သတင်းတို
ကိုပါကြီးအမှု လူ့အခွင့်အရေး ကော်မရှင် ဒုတိယအကြိမ် စစ်ဦးမည်
This article has been converted from Zawgyi One to Unicode
အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က မော်လမြိုင်မြို့သို့ ထပ်မံသွားရောက် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာ ၁၄ ရက်နေ့တွင် ကိုပါကြီးသေဆုံးမှု တလျှောက်လုံး လိုက်ပါကူညီ ခဲ့သည့် ကရင်ပြည်နယ် အခြေစိုက် အလွတ်သတင်းထောက် ကိုအောင်ပကို စစ်ဆေးမည် ဖြစ်သည်။ ပထမတခေါက် စစ်ဆေးရာတွင် ကျိုက်မရောစစ်တပ်မှ ဗိုလ်မှူးကြီး၊ ဒု ဗိုလ်မှူးကြီးများအပြင် ပြည်နယ်ဝန်ကြီး၊ ဒု ရဲမှူးကြီးနှင့် ဒေသခံတို့ ပါဝင်စစ်ဆေးပြီးသော်လည်း ထိုစစ်ဆေးချက်များ၊ သုံးသပ်ချက်များကို ထုတ်ပြန်ဖို့ မရှိကြောင်း လူ့အခွင့်အရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးစစ်မြိုင်က ဆိုသည်။