ကဗျာဆရာကြီး တင်မိုး အထိမ်းအမှတ် အနေနှင့် သူ၏ ဇာတိ ဖြစ်သည့် မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာ မြို့နယ် ကန်မြဲရွာတွင် “ပန်းရည်ဘဏ်တိုက်”ဟု အမည် ပေးထားသော စာကြည့်တိုက်တခု တည်ဆောက် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။ နိုဝင် ဘာ ၉ ရက်က ကျင်းပသည့် စာကြည့်တိုက် ဖွင့်ပွဲတွင် ကဗျာဆရာကြီး ကိုလေး(အင်း၀ ဂုဏ်ရည်)၊ စာရေးဆရာ ထက်မြက်၊ ကိုလေးမြတ်၊ ညီစေမင်း၊ ဇာဂနာ တို့က ဟောပြောကြသည်ဟု ဖွင့်ပွဲတက်ရောက်ခဲ့သူ တဦးက ပြောသည်။ ယင်းစာကြည့်တိုက်တွင် ကဗျာဆရာကြီး တင်မိုး ရုပ်တု နှင့် တေးရေးဆရာ ကန်မြဲ ကိုအေးကျော် တို့၏ ရုပ်တုများလည်း ထားရှိသည်ဟု ဆိုသည်။ ကန်မြဲ ကိုအေးကျော်သည် ပန်းရည် ဘဏ်တိုက် သီချင်း၊ ရုပ်သေးပွဲသွားရအောင် သီချင်းများနှင့် နာမည်ကျော်သူ တဦး ဖြစ်ပြီး ကဗျာဆရာကြီး တင်မိုးနှင့် တရပ်တည်းနေ ရင်းနှီးသည့် သူငယ်ချင်း ဖြစ်ကြောင်း သိရသည်။ ကဗျာဆရာကြီး တင်မိုးသည် အသက် ၇၄ နှစ် အရွယ် ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်က အမေရိကန် နိုင်ငံ ကယ်လီ ဖိုးနီးယား ပြည်နယ် လော့စ် အိန်ဂျလိစ် မြို့တွင် ကွယ် လွန် သွားခဲ့သည်။ ဆရာကြီးသည် ၁၉၃၃ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်တွင် မွေးဖွားခဲ့ရာ ၂၀၁၄ ခု နိုဝင်ဘာ ၁၉ ရက်၌ အသက် ၈၁ နှစ် ပြည့်ပြီဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။