သတင်းတို

သြစတြေးလျနိုင်ငံမှာ ကျင်းပမယ့် G-20 အစည်းအဝေးကို ဦးသိန်းစိန် တက်မည်

This article has been converted from Zawgyi One to Unicode

သြစတြေးလျနိုင်ငံ Queensland ပြည်နယ် Brisbane မြို့မှာ ကျင်းပမယ့် ကမ္ဘာ့ စီးပွားရေးအင်အားကြီး နိုင်ငံ ၂၀ ရဲ့ G-20 ထိပ်သီးအစည်းအဝေးကို အာစီယံ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားတဲ့ မြန်မာ သမ္မတ ဦးသိန်းစိန် တက်ရောက်မှာဖြစ်တယ်လို့ နိုင်ငံပိုင် သတင်းစာတွေမှာ မနေ့က ဖော်ပြပါတယ်။ ဦးသိန်းစိန်ကို သြစတြေးလျ ဝန်ကြီးချုပ် မစ္စတာ တိုနီ အာဘော့ က ဖိတ်ကြားတာလို့လည်းသိရပါတယ်။ မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိလာမယ့် အမေရိကန် သမ္မတ အိုဘားမားလည်း မြန်မာနိုင်ငံ ခရီးစဉ်အပြီးမှာ G-20 ကိုတက်ရောက်မှာဖြစ်ပါတယ်။

Loading