အာဆီယံစီးပွားရေးအကြံပေးကောင်စီမှ နှစ်စဉ်ရွေးချယ်ချီးမြှင့်သော အာဆီယံစီးပွားရေး စွမ်းဆောင်ရည်ဆု ကို မြန်မာနိုင်ငံမှ အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်သည့် BLUE OCEAN Operating Management ကုမ္ပဏီက ပထမဆုံးအကြိမ်အဖြစ် လူငယ်စွန့်ဦးတီထွင်ဆုကို ရရှိသွားသည်။ လုပ်ငန်းစီမံအုပ်ချုပ်မှု ထူးချွန်ကောင်းမွန်မှုဆု၊ ဆန်းသစ် တီထွင်မှုဆု၊ ဒေသတွင်းပျံနှံစွာ လုပ်ကိုင်နိုင်မှုဆု၊အသေးစား အလတ်စားစီးပွားရေးလုပ်ငန်များဆု၊ လူငယ်စွန့်ဦး တီထွင် လုပ်ငန်းရှင်ဆုနှင့် အမျိုးသမီး ခေါင်းဆောင်ဆု ၆ မျိုးခွဲခြားကာ ချီးမြှင့်ရာတွင် မြန်မာက အထက်ပါလူငယ် စွန့်ဦးတီ ထွင် ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ယခုနှစ်တွင် စင်္ကာပူနိုင်ငံမှ ၄ခု မြန်မာနိုင်ငံမှ ၁ခုနှင့် ဖိလစ်ပိုင်နိုင်ငံမှ ၁ခု တို့ အသီးသီးရရှိသွားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။