သတင်းတို

သမ္မတ အိုဘားမားနဲ့ လွှတ်တော် အမတ်များတွေ့မည်

This article has been converted from Zawgyi One to Unicode

အမေရိကန် သမ္မတ အိုဘားမားနဲ့ လွှတ်တော်အမတ်များ လာမယ့်နိုဝင်ဘာ ၁၄ရက်နေ့ နေပြည်တော် Parliamentary Resource Center (နန်းဝတီဟိုတယ်) ၌ တွေ့ဆုံမှာဖြစ်ပါတယ်၊ အဲဒီအတွက် လွှတ်တော် ကိုယ်စား လှယ်များအနေနဲ့ သတ်မှတ်ချိန် နေ့လည် ၁နာရီခွဲထက် နောက်မကျစေဖို့၊ နောက်ကျနေရ တွေ့ခွင့်ရဖို့ အာမခံမကြောင်း၊ဧည့်သည်တိုင်းဟာ အထူး စစ်ဆေးမှု ခံယူရမှာဖြစ် သလို တကိုယ်ရေအသုံးအဆောင် တွေ ကိုလည်း ကန့်သတ်ထားပါတယ်။ ဧည့်သည်တွေဟာ မိမိတို့ရဲ့ အသုံးအဆောင်အိတ်၊ ချွန်ထက်တဲ့အရာ၊ ထီး၊ အရည် အပါအဝင် ခမ်းမ အဝင်မှာ တားမြစ်ထားတဲ့ ပစ္စည်းတွေကို သယ်ယူဆောင်ခွင့်မရှိပါဘူး။ ဒီအပြင် ကင်မရာနဲ့ လက်ကိုင်ဖုန်း တွေကိုလည်း သယ်ဆောင်သွားခွင့်မရှိပါလို့ ဖိတ်စာမှာ ဖော်ပြထားပါတယ်။

Loading