သတင်းတို

အမျိုးသားမြေ အသုံးချမှု မူဝါဒ မူကြမ်း NBF ကန့်ကွက်

This article has been converted from Zawgyi One to Unicode

အမျိုးသားမြေ အသုံးချမှု မူဝါဒ (မူကြမ်း) သည် တိုင်းရင်းသား ဒေသအသီးသီးရှိ မြေများကိုသိမ်းရန် ရည်ရွယ်သည့် ဥပေဒ ဖြစ်လာမည်ဟု ယူဆရသဖြင့် ထိုဥပဒေအား အတည်ပြုရန် ကန့်ကွက်ကြောင်း ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း
ပါတီ (NBF) က ကြေညာလိုက်သည်။ တိုင်းရင်းသား ဒေသများတွင် လူမျိုးုစု ဥပဒေ အသီးသီးရှိပြီး ဖြစ်သဖြင့် အောက်တိုဘာ ၁၈ ရက်က မူကြမ်းအဖြစ် ထွက်ရှိလာသော အမျိုးသားမြေ အသုံးချမှု မူဝါဒတွင် “အမျိုးသား” ဟူ၍
တနိုင်ငံလုံးနှင့် သက်ဆိုင်သည့် စကားလုံးမျိုး မသုံးစွဲသင့်ကြောင်း NBF  ယာယီဥက္ကဋ္ဌ ဒေါက်တာ ဂမ်ဂျန်ဒါးက ပြောသည်။ တိုင်းရင်းသား အရပ်ဘက် အဖွဲ့ အစည်း ၃၁ ဖွဲ့မှ ထိုမူကြမ်းကို လက်မခံနိုင်ကြောင်း နိုဝင်ဘာ ၁ ရက်နှင့်် ၂ ရက်က
ထိုင်းနိုင်ငံ၊ မဲ ဆောက်မြို့နယ်၌ အစည်းအဝေး တရပ်ပြုလုပ်ကာ သဘောထား ထုတ်ပြန်ချက်၍ ကန့်ကွက်ထားသည်။

Loading