သတင်းတို
မြန်မာ့ ပင်လယ်ရေကြောင်း အလုပ်သမားများ အဖွဲ့ချုပ် ပထမ အကြိမ် ညီလာခံ ကျင်းပမည်
This article has been converted from Zawgyi One to Unicode
မြန်မာ့ပင်လယ်ရေကြောင်း အလုပ်သမားများ အဖွဲ့ချုပ် ( MMWF )၏ ပထမအကြိမ် ညီလာခံကို လာမည့် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ၊ သင်္ဘောသားများ အလုပ်အကိုင် အခွင့်အလမ်း ရှားပါး လာ ခြင်းနှင့် သင်္ဘောသားများ ကြုံတွေ့နေရသည့် အခက်အခဲများ ဖြေရှင်းပေးနိုင်ရေး၊ အဖွဲ့ချုပ်၏ အလုပ်အမှု ဆောင်များ ရွေးချယ်ခြင်း တို့ကို ဆွေးနွေးသွားမည်ကြောင်း အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေး ဦးတင်ကိုကိုသက် က ပြောသည်။ သင်္ဘောသားများ သင်္ဘောတက်ရန် ငွေကြေး ကုန်ကျမှုများခြင်းနှင့် ငွေကြေး အလိမ်ခံရခြင်း၊ လူသေဆုံးခြင်းတို့ကို ကာကွယ်မည့် ဥပဒေ ဖြစ်ပေါ်လာစေရန် အစိုးရကို တိုက်တွန်း သွားမည်ဟုလည်း သိရသည်။