အမေရိကန်-တရုတ် ၂ နိုင်ငံ ထိပ်တိုက်တွေ့မည့် စစ်ရေးတင်းမာမှုများ ရှောင်ရှားနိုင်ရေး ပစိဖိတ်ဒေသတွင်း အဓိက စစ်ရေး လှုပ်ရှားမှုများကို တဖက်နှင့်တဖက် အသိပေးရန် သီးသန့် ဆက်သွယ်ရေး လမ်းကြောင်းများ ထားရှိရေး သ ဘောတူခဲ့ သည်ဟု သိရသည်။
အမေရိကန် သမ္မတ အိုဘားမား၏ မြန်မာပြည် ခရီးစဉ်မစခင် တရုတ်ပြည်တွင် ၂ ရက်ကြာ နေထိုင်ဆွေးနွေးစဉ် ယခုကဲ့သို့ သဘောတူညီချက် ရရှိခြင်း ဖြစ်သည်။
အာရှ- ပစိဖိတ်ဒေသတွင်း ရေပြင်၊ ဝေဟင်တို့တွင် စစ်ရေး လှုပ်ရှားမှုများ အပါအဝင် အဓိက စစ်ရေး လေ့ကျင့်ခန်းများ လုပ်ဆောင်မည်ဆိုပါက တဖက်နှင့်တဖက် အသိပေးသွားကြရန် တရုတ်နှင့် အမေရိကန် သမ္မတတို့ သဘောတူခဲ့ခြင်း ဖြစ်သည်ဟု အိမ်ဖြူတော်က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြသည်။
တရုတ်နိုင်ငံ ပီကင်းမြို့တော်တွင် ကျင်းပသည့် အာရှ ပစ္စိဖိတ် ဒေသဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု APEC အစည်းအဝေးမှ တဆင့် အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား ကြီးမားသည့် ခေတ်သစ် ၂ နိုင်ငံ ဆက်ဆံရေးမျက်နှာ စာသစ် သမိုင်းမှတ်တိုင်လည်း ဖြစ်သည်ဟု ၂ နိုင်ငံ ခေါင်းဆောင်များက ထုတ်ဖော်ပြောဆိုကြသည်။
ထို့အပြင် အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် ကမ္ဘာ့လေထုညစ်ညမ်းစေသည့် ဖန်လုံအိမ် ဓာတ်ငွေ့ လျှော့ချရေး အစီအစဉ် သစ်များ ကို ၂ နိုင်ငံခေါင်းဆောင် များ၏ ပီကင်းမြို့တော်တွေ့ဆုံမှုတွင် ယနေ့ ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ကြေညာလိုက် သည်။
ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သဘောတူညီမှု ရရှိရေး ကမ္ဘာလုံးဆိုင်ရာ ကြိုးစားမှုတွင် ကမ္ဘာ့ ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတု ဓာတ်ငွေ့ ထုတ်မှု အမြင့်ဆုံး ထိပ်တန်း ၂ နိုင်ငံက အဓိက အခန်းကဏ္ဍမှ ပါဝင်ကူညီသွားမည်ဟု အဆိုပါ ကြေ ညာချက်က ဆိုသည်။
သမ္မတ အိုဘားမားက လာမည့် ၂၀၂၅ ခုနှစ်တွင် လေထု ညစ်ညမ်းမှု ဖြစ်စေသည့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှု ၂၆ ရာခိုင်နှုန်းနှင့်၂၈ ရာခိုင်းနှုန်း ကြားအထိ လျှော့ချမည်ဟု သဘောတူခဲ့သည်။
တရုတ်သမ္မတ ဇီကျင်ပင်းကလည်း လာမည့် ၂၀၃၀ ခုနှစ် နောက်ဆုံးထား၍ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ ထုတ် လုပ်မှု လျှော့ချဟု ပြောဆိုသည်။
ဟောင်ကောင်တွင် ဖြစ်ပွားခဲ့သော ဒီမိုကရေစီ တောင်းဆို ဆန္ဒပြပွဲများ ကိစ္စနှင့် ပတ်သက်၍ တရုတ်ဘက်က အမေရိကန် ပါဝင်ပတ်သက်သည်ဟု ပြောဆိုထားခဲ့ရာ သမ္မတ အိုဘားမားက အမေရိကန် ပါဝင်မှု မရှိသည်ကို အတိအ လင်း ပြောဆိုခဲ့ပြီး တရုတ်နိုင်ငံပိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် လွတ်လပ်၍ တရားမျှတသည့် ရွေး ကောက်ပွဲများ ကို မြင်တွေ့လိုကြောင်း ပြောဆိုသည်။
တရုတ် သမ္မတ ဇီကျင်ပင်းကမူ ဟောင်ကောင်ကျွန်း ဒီမိုကရေစီအရေး ဆန္ဒပြမှုများသည် တရားမဝင်ကြောင်း၊ အဆိုပါ ကိစ္စသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသားဖြစ်ကြောင်း ပြောဆိုသည်။
၂ နိုင်ငံ ခေါင်းဆောင်များ၏ တွေ့ဆုံမှု၌ တရုတ်ခေါင်းဆောင်ဘက်က ကမ္ဘာ့စီးပွားရေး ထိပ်တန်း ၂ နိုင်ငံအနေဖြင့် ဆက်ဆံရေး ကောင်းမွန်ရေး ခေါင်းစဉ်များကိုသာ အလေးထား ဆွေးနွေးလိုခဲ့ကြောင်း သိရသည်။
ထို့အပြင် ၂ နိုင်ငံ ကုန်သွယ်မှုတွင် အမေရိကန် ဒေါ်လာ ၁ ထရီလီယံ ကျော် ကျောထောက်နောက်ခံဖြစ်စေသည့် အီ လက်ထရွန်နစ် ပစ္စည်းများ၊ အခြား သတင်းနှင့် နည်းပညာဆိုင်ရာ သဘောတူညီမှု၊ ၁၀ နှစ်တာ ကမ္ဘာလှည့်ခရီးသွား နှင့် စီးပွားရေး ဗီဇာ ထုတ်ပေးရေး ကိစ္စများလည်း အချောသတ် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။