အာဆီယံ၏ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းကို လက်ရှိ အနေအထား အတိုင်း ထိန်းသိမ်းမြှင့်တင်သွားပါက ကမ္ဘာ့ စတုတ္တမြောက် အကြီးဆုံး စီးပွားရေး အသိုင်းအဝန်း ဖြစ်လာဖို့ ရှိဟု သမ္မတ ဦးသိန်းစိန်က မနေ့က ပြု လုပ်သည့် အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးဆွေးနွေးပွဲတွင် သမ္မတ ဦးသိန်းစိန်က ပြောဆို လိုက်သည်။ လက်ရှိ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းမှာ အမေရိကန်ဒေါ်လာ ၂.၅ ထရီလီယံ ရှိနေပြီး၊ ၂၀၁၃ ခုနှစ်တွင် ဒေသတွင်း ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၆၀၂ ဘီလီယံ အထိ တိုးလာကာ ကမ္ဘာ့ သတ္တမမြောက် စီးပွားရေး အသိုင်းအဝန်း အဖြစ် ရပ်တည်လျှက် ရှိကြောင်း ၎င်းကပြောသည်။ “စီးပွားရေး ရလာဒ်ကောင်းတွေနဲ့ လက်ရှိ အရှိန်ကို ထိန်းသိမ်း မြှင့်တင်သွားမယ်ဆိုရင် ၂၀၅၀ ခုနှစ်မှာ ကမ္ဘာ့ စတုတ္တမြောက် အကြီးဆုံး စီးပွားရေး အသိုက်အဝန်း ဖြစ်လာမှာပါ” ဟု သမ္မတ ဦးသိန်းစိန်က ပြောသည်။ အာဆီယံ နိုင်ငံများတွင် ဖွံ့ဖြိုးမှုနှုန်း နောက်ကျနေသည့် CLMV နိုင်ငံများ ဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံများ၏ စုစုပေါင်း ပြည်ပကုန်သွယ်မှုနှင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ တိုးတက်လာပြီး စုစုပေါင်း ပြည်ပ ကုန်သွယ်မှုမှာ ၂၀၁၃ ခုနှစ်၌ ၃၁၂.၄ ဘီလီယံ ရှိလာသည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။