ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ပြဌာန်းလိုက်သည့် အမျိုးသား ပညာရေး ဥပဒေပါ အချက်များနှင့် ပတ်သက်၍ နိုင်ငံလုံးဆိုင်ရာ ကျောင်း သားထု အရေးပေါ် အစည်းအဝေးတွင် ယမန်နေ့က စတင်၍ ဆွေးနွေးရာ ကျောင်းသားများက လုံး၀ လက်မခံဘဲ ဆန့်ကျင်ကြောင်း နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေး ဖြစ်မြောက်ရေး အဖွဲ့မှ ကိုရဲရင့်ကျော်က ဧရာဝတီသို့ ပြောသည်၊အဆိုပါ အရေးပေါ် အစည်းအဝေးကို ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် နာရေး ကူညီမှု ရုံးချုပ်တွင် ၂ရက်တာ ကျင်းပခြင်းဖြစ်ပြီး၊တက်ရောက်လာသည့် ကျောင်းသားများ၏ တင်ပြချက်ဆွေးနွေးမှု ရလဒ်များ အားလုံးကို စုစည်း၍ သဘောထား ထုတ်ပြန်ချက်ကို ယနေ့ ထုတ်ပြန်မည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။