀၆ (၈-လွှာ)၊ MGW Tower ၊ ဗိုလ်အောင်ကျော်လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်သို့ လူကိုယ်တိုင် လာရောက်၍ဖြစ်စေ လျှောက်ထားနိုင်ပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading